သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေဆုံးခဲ့သည့် ကန်ကျောင်းသားအပေါ် မြောက်ကိုးရီးယား နှိပ်စက်ခဲ့မှု Trump ရှုံ့ချ


မြောက်ကိုရီးယားကနေ Otto Warmbier ကို ပြန်လည်ခေါ်ဆောင်လာခဲ့စဉ်။ ဇွန်လ ၁၃ ရက် ၂၀၁၇။

မြောက်ကိုရီးယားနိုင်ငံမှာ ကာလရှည်ကြာ ထိန်းသိမ်းခံရပြီးတဲ့နောက် အမေရိကန် ကောလိပ်ကျောင်းသား Otto Warmbier သေဆုံးသွားမှုဟာ အလွန်ဆိုးရွားတဲ့ ဖြစ်ရပ်လို့ သမ္မတ Donald Trump က ပြောကြားလိုက်ပြီး တကယ်လို့ သူသာ အမေရိကန်နိုင်ငံကို စောပြီး ပြန်ရောက်လာခဲ့ရင် အခြေအနေဟာ တမျိုးတဖုံ ပြောင်းလဲ သွားနိုင်ကြောင်း ပြောပါတယ်။

Otto အခုလို သေဆုံးသွားတာဟာ ဆိုးရွားတဲ့ ကိစ္စရပ်ဖြစ်ကြောင်း၊ ဒါမျိုး နောက်ထပ် ဘယ်တော့မှာ မဖြစ်သင့်ကြောင်း၊ ပွင့်ပွင့်လင်းလင်း ပြောရရင် သူသာ စောပြီး အိမ်ပြန်ရောက်လာခဲ့ရင် ရလဒ်ဟာ တမျိုးတဖုံ ပြောင်းလဲသွားနိုင်ကြောင်း၊ သူ့မိသားစုနဲ့ သူ စကားပြောခွင့် ရခဲ့ကြောင်း၊ သူ့မိသားစုဟာ မယုံကြည်နိုင်လောက်စရာ အတွေ့အကြုံတွေကို ဖြတ်သန်းခဲ့ရကြောင်း၊ ဒါပမေယ့် Otto ကို အစောကြီးကတည်းက အိမ်ကို ပြန်ခေါ်လာခဲ့သင့်ကြောင်း သမ္မတ Trump က အိမ်ဖြူတော်မှာ သတင်းထောက် တွေကို ပြောပါတယ်။

အသက် ၂၂ နှစ်အရွယ် Otto Warmbier ဟာ မြောက်ကိုရီးယားနိုင်ငံမှာ တနှစ်ခွဲနီးပါးလောက် ထိန်းသိမ်းခံရပြီးတဲ့နောက် Ohio ပြည်နယ်၊ Cincinnati မြို့မှာရှိတဲ့ သူ့အိမ်ကို ပြန်ရောက်ပြီး သီတင်းတပတ် မပြည့်ခင် တနင်္လာနေ့က သေဆုံးသွားခဲ့တာပါ။

Otto ဟာ သူ့ရဲ့ ခရီးစဉ်ကို ဆုံးခန်းတိုင်အောင် လျှောက်လှမ်းခဲ့သူဖြစ်ကြောင်းနဲ့ မကွယ်လွန်ခင်မှာ ငြိမ်းချမ်းစွာ ရှိနေခဲ့ကြောင်း သူ့မိဘတွေက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

သတိမေ့နေတဲ့ အကျဉ်းသား Otto Warmbier ကို မြောက်ကိုရီးယားက ပြန်လွှတ်ပေးလိုက် ပြီးတဲ့နောက် တနင်္လာနေ့မှာ ကွယ်လွန်သွားတဲ့ ဖြစ်ရပ်က မြောက်ကိုရီးယားက Kim Jong Un အစိုးရအနေနဲ့ လူ့အခွင့်အရေးတွေ ကျယ်ကျယ် ပြန့်ပြန့် ချိုးဖောက်နေမှုအပေါ် နိုင်ငံတကာ အသိုင်းဝိုင်းက ပြန်ပြီး အာရုံစိုက်စရာ ဖြစ်လာခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ဇန်န၀ါရီလတုန်းက ဟိုတယ် တခုအတွင်းမှာ ကပ်ထားတဲ့ မြောက်ကိုရီးယား အစိုးရရဲ့ ၀ါဒဖြန့် ဆိုင်းဘုတ်ကို ဖြုတ်ချဖို့ ကြိုးပမ်းမှုနဲ့ Warmbier ကို မြောက်ကိုရီးယား အစိုးရက ဖမ်းဆီးပြီး အလုက်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့တာပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၅ လစလုံး သူဟာ သတိမေ့နေခဲ့ပြီး လုံးဝ ပြန်မနိုးလာတော့ဘူးလို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG