သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump Jr. နဲ့ ရုရှားရှေ့နေတို့ တွေ့တဲ့ကိစ္စ သမ္မတ Trump ကာကွယ်ပြောဆို


အမေရိကန်သမ္မတ Donald Trump ရဲ့ သားကြီး Donald Trump Jr. နဲ့ ရုရှားအစိုးရနဲ့ဆက်နွယ်နေတဲ့ ရှေ့နေတို့ကြား အတိုက်အခံ ဒီမိုကရက်တစ်ပါတီက Hillary Clinton နဲ့ ပတ်သက်တဲ့ အချက်အလက်တွေရဖို့ ၂၀၁၆ တုန်းက တွေ့ဆုံ ဆွေးနွေးပွဲဟာ လုံးဝ တရားဝင်သလို ဒါဟာ နိုင်ငံရေးမှာ လုပ်ရိုးလုပ်စဉ်တခုလို့ သမ္မတ Trump က တနင်္ဂနွေနေ့မှာပဲ ခုခံ ပြောဆိုလိုက်ပါတယ်။

နယူးရောက် Trump Tower မှာရှိတဲ့ သမ္မတရွေးကောက်ပွဲ မဲဆွယ်အဖွဲ့ဌာနချုပ်က အဲဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး Trump ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ရုရှားရှေ့နေ Natalia Veselnitskaya နဲ့ သူ့သားတို့ တွေ့ဆုံဆွေးနွေးပွဲမတိုင်ခင် ဒီကိစ္စကို သူကြိုတင်မသိခဲ့ရကြောင်းနဲ့ ဒီတွေ့ဆုံပွဲကနေ ဘာရလဒ်ကောင်းမှလည်း မရခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒီတွေ့ဆုံပွဲဟာ ရုရှားကလေးငယ်တွေကို မွေးစားဖို့ သူ့သားက ရှေ့နေနဲ့ တွေ့ဆုံတာဖြစ်ကြောင်း သမ္မတ Trump က လွန်ခဲ့တဲ့ တနှစ်လောက်က လမ်းလွဲစေတဲ့ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပေမယ့် သူ့သားက နောက်ပိုင်းမှာ ဒီတွေ့ဆုံပွဲဟာ Trump မဲဆွယ်အဖွဲ့အတွက် အတိုက်အခံ Clinton နဲ့ပတ်သက်ပြီး ရာဇဝတ်မှုမြောက်စေတဲ့ အချက်အလက် တစုံတရာရနိုင်ဖို့ ရည်ရွယ်တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

Trump Tower မှာ ဆွေးနွေးပွဲလုပ်ဖို့ စီစဉ်တာနဲ့ပတ်သက်ပြီး သားဖြစ်သူ တရားရင်ဆိုင်ရမှာ စိုးရိမ်တဲ့အတွက် ရရှိခဲ့တဲ့ အချက်အလက်တွေဟာ လုံးဝ အတုအယောင်တွေသဖြစ်ကြောင်း အခုရက်ပိုင်းတွေအတွင်း သမ္မတ Trump က ပြောနေတာပါ။

Trump Tower မှာ ဆွေးနွေးပွဲလုပ်မယ်ဆိုတာကို မလုပ်ခင်ကတည်းက Trump ကို သူ့သားက ပြောထားပြီးသားဖြစ်ကြောင်း အထူးစုံစမ်းစစ်ဆေးရေးမှုး Robert Mueller ကို Trump ရဲ့ ကိုယ်ရေးရှေ့နေဟောင်းဖြစ်သူ Michael Cohen က ပြောဆိုဖို့ ပြင်ဆင်နေချိန်မှာပဲ Trump ရဲ့ အခုလို ငင်းဆိုချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

Robert Mueller ဟာ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ရုရှားရဲ့ ပါဝင်ပတ်သက်မှု ရှိမရှိ စုံစမ်းနေတာ ၁၅ လရှိနေပြီဖြစ်ပြီး Trump ရဲ့ သမ္မတလောင်း မဲဆွယ်အဖွဲ့နဲ့ ရုရှားတို့ကြား ဆက်နွယ်မှု ရှိမရှိ၊ စုံးစမ်းစစ်ဆေးမှုကိုပျက်အောင် သမ္မတတယောက်အနေနဲ့ Trump က တရားရေးမှာ ဝင်ရောက် စွက်ဖက်မှု ရှိမရှိ စုံစမ်းနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG