သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံမဏိ နဲ့ အလူမီနီယံ အပေါ် အခွန်ကေက်ခံမှု Trump လျော့ပေးမည်မဟုတ်


သမ္မတ Donald Trump

အမေရိကန်နိုင်ငံထဲ တင်သွင်းတဲ့ သံမဏိတင်သွင်းကုန်တွေအပေါ် အခွန် ၂၅ % ကောက်ခံပြီး အလူမီနီယံ ပစ္စည်းတွေအပေါ် အခွန် ၁၀% ကောက်ခံဖို့ ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စုက ပြန်ပြင်မှာ မဟုတ်ဖူးလို့ သမ္မတ Donald Trump က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ သမ္မတအိမ်ဖြူတော်မှာ မတွေ့ဆုံခင်တုန်းကတော့ သမ္မတ Trump က တကယ်လို့ မျှတမှုရှိတဲ့ NAFTA ခေါ် မြောက်အမေရိကနိုင်ငံများ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် အသစ် ထွက်ပေါ်လာမယ် ဆိုရင် မက်ဆီကိုနဲ့ ကနေဒါနိုင်ငံတွေအတွက် ဒီအခွန်ကောက်ခံမှုကနေ ကင်းလွတ်ခွင့် ပေးကောင်းပေးနိုင်တယ်လို့ ပြောကြားခဲ့တာပါ။

နှစ်ပေါင်းများစွာပဲ NAFTA က ဆိုးဆိုးဝါးဝါး ပျက်စီးစေခဲ့ကြောင်းနဲ့ ဒါကိုပြန်လည် ညှိနှိုင်းရေး မအောင်မြင်ခဲ့ရင် NAFTA ကနေထွက်မှာ ဖြစ်ကြောင်း သမ္မတ ကပြောကြားခဲ့ပါတယ်။ အမေရိကန်ပြည်သူတွေအတွက် မျှတမှုရှိတဲ့ သဘောတူညီချက်ရအောင် ညှိနှိုင်းနေတာဖြစ်ကြောင်းလည်း ပြောပါတယ်။

NAFTA ကို ပြုပြင်ပြောင်းလဲနိုင်ဖို့ နိုင်ငံ ၃ နိုင်ငံ လုပ်ဆောင်နေတာ ဖြစ်ပြီး နောက်ဆုံးအကြိမ်ဆွေးနွေးပွဲကို မက်ဆီကို စီးတီးမှာ ကျင်းပခဲ့တာပါ။

သံမဏိနဲ့ အလူမီနီယံသွင်းကုန်တွေအပေါ် ကြီးမားတဲ့ အခွန်အခ ကောက်ခံဖို့ သမ္မတ Trump ရဲ့ ဆုံးဖြတ်ချက်ကို သူ့ရဲ့ ရီပတ်ဘလစ်ကင် ပါတီက တချို့ကရော ကမ္ဘာတလွှား အမေရိကန်ရဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကပါ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတာပါ။ အကဲခတ်တွေကလည်း ဒီလို အခွန်ခ ကောက်ခံမယ် ဆိုရင် အမေရိကန်ရဲ့ မဟာမိတ် အများအပြားအတွက် ထိခိုက်နစ်နာမှုတွေ ဖြစ်လာစေမယ်လို့ သတိပေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG