သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ဝင်ခွင့်ကန့်သတ်မှု Trump အမိန့် စတင်အာဏာသက်ရောက်


အမေရိကန် နိုင်ငံတွင်း ဝင်ရောက်ခွင့် ကန့်သတ်တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမိန့်ဟာ အင်္ဂါနေ့မှာ စတင်သက်ရောက်ခဲ့ပါတယ်။ သမ္မတရဲ့ မူလ အမိန့်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီအမိန့်ကို နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးဖြစ်တဲ့ နိုင်ငံတော် တရားရုံးချုပ်က တနလာၤနေ့မှာ အတည်ပြုခဲ့ပေမယ့် အရေးကြီးတဲ့ ခြွင်းချက် တရပ်တော့ ရှိပါတယ်။ အဲဒီ ခြွင်းချက်ကတော့ သမ္မတရဲ့ အမိန့်ဟာ အယူခံတရားရုံး ၂ ရုံးရဲ့ ကြားနာမှုတွေကို ခံယူရဦးမှာ ဖြစ်ပြီး အယူခံ တရားရုံး ၂ ခုတို့က အခု သတင်းပတ် နှောင်းပိုင်းမှာ ကြားနာဖို့ စီစဉ်ထားပါတယ်။

နိုင်ငံတော် တရားရုံးချုပ်ရဲ့ တရားသူကြီး (၇)ဦးက အစိုးရရဲ့ အမိန့်ကို ထောက်ခံခဲ့ပြီး ကျန် ၂ ဦး ဖြစ်တဲ့ Ruth Bader Ginsburg နဲ့ Sonia Sotomayor တို့ကတော့ ဒီအမိန့် အပေါ် တစိတ်တပိုင်း ကန့်သတ်မှု ဆက်ရှိသင့်တယ်လို့ ယူဆကြပါတယ်။

ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး တရားရုံးက အကြောင်းပြချက် ထုတ်ပြန်ခြင်း မရှိပါဘူး။

ခရီးသွားလာမှု ကန့်သတ်တဲ့ အမိန့်ဟာ တရားရုံးတွေမှာ တနှစ်နီးပါးကြာမြင့်ခဲ့ပြီး သမ္မတထရမ့် အစိုးရက (၃) ကြိမ် ပြင်ဆင်ခဲ့ရပါတယ်။

တတိယအကြိမ်မြောက် ပြင်ဆင်ထားတဲ့ အုပ်ချုပ်ရေး အမိန့်ကို နိုင်ငံတော် တရားရုံးချုပ်က တနင်္လာနေ့မှာ ဆုံးဖြတ်ပေးခဲ့တာပါ။

အစိုးရက နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး စိတ်ချရစေဖို့ ဒီအမိန့်ကို ချမှတ်တာဖြစ်ပြီး ရွေ့ပြောင်း အခြေချသူများကို ထောက်ခံတဲ့ အဖွဲ့တွေကတော့ ဒီအမိန့်ဟာ ခွဲခြားဆက်ဆံရာ ရောက်ပြီး မွတ်ဆလင်တွေ အပေါ် ကန့်သတ်ရာ ရောက်တဲ့ အတွက်ကြောင့် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ပြည်ဝင်ခွင့်ကန့်သတ်မှု Trump အမိန့် စတင်အာဏာသက်ရောက်
please wait

No media source currently available

0:00 0:01:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG