သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္မွာ အမ်ဳိးသမီးသတင္းေထာက္နဲ႔ ယာဥ္ေမာင္းတဦး ပစ္သတ္ခံရ


(Zawgyi/Unicode)

အာဖဂန္နစၥတန္ႏိုင္ငံမွာေတ့ အမ်ိဳးသမီးသတင္းေထာက္တစ္ဦးနဲ႔ သူ႔ကားေမာင္းသူတဦး ပစ္သတ္ခံခဲ့ရပါတယ္။

ဒီသတင္းေထာက္ Malalai Maiwand အေနနဲ႔ အာဖဂန္ႏိုင္ငံ Nangathar ျပည္နယ္ ၿမိဳ.ေတာ္ Jalalabad မွာ၊ မေန႔မနက္ပိုင္းက အလုပ္ကိုသြားေနခ်ိန္ ေသနတ္သမား ၂ ဦးက ကားကိုပစ္ခဲ့ရာကေန ခုလိုေသဆံုးခဲ့ရတာပါ။

Maiwand ဟာ ၈ ႏွစ္ၾကာ မနက္ခင္းသတင္းတင္ဆက္ခဲ့တဲ့ Enikass ေရဒီယိုနဲ႔ရုပ္ျမင္သံၾကား သတင္းဌာန ညႊန္ၾကားေရးမူး Haji Zalamy က သတင္းေထာက္အေနနဲ႔ ကားေပၚမွာပဲ ေသဆံုးသြားခဲ့ၿပီး ကားေမာင္းသူကေတာ့ ေဆးရံုေရာက္ၿပီးမွ ဆံုးသြားတာလို႔ ဆိုပါတယ္။

SITE Intel Group အဖြဲ႔အဆိုအရ၊ ဒီတိုက္ခိုက္မူအတြက္ IS အစၥလာမ္မစ္ေစေသြးၾကြအဖြဲ႔နဲ႔ အခ်ိတ္အဆက္ရွိတဲ့ ေဒသခံ IS-Khorasan အဖြဲ႔က သူတို႔လက္ခ်က္ျဖစ္ေၾကာင့္ထုတ္ေျပာထားတယ္လို႔ ဆိုပါတယ္။

ဒီတိုက္ခိုက္မူအေပၚ အာဖဂန္သမၼတ Ashral Ghani နဲ႔ ၿမိဳ.ေတာ္ ကဘူးအေျခစိုက္ သံအမတ္ႀကီးေတြနဲ႔ ဥေရာပသမဂၢအဖြဲ႔ကလည္း၊ သတင္းမီဒီယာနဲ႔လူ႔အခြင့္အေရးအဖြဲ႔ေတြနဲ႔အတူ ျပင္းျပင္းထန္ထန္ ရုတ္ခ်ခဲ့ၾကပါတယ္။

ဒီသတင္းဌာန ညႊန္ၾကားေရးမူး Zalmay ကေတာ့ သူတို႔သတင္းဌာနကို ၿခိမ္းေျခာက္တာေတြေရာက္ခံေပမဲ့၊ ဘယ္သူဘယ္ဝါကိုပစ္မွတ္ထားေျပာခဲ့တာေတာ့ မရွိခဲ့ဘူးလို႔ ဆိုပါတယ္။

Zalmay ကပဲ သူ႔သတင္းဌာနအေနနဲ႔ အရင္လည္း ဗံုးေတြ ေလာင္ခ်ာေတြနဲ႔ တိုက္ခိုက္ခံခဲ့ရၿပီး၊ သူကိုယ္တိုင္လည္း ၆ လၾကာ ျပန္ေပးဆြဲခံခဲ့ရဖူးတယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

အာဖဂန်မှာ အမျိုးသမီးသတင်းထောက်နဲ့ ယာဉ်မောင်းတဦး ပစ်သတ်ခံရ

(Unicode)

အာဖဂန်နစ္စတန်နိုင်ငံမှာတေ့ အမျိုးသမီးသတင်းထောက်တစ်ဦးနဲ့ သူ့ကားမောင်းသူတဦး ပစ်သတ်ခံခဲ့ရပါတယ်။

ဒီသတင်းထောက် Malalai Maiwand အနေနဲ့ အာဖဂန်နိုင်ငံ Nangathar ပြည်နယ် မြို.တော် Jalalabad မှာ၊ မနေ့မနက်ပိုင်းက အလုပ်ကိုသွားနေချိန် သေနတ်သမား ၂ ဦးက ကားကိုပစ်ခဲ့ရာကနေ ခုလိုသေဆုံးခဲ့ရတာပါ။

Maiwand ဟာ ၈ နှစ်ကြာ မနက်ခင်းသတင်းတင်ဆက်ခဲ့တဲ့ Enikass ရေဒီယိုနဲ့ရုပ်မြင်သံကြား သတင်းဌာန ညွှန်ကြားရေးမူး Haji Zalamy က သတင်းထောက်အနေနဲ့ ကားပေါ်မှာပဲ သေဆုံးသွားခဲ့ပြီး ကားမောင်းသူကတော့ ဆေးရုံရောက်ပြီးမှ ဆုံးသွားတာလို့ ဆိုပါတယ်။

SITE Intel Group အဖွဲ့အဆိုအရ၊ ဒီတိုက်ခိုက်မူအတွက် IS အစ္စလာမ်မစ်စေသွေးကြွအဖွဲ့နဲ့ အချိတ်အဆက်ရှိတဲ့ ဒေသခံ IS-Khorasan အဖွဲ့က သူတို့လက်ချက်ဖြစ်ကြောင့်ထုတ်ပြောထားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မူအပေါ် အာဖဂန်သမ္မတ Ashral Ghani နဲ့ မြို.တော် ကဘူးအခြေစိုက် သံအမတ်ကြီးတွေနဲ့ ဥရောပသမဂ္ဂအဖွဲ့ကလည်း၊ သတင်းမီဒီယာနဲ့လူ့အခွင့်အရေးအဖွဲ့တွေနဲ့အတူ ပြင်းပြင်းထန်ထန် ရုတ်ချခဲ့ကြပါတယ်။

ဒီသတင်းဌာန ညွှန်ကြားရေးမူး Zalmay ကတော့ သူတို့သတင်းဌာနကို ခြိမ်းခြောက်တာတွေရောက်ခံပေမဲ့၊ ဘယ်သူဘယ်ဝါကိုပစ်မှတ်ထားပြောခဲ့တာတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

Zalmay ကပဲ သူ့သတင်းဌာနအနေနဲ့ အရင်လည်း ဗုံးတွေ လောင်ချာတွေနဲ့ တိုက်ခိုက်ခံခဲ့ရပြီး၊ သူကိုယ်တိုင်လည်း ၆ လကြာ ပြန်ပေးဆွဲခံခဲ့ရဖူးတယ်လို့ ဆိုပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG