သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံမဏိနဲ့ အလျူမီနီယံတင်သွင်းမှုတွေ ထိန်းချုပ်မယ့်အစီအစဉ် သမ္မတ ထရမ့်ကြေညာ


သံမဏိနဲ့ အလျူမီနီယံသွင်းကုန်တွေအပေါ် အခွန်တိုးမြှင့်လိုက်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်
သံမဏိနဲ့ အလျူမီနီယံသွင်းကုန်တွေအပေါ် အခွန်တိုးမြှင့်လိုက်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန်သမ္မတ Donald Trump က သံမဏိနဲ့ အလျူမီနီယံသွင်းကုန်တွေအပေါ် ၂၅ ရာခိုင်နှုန်း အခွန်တိုးကောက်မှာဖြစ်သလို ဒီသွင်းကုန်တွေနဲ့ပတ်သက်ပြီး အဓိကတင်သွင်းနေတဲ့ နိုင်ငံအချို့အပေါ် အခွန်ကင်းလွတ်ခွင့်နဲ့ ကန့်သတ်ချက် လျှော့ပေါ့ပေးထားတာတွေ ပြန်ရုပ်သိမ်းမယ်လို့ ပြောလိုက်ပါတယ်။ ဖေဖေါ်ဝါရီ ၁၀ ရက် တနင်္လာနေ့က အခွန်တိုးကောက်မယ့် သမ္မတ အမိန့် ကြေညာချက် လက်မှတ်ရေးထိုးစဥ်မှာ ဒါဟာ အမေရိကန်ပြည်ထောင်စုကို ပိုပြီး ချမ်းသာလာဖို့ ခြေလှမ်းအစဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။

အခုလို အခွန်တိုးကောက်တဲ့အစီအစဥ်ကြောင့် ပြည်တွင်း ထုတ်လုပ်သူတွေအတွက် အထောက်အကူ ဖြစ်ပြီး အမေရိကန်လုံခြုံရေးနဲ့ စီးပွားရေး ပိုပြီး ခိုင်မာ အားကောင်းလာစေတယ်လို့ ထရမ့်အစိုးရ ကုန်သွယ်ရေးဌာနကို ဦးဆောင်ဖို့ အဆိုပြုခံထားရသူ ဘီလျံနာ Howard Lutnick (ဟောင်ဝစ် လပ်နစ်ခ်) က ပြောပါတယ်။ အလုပ်အကိုင်ပေါင်း ၁၂၀,၀၀၀ လောက် တိုးလာမယ်လို့လည်း သူက ဆိုပါတယ်။

ခက်ခက်ခဲခဲရပ်တည်နေရတဲ့ သံမဏိနဲ့ အလျူမီနီယံလုပ်ငန်းတွေကို ကျားကန်ပေးတဲ့အနေနဲ့ ထရမ့်ဟာ ၂၀၁၈ ခုနှစ်တုန်းက ဒီသွင်းကုန်တွေအပေါ် ၁၀ ရာခိုင်နှုန်း အခွန်တိုးကောက်ခဲ့ပါတယ်။ ခုအခါမှာ ၂၅ ရာခိုင်နှုန်းအခွန်တိုးကောက်တာကြောင့် အမေရိကန်အတွက် ဘက်ပေါင်းစုံကနေ အကျိုးအမြတ်ထွက် လာစေတယ်လို့ ထရမ့်ကုန်သွယ်ရေး အကြံပေး Peter Navarro (ပီတာ နာဗာရို) က ပြောပါတယ်။ ခုလို အခွန်တိုးစည်းကြပ်တာဟာ အမေရိကန်တွေ နိုင်ငံခြားသွင်းကုန်အပေါ် မှီခိုအားထားနေရတာကနေ ကင်းလွတ်အောင် ဆောင်ရွက်တာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG