သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းသူအရေး ကန်- မက္ကဆီကို သဘောတူညီမှု နောက်ဆုံးအခြေနေ 


သမ္မတ Trump
သမ္မတ Trump

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က မက္ကဆီနိုင်ငံနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ သဘောတူညီချက် အသစ် ရရှိကြောင်း အင်္ဂါနေ့က သတင်းထောက်တွေကို ပြောပေမဲ့ မက္ကဆီကိုနိုင်ငံကတော့ ဒီ ကိစ္စကို ဘာမှ မသိဘူးလို့လည်း ပြောထားပါတယ်။ သမ္မတက အိမ်ဖြူတော် မြက်ခင်းပြင်မှာ လက်ထဲ စာရွက်တစ်ရွက်ကို ကိုင်ရင်း ဒီ ကိစ္စကို အချိန်တန်ရင် မက္ကဆီကိုဘက်က လည်း ကြေညာလိမ့်မှာ ဖြစ်ကြောင်းနဲ့ သူ့အနေနဲ့ စကားတည်ကြောင်း၊ အခု လက်ထဲက စာရွက်ဟာ သဘောတူညီချက် ဖြစ်ကြောင်း ပြောပါတယ်။

အမေရိကန် နိုင်ငံတွင်းနေထိုင်ဖို့ ခိုလှုံခွင့် လျှောက်ထားသူတွေကို လက်ခံထားရှိမယ့် ဘေးကင်းရာ တတိယ နိုင်ငံအဖြစ် မက္ကဆီကိုနိုင်ငံက သဘောတူညီသလား ဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကိုတော့ သမ္မတက ဖြေကြားခြင်း မရှိပါဘူး။

တနင်္လာနေ့ကလည်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး Marcelo Ebrard ကိုယ်တိုင်ကလည်း စာရွက်တစ်ရွက်ကို လက်ထဲမှာ ကိုင်ကာ အမေရိကန်နိုင်ငံကို ဝင်ရောက်ဖို့ မက္ကဆီနိုင်ငံ အတွင်း ဖြတ်ကျော်မယ့် သူတွေကို တားဆီးဖို့ တပ်ဖွဲ့ဝင် ၆၀၀၀ ကျော် ချထားမယ်လို့ ကြေညာခဲ့ပြီး ဒီ့ထက်ပိုပြီး သူ့မှာ ပြောစရာ မရှိဘူးလို့ ပြောပါတယ်။

လူဝင်မှု ကြီးကြပ်ရေးကိစ္စနှစ်နိုင်ငံ အငြင်းပွားနေတာကို တုံ့ပြန်တဲ့အနေနဲ့ သမ္မတ ထရမ့်က မက္ကဆီနိုင်ငံကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန် ၅ ရာခိုင်နှုန်း စည်းကြပ်မယ်လို့ ဒီ အပတ်ထဲမှာ ခြိမ်းခြောက် ပြောဆိုခဲ့တာပါ။ ဒါပေမဲ့ မက္ကဆီနိုင်ငံထဲ ဖြတ်ကျော် ဝင်ရောက်ဖို့ ကြိုးစားတဲ့ အလယ်ပိုင်း အမေရိကန်နိုင်ငံတွေ ရွှေ့ပြောင်းသူတွေကို တားဆီးမယ်လို့ မက္ကဆီကို နိုင်ငံက ကြေညာတဲ့အခါမှာတော့ သူက အခွန်ကိစ္စကို ဆက် မပြောတော့ပါဘူး။ တွီတာမှာတော့ အခွန်ဟာ စေ့စပ်ဆွေးနွေးရေးမှာ အသုံးပြုလို့ ကောင်းတဲ့ ကိရိယာ တစ်ခုလို့ ရေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG