သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂါနေ့ ကန် - ပါတီတွင်းရွေးကောက်ပွဲ နောက်ဆုံးအခြေအနေ


McAllen မှာကျင်းပတဲ့ ပါတီတွင်း Super Tuesday သမ္မတလောင်းရွေးချယ်ပွဲ (မတ်လ ၅၊ ၂၀၂၄)
McAllen မှာကျင်းပတဲ့ ပါတီတွင်း Super Tuesday သမ္မတလောင်းရွေးချယ်ပွဲ (မတ်လ ၅၊ ၂၀၂၄)

ရီပတ်ဘလီကန်ပါတီရဲ့သမ္မတလောင်းအဖြစ် အမေရိကန် စံတော်ချိန် အင်္ဂါနေ့မှာကျင်းပခဲ့တဲ့ ပါတီတွင်းရွေးကောက်ပွဲမှာ ထရမ့်က လက်စသတ်နိုင်ဖို့ ဦးတည်နေပါတယ်။ နောက်ဆုံးမဲရုံက အင်္ဂါည ၇ နာရီ မြန်မာအချိန် ဗုဒ္ဓဟူးမနက် ၆ နာရီခွဲမှာ ပိတ်မှာပါ။

ဒီမိုကရက်ပါတီဘက်မှာတော့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်က သမ္မတလောင်းဖြစ်ဖို့ သေချာနေတာပါ။ အထက်လွှတ်တော် ရီပတ်ဘလီကန်အမတ်အများစုခေါင်းဆောင် မစ်ချ် မက်ကော်နယ်က ထရမ့်ကို ထောက်ခံထားပါတယ်။ သမ္မတဟောင်းထရမ့်က နောက်ဆုံးသမ္မတလောင်းရွေးချယ်မယ့် ညီလာခံအတွက် ကိုယ်စားလှယ် ၂၇၃ ရရှိနေပြီး သူ့ပြိုင်ဘက် ယခင် ကုလသမဂ္ဂ အမေရိကန်နိုင်ငံဆိုင်ရာသံအမတ်ကြီး မစ္စနစ်ကီဟေလီက ကိုယ်စားလှယ် ၄၃ ယောက် ရရှိထားပါတယ်။

ခုလို ၂ ယောက်ပြိုင်တာအဆုံးသတ်ဖို့ ထရမ့်က ကိုယ်စားလှယ် ၁,၂၁၅ ယောက် လိုအပ်ပါတယ်။ ဒါဟာ သမ္မတလောင်းဖြစ်ဖို့ စုစုပေါင်းကိုယ်စားလှယ်အရေအတွက် ရဲ့ ၅၀ ရာနှုန်း ဖြစ်ပါတယ်။ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်းရွေးပွဲ ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂,၄၂၉ ယောက်ရှိပြီးအင်္ဂါနေ့ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ၈၇၄ ယောက်ကို မစ္စတာထရမ့် နဲ့ မစ္စ နစ်ကီဟေလီတို့က ခွဲဝေရရှိကြမှာ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာ ပြည်နယ် ၁၅ ခုနဲ့ အမေရိကန်ရဲ့ အုပ်ချုပ်နယ်မြေတခုမှာ ပါတီတွင်း ရွေးကောက်ပွဲတွေလုပ်ခဲ့တာမို့ သမ္မတဟောင်းထရမ့်ဟာ ၁,၂၁၅ ယောက်ပြည့်ဖို့ ပိုမိုနီးစပ်သွားမယ်လို့ သုံးသပ်သူတွေက အမေရိကန် မီဒီယာတွေမှာ ပြောကြပါတယ်။

အင်္ဂါနေ့ ကန် - ပါတီတွင်းရွေးကောက်ပွဲ နောက်ဆုံးအခြေအနေ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG