သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

USAGM အကြီးအကဲသစ်အဖြစ် L. Brent Bozell ကို သမ္မတ Trump အဆိုပြု


ယခင်မှတ်တမ်းရုပ်ပုံ | အမေရိကန်အထက်လွှတ်တော်အမတ် Ted Cruz (ဝဲ)နဲ့အတူတွေ့ရတဲ့ Conservative သတင်းမီဒီယာ စောင့်ကြည့်ရေးအဖွဲ့ တည်ထောင်သူ L Brent Bozell III (ယာ) (စက်တင်ဘာ ၂၆၊ ၂၀၁၄)
ယခင်မှတ်တမ်းရုပ်ပုံ | အမေရိကန်အထက်လွှတ်တော်အမတ် Ted Cruz (ဝဲ)နဲ့အတူတွေ့ရတဲ့ Conservative သတင်းမီဒီယာ စောင့်ကြည့်ရေးအဖွဲ့ တည်ထောင်သူ L Brent Bozell III (ယာ) (စက်တင်ဘာ ၂၆၊ ၂၀၁၄)

VOA အမေရိကန်အသံအပါအဝင် အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ နိုင်ငံတကာသတင်းမီဒီယာ ၅ ခု ရဲ့ မိခင် အဖွဲ့အစည်းဖြစ်တဲ့ USAGM - အမေရိကန် ကမ္ဘာ့မီဒီယာဌာနကို ဦးဆောင်ဖို့ Conservative သတင်းမီဒီယာ စောင့်ကြည့်ရေးအဖွဲ့ကို တည်ထောင်ထားသူ L Brent Bozell III ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပြုလိုက်ပါတယ်။

Brent Bozell ဟာ သူတည်ထောင်ထားတဲ့ မီဒီယာသုတေသနစင်တာရဲ့ ဥက္ကဋ္ဌအဖြစ် ၃၈ နှစ်ကြာလုပ်ဆောင်လာခဲ့ပြီး၊ ကမ္ဘာလုံးဆိုင်ရာ မီဒီယာ အခင်းအကျင်းကို ပုံနှိပ်ထုတ်ဝေမှုအပိုင်း၊ ရုပ်သံထုတ်လွှင့်မှုအပိုင်း နဲ့ အင်တာနက်အွန်လိုင်းက သတင်းထုတ်ပြန်မှုအပိုင်းတွေမှာ သူ့ထက်ပိုပြီး နားလည်တတ်ကျွမ်းတဲ့သူ မရှိဘူးလို့ သမ္မတ Trump က သူ့ရဲ့ Truth ဆိုရှယ်လူမှုကွန်ယက်မှာ မနေ့ ဇန်နဝါရီ ၂၂ ရက်ညက ရေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ကမ္ဘာလုံးဆိုင်ရာ မီဒီယာဌာန USAGM (U.S Agency for Global Media) ဟာ VOA အပြင် အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အသံလွှင့်ကွန်ရက်၊ လွတ်လပ်တဲ့ဥရောပအသံ (RFE/RL) လွတ်လပ်တဲ့ အာရှအသံ နဲ့ ကျူးဘာအသံလွှင့်ဌာနတွေကို ကြိးကြပ် ကွပ်ကဲရတာဖြစ်ပါတယ်။

VOA အမေရိကန်အသံမှာတော့ မြန်မာအပါအဝင် အသံလွှင့်နေတဲ့ ဘာသာစကားပေါင်း ၄၀ ကျော်ရှိပြီး အဲဒီသတင်းတွေကို နားဆင်နေသူ စုစုပေါင်းဟာ သီတင်းပတ်တပတ်ကို ၃၂၆ သန်းလောက်ရှိတယ်လို့ ခန်းမှန်းကြပါတယ်။

USAGM အကြီးအကဲသစ်အဖြစ် L. Brent Bozell ကို သမ္မတ Trump အဆိုပြု
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG