သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဖဂန္ အမ်ိဳးသမီးတရားသူႀကီး ၂ ဦး ႐ုံးတက္ခ်ိန္ လုပ္ႀကံခံရျခင္း


လုပ္ႀကံခံရတဲ့ အာဖဂန္ အမ်ဳိးသမီးတရားသူႀကီးတဦးရဲ႕ ဈာပနအခမ္းအနား။ (ဇန္နဝါရီ ၁၇၊ ၂၀၂၁)

(Zawgyi / Unicode)

အာဖဂန္နစၥတန္ႏိုင္ငံ ၿမိဳ႕ေတာ္ ကဘူးလ္မွာ အမ်ိဳးသမီး တရားသူႀကီး ၂ ဦး ေသနတ္နဲ႔ ပစ္သတ္ခံခဲ့ရတယ္လို႔ အာဖဂန္အရာရွိေတြက တနဂၤေႏြေန႔က ေျပာၾကားခဲ့ပါတယ္။ သူတို႔ ၂ ဦးလုံးဟာ အာဖဂန္နစၥတန္ႏုိင္ငံ တရား႐ုံးခ်ဳပ္က တရားသူႀကီးေတြျဖစ္ၿပီး မၾကာေသးခင္လေတြအတြင္း ပစ္မွတ္ထား လုပ္ႀကံသတ္ျဖတ္ခံရသူေတြထဲ ေနာက္ဆုံးအသတ္ခံရသူေတြ ျဖစ္ပါတယ္။

အမ်ိဳးသမီး တရားသူႀကီးေတြဟာ နံနက္ပိုင္း အလုပ္ကိုအလာ လမ္းမွာ အမည္မသိ တိုက္ခိုက္သူေတြက သူတို႔စီးလာတဲ့ ေမာ္ေတာ္ယာဥ္ကို ေသနတ္ေတြနဲ႔ ပစ္ခတ္ခဲ့ၾကတယ္လို႔ တရား႐ုံး ေျပာခြင့္ရပုဂၢိဳလ္က ေျပာပါတယ္။

ဒါ့အျပင္ တတိယအမ်ိဳးသမီးတရားသူႀကီးနဲ႔ ယာဥ္ေမာင္းျဖစ္သူလည္း ေသနတ္ဒဏ္ရာေတြ ရရွိခဲ့ၿပီး စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနေၾကာင္း ၿမိဳ႕ေတာ္ရဲတပ္ဖြဲ႔က အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

အခုလို လုပ္ႀကံသတ္ျဖတ္မႈနဲ႔ ပတ္သက္လို႔ တာဝန္ရွိေၾကာင္း ဘယ္အဖြဲ႔အစည္းကမွ ထုတ္ေဖာ္ေျပာဆိုျခင္း မရွိေသးပါဘူး။

တာလီဘန္လက္နက္ကိုင္အဖြဲ႔ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ တဦးကေတာ့ ဒီသတ္ျဖတ္မႈမွာ သူတို႔ပါဝင္ပတ္သက္မႈ မရွိဘူးလို႔ ျငင္းဆိုထားပါတယ္။

လက္ရွိ အာဖဂန္နစၥတန္ႏိုင္ငံမွာ အမ်ိဳးသမီးတရားသူႀကီး ၂၅၀ ေလာက္ရွိၿပီး အစိုးရေရွ႕ေနအျဖစ္ ထမ္းေဆာင္ေနတဲ့ အမ်ိဳးသမီးအေရအတြက္ ၄၀၀ နီးပါးေလာက္ရွိတယ္လို႔ အာဖဂန္အရာရွိေတြက ေျပာပါတယ္။

တနဂၤေႏြေန႔က အၾကမ္းဖက္တိုက္ခိုက္မႈဟာ ၿမိဳ႕ေတာ္ ကဘူးလ္နဲ႔ တဝိုက္က အစိုးရအရာရွိေတြ၊ ႏိုင္ငံေရးသမားေတြ၊ အစိုးရေရွ႕ေနေတြ၊ ဆရာဝန္ေတြ၊ သတင္းေထာက္ေတြနဲ႔ အရပ္ဘက္အဖြဲ႔အစည္း တက္ႂကြလႈပ္ရွားသူေတြကို ပစ္မွတ္ထားၿပီး အမည္မေဖာ္တဲ့ လုပ္ႀကံသတ္ျဖတ္မႈေတြထဲက ေနာက္ဆုံးတိုက္ခိုက္မႈ ျဖစ္ပါတယ္။

အခုလို အမ်ဳိးသမီးတရားသူႀကီးေတြကို လုပ္ႀကံသတ္ျဖတ္တဲ့ လုပ္ရပ္ကို အာဖဂန္သမၼတ Ashraf Ghani က ျပစ္တင္႐ႈတ္ခ်ခဲ့ၿပီး ပစ္မွတ္ထား တိုက္ခိုက္မႈေတြရဲ႕ ေနာက္ကြယ္မွာ တာလီဘန္ေတြ ရွိေနတယ္လို႔လည္း သမၼတက ထပ္မံ စြပ္စဲြေျပာၾကားခဲ့ပါတယ္။

တာလီဘန္သူပုန္ေတြအေနနဲ႔ အပစ္အခတ္ရပ္စဲေရး ေၾကညာဖို႔ သမၼတက ထပ္မံေတာင္းဆိုလိုက္ခ်ိန္မွာပဲ အၾကမ္းဖက္မႈနဲ႔ အၾကမ္းဖက္ဝါဒဟာ ျပႆနာေတြကို ေျဖရွင္းတဲ့နည္းလမ္း မဟုတ္ဘူးလို႔လည္း သူက အေလးအနက္ ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

အာဖဂန် အမျိုးသမီးတရားသူကြီး ၂ ဦး ရုံးတက်ချိန် လုပ်ကြံခံရခြင်း

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မှာ အမျိုးသမီး တရားသူကြီး ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ အာဖဂန်အရာရှိတွေက တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။ သူတို့ ၂ ဦးလုံးဟာ အာဖဂန်နစ္စတန်နိုင်ငံ တရားရုံးချုပ်က တရားသူကြီးတွေဖြစ်ပြီး မကြာသေးခင်လတွေအတွင်း ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်ခံရသူတွေထဲ နောက်ဆုံးအသတ်ခံရသူတွေ ဖြစ်ပါတယ်။

အမျိုးသမီး တရားသူကြီးတွေဟာ နံနက်ပိုင်း အလုပ်ကိုအလာ လမ်းမှာ အမည်မသိ တိုက်ခိုက်သူတွေက သူတို့စီးလာတဲ့ မော်တော်ယာဉ်ကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ တရားရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

ဒါ့အပြင် တတိယအမျိုးသမီးတရားသူကြီးနဲ့ ယာဉ်မောင်းဖြစ်သူလည်း သေနတ်ဒဏ်ရာတွေ ရရှိခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း မြို့တော်ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားခဲ့ပါတယ်။

အခုလို လုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ တာဝန်ရှိကြောင်း ဘယ်အဖွဲ့အစည်းကမှ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

တာလီဘန်လက်နက်ကိုင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးကတော့ ဒီသတ်ဖြတ်မှုမှာ သူတို့ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

လက်ရှိ အာဖဂန်နစ္စတန်နိုင်ငံမှာ အမျိုးသမီးတရားသူကြီး ၂၅၀ လောက်ရှိပြီး အစိုးရရှေ့နေအဖြစ် ထမ်းဆောင်နေတဲ့ အမျိုးသမီးအရေအတွက် ၄၀၀ နီးပါးလောက်ရှိတယ်လို့ အာဖဂန်အရာရှိတွေက ပြောပါတယ်။

တနင်္ဂနွေနေ့က အကြမ်းဖက်တိုက်ခိုက်မှုဟာ မြို့တော် ကဘူးလ်နဲ့ တဝိုက်က အစိုးရအရာရှိတွေ၊ နိုင်ငံရေးသမားတွေ၊ အစိုးရရှေ့နေတွေ၊ ဆရာဝန်တွေ၊ သတင်းထောက်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူတွေကို ပစ်မှတ်ထားပြီး အမည်မဖော်တဲ့ လုပ်ကြံသတ်ဖြတ်မှုတွေထဲက နောက်ဆုံးတိုက်ခိုက်မှု ဖြစ်ပါတယ်။

အခုလို အမျိုးသမီးတရားသူကြီးတွေကို လုပ်ကြံသတ်ဖြတ်တဲ့ လုပ်ရပ်ကို အာဖဂန်သမ္မတ Ashraf Ghani က ပြစ်တင်ရှုတ်ချခဲ့ပြီး ပစ်မှတ်ထား တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ တာလီဘန်တွေ ရှိနေတယ်လို့လည်း သမ္မတက ထပ်မံ စွပ်စွဲပြောကြားခဲ့ပါတယ်။

တာလီဘန်သူပုန်တွေအနေနဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာဖို့ သမ္မတက ထပ်မံတောင်းဆိုလိုက်ချိန်မှာပဲ အကြမ်းဖက်မှုနဲ့ အကြမ်းဖက်ဝါဒဟာ ပြဿနာတွေကို ဖြေရှင်းတဲ့နည်းလမ်း မဟုတ်ဘူးလို့လည်း သူက အလေးအနက် ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG