သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္တိုက္ခိုက္မႈ လူေပါင္း ၁၅ ဦးေသဆံုး


ဗုံးေပါက္ကြဲတ့ဲေနရာကို စစ္ေဆးေနတဲ့ အာဖဂန္လုံၿခဳံေရးတပ္ဖြဲ႔ဝင္မ်ား။ (ဇန္နဝါရီ ၁၀၊ ၂၀၂၁)

(Zawgyi / Unicode)

အာဖဂန္နစၥတန္ႏိုင္ငံမွာ တနဂၤေႏြေန႔က လမ္းေဘးေထာင္ဗံုးတလံုး ေပါက္ကဲြၿပီး အၾကမ္းဖက္စစ္ေသြြးႂကြ ႏွိမ္နင္းေရး ဗံုးႀကဲမႈေတြေၾကာင့္ အစိုးရ ေျပာခြင့္ရပုဂၢိဳလ္တဦး အပါအဝင္ ၁၅ ဦး ေသဆံုးခဲ့ရပါတယ္။

ကဘူးလ္မွာ ျပည္ထဲေရးဝန္ႀကီးဌာန လက္ေအာက္က အာဖဂန္ လူထုကာကြယ္ေရးတပ္ဖြဲ႔ ေျပာခြင့္ရ Zia Wadan လိုက္ပါလာတဲ့ယာဥ္ကို ပစ္မွတ္ထားတဲ့ သံလိုက္ဗံုး ေပါက္ကြဲမႈေၾကာင့္ Wadan နဲ႔ ၂ ဦးတို႔ ေသဆံုးရသလို တဦးကေတာ့ ဒဏ္ရာရခဲ့တယ္လို႔ အစိုးရက ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

အာဖဂန္သမၼတ Ashraf Ghani က ဒီအၾကမ္းဖက္လုပ္ေဆာင္မႈကို ႐ႈတ္ခ်လိုက္ၿပီး ဒီဗံုးေဖာက္ခြဲမႈမွာ တာဝန္ရွိသူကို ရွာေဖြဖမ္းဆီးဖုိ႔ ညႊန္ၾကားခဲ့ပါတယ္။ ဒီတိုက္ခိုက္မႈကို ဘယ္သူက လုပ္ေဆာင္တယ္ဆိုတာ မသိရေသးပါဘူး။

အာဖဂန္ေဒသတြင္းမွာ အခုလို တိုက္ခိုက္မႈေတြ အဆက္မျပတ္ ျဖစ္ပြါးေနၿပီး ဒီတုိက္ခိုက္မႈေတြကို တာလီဘန္ေတြ လုပ္ေဆာင္ေနတယ္လို႔ အာဖဂန္ အာဏာပိုင္ေတြကေရာ အေမရိကန္စစ္တပ္ကပါ စြပ္စြဲခဲ့ၾကပါတယ္။

အာဖဂန္လံုၿခံဳေရးတပ္ေတြက အာဖဂန္အေနာက္ေတာင္ပိုင္း Nimruz ခ႐ုိင္မွာ တာလီဘန္ေခ်မႈန္းေရး ေလေၾကာင္းတုိက္ခိုက္မႈေတြ ညတြင္းခ်င္း လုပ္ေဆာင္ခဲ့ရာမွာေတာ့ အရပ္သား ၁၂ ဦး ေသဆံုးၿပီး အမ်ားအျပား ထိခိုက္ဒဏ္ရာရခဲ့တာပါ။

တာလီဘန္ေတြ ေျခကုပ္ယူထားတဲ့ ရပ္ကြက္ကို အာဖဂန္ေလတပ္က ပစ္မွတ္ထား တိုက္ခိုက္ခဲ့တဲ့အတြက္ သူပုန္ ၁၂ ဦး ေသဆံုးခဲဲ့ရေၾကာင္းနဲ႔ အရပ္သားေတြပါ ေသဆံုးတယ္ဆိုတဲ့ ေျပာၾကားခ်က္ေတြအတြက္ အထူးတပ္ဖြဲ႔က စံုးစမ္းစစ္ေဆးမႈေတြ လုပ္ေနတယ္လို႔ Nimruz ခ႐ုိင္ အုပ္ခ်ဳပ္ေရးမွဴးက ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

တာလီဘန္ေတြကေတာ့ အဲဒီေနရာမွာ သူတို႔ရဲ႕ တိုက္ခိုက္ေရးသမားေတြ မရွိဘူးလို႔ တုံ႔ျပန္ပါတယ္။

တနဂၤေႏြေန႔ တုိုက္ခိုက္မႈေတြ ျဖစ္ပြါးေနခ်ိန္မွာပဲ တာလီဘန္နဲ႔ အာဖဂန္အစိုးရ ကိုယ္စားလွယ္ေတြကေတာ့ ကာတာႏုိင္ငံ ဒုိဟာၿမိဳ႕မွာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ဆက္က်င္းပေနတာပါ။

အာဖဂန္တိုက္ခိုက္မႈ လူေပါင္း ၁၅ ဦးေသဆံုး
please wait

No media source currently available

0:00 0:00:52 0:00
တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

အာဖဂန်တိုက်ခိုက်မှု လူပေါင်း ၁၅ ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံမှာ တနင်္ဂနွေနေ့က လမ်းဘေးထောင်ဗုံးတလုံး ပေါက်ကွဲပြီး အကြမ်းဖက်စစ်သွေးကြွ နှိမ်နင်းရေး ဗုံးကြဲမှုတွေကြောင့် အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်တဦး အပါအဝင် ၁၅ ဦး သေဆုံးခဲ့ရပါတယ်။

ကဘူးလ်မှာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က အာဖဂန် လူထုကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရ Zia Wadan လိုက်ပါလာတဲ့ယာဉ်ကို ပစ်မှတ်ထားတဲ့ သံလိုက်ဗုံး ပေါက်ကွဲမှုကြောင့် Wadan နဲ့ ၂ ဦးတို့ သေဆုံးရသလို တဦးကတော့ ဒဏ်ရာရခဲ့တယ်လို့ အစိုးရက ကြေညာချက် ထုတ်ပြန်ပါတယ်။

အာဖဂန်သမ္မတ Ashraf Ghani က ဒီအကြမ်းဖက်လုပ်ဆောင်မှုကို ရှုတ်ချလိုက်ပြီး ဒီဗုံးဖောက်ခွဲမှုမှာ တာဝန်ရှိသူကို ရှာဖွေဖမ်းဆီးဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို ဘယ်သူက လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။

အာဖဂန်ဒေသတွင်းမှာ အခုလို တိုက်ခိုက်မှုတွေ အဆက်မပြတ် ဖြစ်ပွါးနေပြီး ဒီတိုက်ခိုက်မှုတွေကို တာလီဘန်တွေ လုပ်ဆောင်နေတယ်လို့ အာဖဂန် အာဏာပိုင်တွေကရော အမေရိကန်စစ်တပ်ကပါ စွပ်စွဲခဲ့ကြပါတယ်။

အာဖဂန်လုံခြုံရေးတပ်တွေက အာဖဂန်အနောက်တောင်ပိုင်း Nimruz ခရိုင်မှာ တာလီဘန်ချေမှုန်းရေး လေကြောင်းတိုက်ခိုက်မှုတွေ ညတွင်းချင်း လုပ်ဆောင်ခဲ့ရာမှာတော့ အရပ်သား ၁၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တာပါ။

တာလီဘန်တွေ ခြေကုပ်ယူထားတဲ့ ရပ်ကွက်ကို အာဖဂန်လေတပ်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့အတွက် သူပုန် ၁၂ ဦး သေဆုံးခဲ့ရကြောင်းနဲ့ အရပ်သားတွေပါ သေဆုံးတယ်ဆိုတဲ့ ပြောကြားချက်တွေအတွက် အထူးတပ်ဖွဲ့က စုံးစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ Nimruz ခရိုင် အုပ်ချုပ်ရေးမှူးက ကြေညာချက် ထုတ်ပြန်ပါတယ်။

တာလီဘန်တွေကတော့ အဲဒီနေရာမှာ သူတို့ရဲ့ တိုက်ခိုက်ရေးသမားတွေ မရှိဘူးလို့ တုံ့ပြန်ပါတယ်။

တနင်္ဂနွေနေ့ တိုက်ခိုက်မှုတွေ ဖြစ်ပွါးနေချိန်မှာပဲ တာလီဘန်နဲ့ အာဖဂန်အစိုးရ ကိုယ်စားလှယ်တွေကတော့ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆက်ကျင်းပနေတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG