သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ အပါအဝင္ ၁၀ ႏုိင္ငံက သံအမတ္ႀကီးေတြ တူရကီႏွင္ထုတ္


တူရကီသမၼတ Recep Tayyip Erdogan. (ေအာက္တုိဘာ ၁၁၊ ၂၀၂၁)

(Zawgyi / Unicode)

တူရကီမွာ ဖမ္းဆီးေထာင္ခ်ခံထားရတဲ့ ပရဟိတသမား Osman Kavala ကို ျပန္လႊတ္ေပးေရး ေတာင္းဆိုခဲ့တဲ့အတြက္ အေနာက္ႏုိင္ငံေတြက သံအမတ္ႀကီး ၁၀ ဦးကို ႏိုင္ငံကေန ႏွင္ထုတ္ဖို႔ တူရကီသမၼတ Tayyip Erdogan က ေျပာလိုက္ပါတယ္။

“တူရကီ ႏိုင္ငံျခားေရးဌာနကို လာၿပီး အမိန္႔ေပးလို႔ မရပါဘူး။ တူရကီ ႏိုင္ငံျခားေရးဝန္ႀကီးကိုလည္း လိုအပ္သလို ေဆာင္ရြက္ဖို႔ ၫႊန္ၾကားထားပါတယ္။ သံအမတ္ႀကီး ၁၀ ဦးကို သံတမန္အျဖစ္ကေန ႐ုပ္သိမ္းဖို႔ အျမန္ဆုံးလုပ္ဖို႔ ေျပာထားပါတယ္။” လို႔ တူရကီသမၼတက စေနေန႔မွာ ေျပာလိုက္တာပါ။

၂၀၁၃ ခုႏွစ္ ႏိုင္ငံတဝန္း ဆႏၵျပၾကတာမွာ ေငြေၾကးပံ႔ပိုးမႈ၊ ၂၀၁၆ ခုႏွစ္က မေအာင္မျမင္ ျဖစ္ခဲ့တဲ့ အာဏာသိမ္းဖို႔ ႀကိဳးပမ္းမႈေတြမွာ ပါဝင္ပတ္သက္မႈ စြဲခ်က္ေတြနဲ႔ Kavala ကို ၂၀၁၇ ခုႏွစ္ ေႏွာင္းပိုင္းကတည္းက ေထာင္ခ်ထားတာ ျဖစ္ပါတယ္။ Kavala ကေတာ့ စြပ္စြဲခ်က္ေတြကို ျငင္းဆိုထားပါတယ္။

ကေနဒါ၊ ဒိန္းမတ္၊ ျပင္သစ္၊ ဂ်ာမနီ၊ နယ္သာလန္၊ ေနာ္ေဝ၊ ဆြီဒင္၊ ဖင္လန္၊ နယူးဇီလန္နဲ႔ အေမရိကန္ ျပည္ေထာင္စုတို႔က သံအမတ္ႀကီးေတြက ေအာက္တိုဘာလ ၁၈ ရက္ေန႔မွာ ပူးတြဲ ေၾကညာခ်က္တေစာင္ထုတ္ၿပီး Kavala ရဲ႕အမႈကို အျမန္ဆံုး အၿပီးသတ္ ေျဖရွင္းဖို႔ ေတာင္းဆိုခဲ့ၾကတာပါ။

တူရကီ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကေတာ့ ေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆိုတာဟာ တာ၀န္မဲ့တဲ့ လုပ္ရပ္အျဖစ္ သံအမတ္ႀကီးေတြကို ဆင့္ေခၚ ကန္႔ကြက္ခဲ့ပါတယ္။

ဆႏၵျပမႈေတြနဲ႔ ပတ္သက္တဲ့ စြဲခ်က္ေတြကေန ၿပီးခဲ့တဲ့ႏွစ္မွာ Kavala ကို တရားေသ လႊတ္ေပးလိုက္ၿပီး ျဖစ္ေပမယ့္လည္း ဒီႏွစ္အတြင္းမွာပဲ စီရင္ခ်က္ကို ပယ္ဖ်က္လိုက္ၿပီး အာဏာသိမ္းဖို႔ ႀကံစည္မႈနဲ႔ ဆက္စပ္တဲ့ တျခားအမႈက စြဲခ်က္ေတြနဲ႔ ေပါင္းလိုက္ပါတယ္။

Kavala ရဲ႕ အမႈဟာဆိုရင္ တူရကီသမၼတ Erdogan လက္ထက္ သေဘာထား ကြဲျပားသူေတြအေပၚ ၿဖိဳခြင္းမႈရဲ႕ သေကၤတ ျဖစ္တယ္လို႔ လူ႔အခြင့္အေရး လႈပ္ရွားမႈအဖြဲ႔ေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

အမေရိကန် အပါအဝင် ၁၀ နိုင်ငံက သံအမတ်ကြီးတွေ တူရကီနှင်ထုတ်

တူရကီမှာ ဖမ်းဆီးထောင်ချခံထားရတဲ့ ပရဟိတသမား Osman Kavala ကို ပြန်လွှတ်ပေးရေး တောင်းဆိုခဲ့တဲ့အတွက် အနောက်နိုင်ငံတွေက သံအမတ်ကြီး ၁၀ ဦးကို နိုင်ငံကနေ နှင်ထုတ်ဖို့ တူရကီသမ္မတ Tayyip Erdogan က ပြောလိုက်ပါတယ်။

“တူရကီ နိုင်ငံခြားရေးဌာနကို လာပြီး အမိန့်ပေးလို့ မရပါဘူး။ တူရကီ နိုင်ငံခြားရေး ဝန်ကြီးကိုလည်း လိုအပ်သလို ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။ သံအမတ်ကြီး ၁၀ ဦးကို သံတမန်အဖြစ်ကနေ ရုပ်သိမ်းဖို့ အမြန်ဆုံးလုပ်ဖို့ ပြောထားပါတယ်။” လို့ တူရကီသမ္မတက စနေနေ့မှာ ပြောလိုက်တာပါ။

၂၀၁၃ ခုနှစ် နိုင်ငံတဝန်း ဆန္ဒပြကြတာမှာ ငွေကြေးပံ့ပိုးမှု၊ ၂၀၁၆ ခုနှစ်က မအောင်မမြင် ဖြစ်ခဲ့တဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှုတွေမှာ ပါဝင်ပတ်သက်မှု စွဲချက်တွေနဲ့ Kavala ကို ၂၀၁၇ ခုနှစ် နှောင်းပိုင်းကတည်းက ထောင်ချထားတာ ဖြစ်ပါတယ်။ Kavala ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ နော်ဝေ၊ ဆွီဒင်၊ ဖင်လန်၊ နယူးဇီလန်နဲ့ အမေရိကန် ပြည်ထောင်စုတို့က သံအမတ်ကြီးတွေက အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပူးတွဲ ကြေညာချက်တစောင်ထုတ်ပြီး Kavala ရဲ့အမှုကို အမြန်ဆုံး အပြီးသတ် ဖြေရှင်းဖို့ တောင်းဆိုခဲ့ကြတာပါ။

တူရကီ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ကြေညာချက်ထုတ်ပြန် တောင်းဆိုတာဟာ တာဝန်မဲ့တဲ့ လုပ်ရပ်အဖြစ် သံအမတ်ကြီးတွေကို ဆင့်ခေါ် ကန့်ကွက်ခဲ့ပါတယ်။

ဆန္ဒပြမှုတွေနဲ့ ပတ်သက်တဲ့ စွဲချက်တွေကနေ ပြီးခဲ့တဲ့နှစ်မှာ Kavala ကို တရားသေ လွှတ်ပေးလိုက်ပြီး ဖြစ်ပေမယ့်လည်း ဒီနှစ်အတွင်းမှာပဲ စီရင်ချက်ကို ပယ်ဖျက်လိုက်ပြီး အာဏာသိမ်းဖို့ ကြံစည်မှုနဲ့ ဆက်စပ်တဲ့ တခြားအမှုက စွဲချက်တွေနဲ့ ပေါင်းလိုက်ပါတယ်။

Kavala ရဲ့ အမှုဟာဆိုရင် တူရကီသမ္မတ Erdogan လက်ထက် သဘောထား ကွဲပြားသူတွေအပေါ် ဖြိုခွင်းမှုရဲ့ သင်္ကေတ ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG