သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တူရကီေရာက္ အာဖဂန္ဒုကၡသည္မ်ား အေျခအေန


တူရကီေရာက္ အာဖဂန္ဒုကၡသည္အခ်ဳိ႕။ (မတ္ ၆၊ ၂၀၁၆)

(Zawgyi / Unicode)

အာရွနဲ႔ ဥေရာပၾကားမွာ တူရကီႏိုင္ငံကုိ ၾကားခံအျဖစ္ ျမင္ၾကေလ့ရွိၿပီး သန္းေပါင္းမ်ားစြာေသာ ဒုကၡသည္ေတြဟာ ဥေရာပႏိုင္ငံေတြဘက္ မကူးေျပာင္းခင္ တူရကီမွာ ခရီးတေထာက္နား ျပင္ဆင္ေလ့ရွိၾကတာပါ။ တူရကီႏုိင္ငံကုိ ေရာက္လာတဲ့ အာဖဂန္ဒုကၡသည္ေတြ ရပ္တည္ေရးအတြက္ ဘယ္လုိ ႐ုန္းကန္ေနရသလဲဆိုတာ ဗီြအိုေအသတင္းေထာက္ေတြျဖစ္တဲ့ Hilmi Hacaloglu နဲ႔ Umut Colak တုိ႔ ေပးပုိ႔တဲ့သတင္းကို ကိုဉာဏ္ဝင္းေအာင္ တင္ျပေပးထားပါတယ္။

၂၀၁၉ ခုႏွစ္တုန္းက ေရႊ႕ေျပာင္းအေျခခ်လိုသူ ၄ သိန္းခဲြေက်ာ္ တူရကီႏိုင္ငံထဲကို တရားမဝင္ ဝင္လာခဲ့တယ္လို႔ အစိုးရဌာန စာရင္းေတြမွာ ေဖာ္ျပၿပီး ဒါဟာ ၂၀၁၃ ေနာက္ပိုင္း တုိးလာတဲ့ ႀကီးမားတဲ့ ပမာဏပါ။

အဲဒီထဲက အမ်ားစုဟာ အာဖဂန္နစၥတန္ကျဖစ္ၿပီး အေထာက္အထား စာရြက္စာတမ္းမပါဘဲ ၿပီးခဲ့တဲ့ ၃ ႏွစ္အတြင္း ဝင္လာသူေတြ ျဖစ္ပါတယ္။ Bashir Nazari ဟာ သူတို႔ထဲက တေယာက္ပါ။

“အာဖဂန္မွာ ဘဝရပ္တည္ႏိုင္ဖို႔ ခက္ပါတယ္။ ဒီမွာက အနည္းဆုံးေတာ့ စားေသာက္ေရး အဆင္ေျပတယ္ေလ။ ခုထိေတာ့ တူရကီမွာေနရတာ ေပ်ာ္ပါတယ္။ အာဖဂန္မွာက ျပည္သူ႔အတြက္ အစိုးရတရပ္ မရွိပါဘူး။ အဲဒီလိုသာရွိခဲ့ရင္ က်ေနာ္တုိ႔ ခုလို ဒုကၡေရာက္မွာ မဟုတ္ပါဘူး။”

၂၀၂၀ ဒီဇင္ဘာလထိ စာရင္းအရ တူရကီႏိုင္ငံထဲ ဝင္လာတဲ့ အာဖဂန္ဒုကၡသည္ ၄၇,၀၀၀ ေလာက္ရွိပါတယ္။ အမ်ားစုဟာ တူရကီကို ေရာက္လာႏိုင္ဖို႔ အႏၱရာယ္နဲ႔ အခက္အခဲမ်ဳိးစုံကို ေက်ာ္ျဖတ္ခဲ့ရတယ္လို႔ Ramazan Resuli က ေျပာပါတယ္။

“အာဖဂန္ကေန ဒီကိုလာဖို႔ က်ေနာ္တုိ႔အတြက္ အရမ္းခက္ပါတယ္။ စာရြက္စာတမ္း မပါဘဲ အီရန္ကိုလည္း ျဖတ္ခဲ့ရပါတယ္။ ဒီကို ထြက္ေျပးလာသူ အမ်ားစုဟာ လမ္းမွာ ေငြညႇစ္တာ ခံရပါတယ္။ ခရီးဆက္ႏုိင္ဖုိ႔ဆိုရင္ ေဒၚလာ ၅၀၀-၆၀၀ ေပးခဲ့ရပါတယ္။ ကုိယ့္ရပ္တည္ေရးအတြက္ေရာ ဟုိမွာက်န္ခဲ့တဲ့ မိဘနဲ႔ မိသားစုကို ျပန္ၾကည့္ႏို္င္ဖို႔ ဒီကို အသက္စြန္႔ၿပီး လာခဲ့ရတာပါ။”

ေနာက္ဒုကၡသည္တဦးျဖစ္တဲ့ Ramazan Abdurrahim ကလည္း...

“ပါကစၥတန္နဲ႔ အီရန္ကိုျဖတ္ၿပီး က်ေနာ္ ဒီအထိ လမ္းလွ်ာက္လာခဲ့တာပါ။ အာဖဂန္မွာက စစ္ျဖစ္ေနပါတယ္။ အုပ္ထိန္းမယ့္ အစိုးရကလည္း မရွိ၊ ေငြရွာဖို႔လည္း ခက္ပါတယ္။” လို႔ ေျပာပါတယ္။

တူရကီကို ေရာက္လာျပန္ေတာ့ ေနာက္ထပ္အခက္အခဲက အလုပ္အကိုင္ ရရွိဖို႔ပါ။ တရားဝင္ စာရြက္စာတမ္းမရွိတဲ့ အာဖဂန္ဒုကၡသည္ေတြ အတြက္ေတာ့ ေဆးသုတ္တာမ်ဳိး၊ ေဆာက္လုပ္ေရးနဲ႔ ၿခံသန္႔ရွင္းေရးလို ေန႔စားအလုပ္ေလာက္သာ ရၾကပါတယ္။ လုပ္ခနည္းၿပီး ပင္ပန္းလြန္းတယ္လို႔ အမ်ားစုက ဆိုပါတယ္။ Ramazan Resuli က အခုလို ဆက္ေျပာပါတယ္။

“အာဖဂန္မွာ စစ္ပဲြပဲျဖစ္ေနေတာ့ အလုပ္လုပ္လို႔ မရႏိုင္ပါဘူး။ တူရကီမွာလည္း ေနေရးစားေရး ခက္ခဲပါတယ္။ အိမ္ငွားခ၊ ေရဖိုး မီးဖုိး ဂက္စ္ဖိုး ေပးေနရပါတယ္။ ေဆာင္းတြင္းေရာက္ရင္ အလုပ္ရွာရ ခက္ပါတယ္။ ဒီမွာက က်ေနာ္တို႔အတြက္ အလုပ္အကိုင္ အခြင့္အလမ္း နည္းလြန္းပါတယ္။”

တူရကီကို ေရာက္လာတဲ့ ေထာင္နဲ႔ခ်ီတဲ့ တရားမဝင္ ေရႊ႕ေျပာင္းဒုကၡသည္ေတြအတြက္ ေမွ်ာ္လင့္ခ်က္ကေတာ့ အလုပ္လုပ္ခြင့္ ပါမစ္နဲ႔အတူ ဒီမွာ တရားဝင္ေနထိုင္ခြင့္ရေရး ဒါမွမဟုတ္ ဥေရာပႏိုင္ငံ တခုခုမွာ အေျခခ်ႏိုင္ေရး နည္းလမ္းရွာဖို႔ပဲ ျဖစ္ပါတယ္။

တူရကီေရာက္ အာဖဂန္ဒုကၡသည္မ်ား အေျခအေန
please wait

No media source currently available

0:00 0:02:56 0:00
တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

တူရကီရောက် အာဖဂန်ဒုက္ခသည်များ အခြေအနေ

အာရှနဲ့ ဥရောပကြားမှာ တူရကီနိုင်ငံကို ကြားခံအဖြစ် မြင်ကြလေ့ရှိပြီး သန်းပေါင်းများစွာသော ဒုက္ခသည်တွေဟာ ဥရောပနိုင်ငံတွေဘက် မကူးပြောင်းခင် တူရကီမှာ ခရီးတထောက်နား ပြင်ဆင်လေ့ရှိကြတာပါ။ တူရကီနိုင်ငံကို ရောက်လာတဲ့ အာဖဂန်ဒုက္ခသည်တွေ ရပ်တည်ရေးအတွက် ဘယ်လို ရုန်းကန်နေရသလဲဆိုတာ ဗွီအိုအေသတင်းထောက်တွေဖြစ်တဲ့ Hilmi Hacaloglu နဲ့ Umut Colak တို့ ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြပေးထားပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ရွှေ့ပြောင်းအခြေချလိုသူ ၄ သိန်းခွဲကျော် တူရကီနိုင်ငံထဲကို တရားမဝင် ဝင်လာခဲ့တယ်လို့ အစိုးရဌာန စာရင်းတွေမှာ ဖော်ပြပြီး ဒါဟာ ၂၀၁၃ နောက်ပိုင်း တိုးလာတဲ့ ကြီးမားတဲ့ ပမာဏပါ။

အဲဒီထဲက အများစုဟာ အာဖဂန်နစ္စတန်ကဖြစ်ပြီး အထောက်အထား စာရွက်စာတမ်းမပါဘဲ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ဝင်လာသူတွေ ဖြစ်ပါတယ်။ Bashir Nazari ဟာ သူတို့ထဲက တယောက်ပါ။

“အာဖဂန်မှာ ဘဝရပ်တည်နိုင်ဖို့ ခက်ပါတယ်။ ဒီမှာက အနည်းဆုံးတော့ စားသောက်ရေး အဆင်ပြေတယ်လေ။ ခုထိတော့ တူရကီမှာနေရတာ ပျော်ပါတယ်။ အာဖဂန်မှာက ပြည်သူ့အတွက် အစိုးရတရပ် မရှိပါဘူး။ အဲဒီလိုသာရှိခဲ့ရင် ကျနော်တို့ ခုလို ဒုက္ခရောက်မှာ မဟုတ်ပါဘူး။”

၂၀၂၀ ဒီဇင်ဘာလထိ စာရင်းအရ တူရကီနိုင်ငံထဲ ဝင်လာတဲ့ အာဖဂန်ဒုက္ခသည် ၄၇,၀၀၀ လောက်ရှိပါတယ်။ အများစုဟာ တူရကီကို ရောက်လာနိုင်ဖို့ အန္တရာယ်နဲ့ အခက်အခဲမျိုးစုံကို ကျော်ဖြတ်ခဲ့ရတယ်လို့ Ramazan Resuli က ပြောပါတယ်။

“အာဖဂန်ကနေ ဒီကိုလာဖို့ ကျနော်တို့အတွက် အရမ်းခက်ပါတယ်။ စာရွက်စာတမ်း မပါဘဲ အီရန်ကိုလည်း ဖြတ်ခဲ့ရပါတယ်။ ဒီကို ထွက်ပြေးလာသူ အများစုဟာ လမ်းမှာ ငွေညှစ်တာ ခံရပါတယ်။ ခရီးဆက်နိုင်ဖို့ဆိုရင် ဒေါ်လာ ၅၀၀-၆၀၀ ပေးခဲ့ရပါတယ်။ ကိုယ့်ရပ်တည်ရေးအတွက်ရော ဟိုမှာကျန်ခဲ့တဲ့ မိဘနဲ့ မိသားစုကို ပြန်ကြည့်နိုင်ဖို့ ဒီကို အသက်စွန့်ပြီး လာခဲ့ရတာပါ။”

နောက်ဒုက္ခသည်တဦးဖြစ်တဲ့ Ramazan Abdurrahim ကလည်း...

“ပါကစ္စတန်နဲ့ အီရန်ကိုဖြတ်ပြီး ကျနော် ဒီအထိ လမ်းလျှာက်လာခဲ့တာပါ။ အာဖဂန်မှာက စစ်ဖြစ်နေပါတယ်။ အုပ်ထိန်းမယ့် အစိုးရကလည်း မရှိ၊ ငွေရှာဖို့လည်း ခက်ပါတယ်။” လို့ ပြောပါတယ်။

တူရကီကို ရောက်လာပြန်တော့ နောက်ထပ်အခက်အခဲက အလုပ်အကိုင် ရရှိဖို့ပါ။ တရားဝင် စာရွက်စာတမ်းမရှိတဲ့ အာဖဂန်ဒုက္ခသည်တွေ အတွက်တော့ ဆေးသုတ်တာမျိုး၊ ဆောက်လုပ်ရေးနဲ့ ခြံသန့်ရှင်းရေးလို နေ့စားအလုပ်လောက်သာ ရကြပါတယ်။ လုပ်ခနည်းပြီး ပင်ပန်းလွန်းတယ်လို့ အများစုက ဆိုပါတယ်။ Ramazan Resuli က အခုလို ဆက်ပြောပါတယ်။

“အာဖဂန်မှာ စစ်ပွဲပဲဖြစ်နေတော့ အလုပ်လုပ်လို့ မရနိုင်ပါဘူး။ တူရကီမှာလည်း နေရေးစားရေး ခက်ခဲပါတယ်။ အိမ်ငှားခ၊ ရေဖိုး မီးဖိုး ဂက်စ်ဖိုး ပေးနေရပါတယ်။ ဆောင်းတွင်းရောက်ရင် အလုပ်ရှာရ ခက်ပါတယ်။ ဒီမှာက ကျနော်တို့အတွက် အလုပ်အကိုင် အခွင့်အလမ်း နည်းလွန်းပါတယ်။”

တူရကီကို ရောက်လာတဲ့ ထောင်နဲ့ချီတဲ့ တရားမဝင် ရွှေ့ပြောင်းဒုက္ခသည်တွေအတွက် မျှော်လင့်ချက်ကတော့ အလုပ်လုပ်ခွင့် ပါမစ်နဲ့အတူ ဒီမှာ တရားဝင်နေထိုင်ခွင့်ရရေး ဒါမှမဟုတ် ဥရောပနိုင်ငံ တခုခုမှာ အခြေချနိုင်ရေး နည်းလမ်းရှာဖို့ပဲ ဖြစ်ပါတယ်။

XS
SM
MD
LG