သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီမှာ ယာဉ်မတော်တဆမှု ကူညီသူတွေ ကားတိုက်ခံရပြီး ၃ဝ ကျော်သေ


Turkey Accident
Turkey Accident

တူရကီနိုင်ငံ အရှေ့တောင်ပိုင်းမှာ ကားမတော်တဆမှုကို ကူညီကယ်ဆယ်ရေး လုပ်နေကြတဲ့ လမ်းပေါ်က လူအုပ်ထဲကို နောက်ထပ် ကားနဲ့ ဝင်တိုက်မိတဲ့အတွက်ကြောင့် အနည်းဆုံး လူ ၃၂ သေဆုံးကုန်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

တူရကီမှာ ယာဉ်မတော်တဆမှု ကူညီသူတွေ ကားတိုက်ခံရပြီး ၃ဝ ကျော်သေ

{{Zawgyi/Unicode}}
တူရကီနိုင်ငံ အရှေ့တောင်ပိုင်းမှာ ကားမတော်တဆမှုကို ကူညီကယ်ဆယ်ရေး လုပ်နေကြတဲ့ လမ်းပေါ်က လူအုပ်ထဲကို နောက်ထပ် ကားနဲ့ ဝင်တိုက်မိတဲ့အတွက်ကြောင့် အနည်းဆုံး လူ ၃၂ သေဆုံးကုန်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

"မနက် ၁၀ နာရီ ၄၅ မိနစ်လောက်မှာ ခရီးသည်တင် ဘတ်စ်ကား ကားတိုက်မှုဖြစ်ပါတယ်။ မီးသတ်တွေ၊ အရေးပေါ် ကျန်းမာရေးဝန်ထမ်းတွေနဲ့ တခြားလူတွေ ဝိုင်းပြီး ကူနေချိန်မှာပဲ နောက်ထပ် ဘတ်စ်ကားတစင်းက မီတာ ၂၀၀ လောက်ကနေ ထပ်တိုက်ခဲ့တာပါ။" လို့ Gaziantep ဒေသ အရှေ့ဖက်က အခင်းဖြစ်ရာ နေရာမှာ ရောက်နေတဲ့ အုပ်ချုပ်ရေးမှူး Davut Gul က ပြောဆိုသွားတာပါ။

ဒုတိယမြောက် ဘတ်စ်ကားဟာ လမ်းချော်ပြီး အရေးပေါ် အကူအညီပေးနေသူတွေကို တိုက်မိတာကြောင့် ကူညီနေတဲ့သူတွေရော ဒဏ်ရာရတဲ့ သူတွေကိုပါ တိုက်မိကုန်တယ်လို့လည်း ပြောပါတယ်။

တချိန်တည်းမှာပဲ သီးခြားဖြစ်စဉ်တခုအနေနဲ့ Derik ခရိုင် အရှေ့ဖက်က ယာဉ်မတော်တဆမှု ဖြစ်တဲ့နေရာမှာ ကူညီကယ်ဆယ်နေသူတွေကို ထရပ်ကားတစင်းက ဝင်တိုက်မှု ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် ၁၆ဦးသေဆုံးပြီး စိုးရိမ်ရသူ ၈ ဦးအပါအဝင်၂၉ ဦး ဒဏ်ရာရကုန်တယ်လို့ တူရကီကျန်းမာရေးဝန်ကြီး Fahrettin Koca က ပြောပါတယ်။

တူရကီမှာ ယာဉ်မတော်တဆမှု ကူညီသူတွေ ကားတိုက်ခံရပြီး ၃ဝ ကျော်သေ
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

...............................................


{{Zawgyi/Unicode}}




XS
SM
MD
LG