သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္ဝမ္နဲ႔ တူရကီမွာ Omicron ကိုဗစ္ပိုး ကူးစက္မႈေတြ႔ရွိ


တူရကီႏုိင္ငံက ေဆး႐ုံတခုမွာ ကုိဗစ္လူနာကို ျပဳစုကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ႏိုဝင္ဘာ ၂၅၊ ၂၀၂၁)

(Zawgyi / Unicode)

Omicron ကိုဗစ္ပိုးသစ္ ကူးစက္တဲ့ႏိုင္ငံေတြ ထပ္တိုးလာေနခ်ိန္မွာပဲ ေရာဂါပိုးသစ္ကို ကာကြယ္ႏိုင္မယ့္ နည္းလမ္းသစ္ေတြနဲ႔ ပတ္သက္လို႔ သုေတသန ေလ့လာခ်က္ေတြလည္း ထြက္ေပၚလာေနပါတယ္။

စေနေန႔မွာပဲ ျပည္ပကေရာက္လာသူ ၃ ေယာက္မွာ Omicron ပိုး ကူးစက္မႈ ေတြ႔ရွိခဲ့ေၾကာင္း ထိုင္ဝမ္ကၽြန္း တာဝန္ရွိသူေတြ အတည္ျပဳခဲ့တာပါ။ အေမရိကန္၊ ၿဗိတိန္နဲ႔ အာဖရိကတိုက္ ေတာင္ပိုင္းႏိုင္ငံတခုျဖစ္တဲ့ Eswatini က ေရာက္လာသူ ၃ ဦးမွာ ေရာဂါပိုး ေတြ႔ရွိခဲ့တာျဖစ္ေၾကာင္း ထိုင္ဝမ္ ကူးစက္ေရာဂါ ဗဟိုဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ထိုင္ဝမ္ကို ျပည္ပကလာသူေတြ အားလုံးကို ကိုဗစ္ေရာဂါပိုး ရွိမရွိ စစ္ေဆးရာက ေရာဂါပိုးသစ္ ကူးစက္မႈကို ေတြ႔ရွိခဲ့တာျဖစ္ၿပီး သီတင္း ၂ ပတ္ၾကာ သီးသန္႔ခဲြ ေနထိုင္ၾကရမွာပါ။

တူရကီႏိုင္ငံမွာလည္း Omicron ကိုဗစ္ပိုး ကူးစက္ခံရသူ ၆ ဦးကို က်န္းမာေရးဝန္ႀကီးဌာနက စေနေန႔မွာ အတည္ျပဳလိုက္ပါတယ္။ တူရကီႏုိင္ငံက လူဦးေရ အမ်ားဆုံးျဖစ္တဲ့ Istanbul ၿမိဳ႕မွာ ၁ ဦး၊ ႏိုင္ငံအေနာက္ပိုင္းက Izmir ၿမိဳ႕မွာ ၅ ဦး၊ စုစုေပါင္း ၆ ဦး Omicron ကူးစက္ခံထားရေၾကာင္းနဲ႔ ကူးစက္ခံရသူေတြဟာ ေဆး႐ုံတင္ ကုသရေလာက္ေအာင္ ေရာဂါျပင္းထန္မႈ မရွိေၾကာင္းလည္း ႏုိင္ငံပိုင္ Anadolu သတင္းက ေဖာ္ျပခဲ့တာပါ။

Pfizer/BioNTech ကုမၸဏီေတြက ပူးတဲြထုတ္လုပ္ထားတဲ့ ကိုဗစ္ေရာဂါ ကာကြယ္ေဆး ၃ လုံး ထိုးၿပီးသူေတြဟာ Omicron ကိုဗစ္ပိုးကို ကာကြယ္ႏိုင္စြမ္းရွိတာ ေတြ႔ရေၾကာင္း အစၥေရးလ္ႏုိင္ငံက သုေတသီေတြက စေနေန႔မွာပဲ ေျပာလိုက္ပါတယ္။

လြန္ခဲ့တဲ့ ၅ လ ၆ လေလာက္က ေဆး ၂ လုံး ထိုးထားၿပီးသူေတြနဲ႔ လြန္ခဲ့တဲ့ ၁ လေလာက္ကမွ အားျဖည့္ေဆး ေနာက္တလုံး ထပ္ထိုးထားသူေတြရဲ႕ ေသြးနမူနာ ၂၀ ေလာက္ကို ယွဥ္ၿပီး ေလ့လာခဲ့ရာမွာ အားျဖည့္ေဆး အပါအဝင္ ၃ လုံးစလုံး ထိုးထားတဲ့သူေတြဟာ ေရာဂါပိုးသစ္ကို ခုခံႏိုင္စြမ္း ပိုမ်ားတာ ေတြ႔ရေၾကာင္း Sheba ေဆးဘက္ဆိုင္ရာဌာနနဲ႔ အစၥေရးလ္ က်န္းမာေရးဝန္ႀကီးဌာန ဗိုင္းရပ္စ္ေရာဂါ ဓာတ္ခဲြသုေတသနဌာနတို႔ရဲ႕ ပူးတဲြေလ့လာခ်က္က ေဖာ္ျပခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ထိုင်ဝမ်နဲ့ တူရကီမှာ Omicron ကိုဗစ်ပိုး ကူးစက်မှုတွေ့ရှိ

Omicron ကိုဗစ်ပိုးသစ် ကူးစက်တဲ့နိုင်ငံတွေ ထပ်တိုးလာနေချိန်မှာပဲ ရောဂါပိုးသစ်ကို ကာကွယ်နိုင်မယ့် နည်းလမ်းသစ်တွေနဲ့ ပတ်သက်လို့ သုတေသန လေ့လာချက်တွေလည်း ထွက်ပေါ်လာနေပါတယ်။

စနေနေ့မှာပဲ ပြည်ပကရောက်လာသူ ၃ ယောက်မှာ Omicron ပိုး ကူးစက်မှု တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကျွန်း တာဝန်ရှိသူတွေ အတည်ပြုခဲ့တာပါ။ အမေရိကန်၊ ဗြိတိန်နဲ့ အာဖရိကတိုက် တောင်ပိုင်းနိုင်ငံတခုဖြစ်တဲ့ Eswatini က ရောက်လာသူ ၃ ဦးမှာ ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်ကြောင်း ထိုင်ဝမ် ကူးစက်ရောဂါ ဗဟိုဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ထိုင်ဝမ်ကို ပြည်ပကလာသူတွေ အားလုံးကို ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေးရာက ရောဂါပိုးသစ် ကူးစက်မှုကို တွေ့ရှိခဲ့တာဖြစ်ပြီး သီတင်း ၂ ပတ်ကြာ သီးသန့်ခွဲ နေထိုင်ကြရမှာပါ။

တူရကီနိုင်ငံမှာလည်း Omicron ကိုဗစ်ပိုး ကူးစက်ခံရသူ ၆ ဦးကို ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့မှာ အတည်ပြုလိုက်ပါတယ်။ တူရကီနိုင်ငံက လူဦးရေ အများဆုံးဖြစ်တဲ့ Istanbul မြို့မှာ ၁ ဦး၊ နိုင်ငံအနောက်ပိုင်းက Izmir မြို့မှာ ၅ ဦး၊ စုစုပေါင်း ၆ ဦး Omicron ကူးစက်ခံထားရကြောင်းနဲ့ ကူးစက်ခံရသူတွေဟာ ဆေးရုံတင် ကုသရလောက်အောင် ရောဂါပြင်းထန်မှု မရှိကြောင်းလည်း နိုင်ငံပိုင် Anadolu သတင်းက ဖော်ပြခဲ့တာပါ။

Pfizer/BioNTech ကုမ္ပဏီတွေက ပူးတွဲထုတ်လုပ်ထားတဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေး ၃ လုံး ထိုးပြီးသူတွေဟာ Omicron ကိုဗစ်ပိုးကို ကာကွယ်နိုင်စွမ်းရှိတာ တွေ့ရကြောင်း အစ္စရေးလ်နိုင်ငံက သုတေသီတွေက စနေနေ့မှာပဲ ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၅ လ ၆ လလောက်က ဆေး ၂ လုံး ထိုးထားပြီးသူတွေနဲ့ လွန်ခဲ့တဲ့ ၁ လလောက်ကမှ အားဖြည့်ဆေး နောက်တလုံး ထပ်ထိုးထားသူတွေရဲ့ သွေးနမူနာ ၂၀ လောက်ကို ယှဉ်ပြီး လေ့လာခဲ့ရာမှာ အားဖြည့်ဆေး အပါအဝင် ၃ လုံးစလုံး ထိုးထားတဲ့သူတွေဟာ ရောဂါပိုးသစ်ကို ခုခံနိုင်စွမ်း ပိုများတာ တွေ့ရကြောင်း Sheba ဆေးဘက်ဆိုင်ရာဌာနနဲ့ အစ္စရေးလ် ကျန်းမာရေးဝန်ကြီးဌာန ဗိုင်းရပ်စ်ရောဂါ ဓာတ်ခွဲသုတေသနဌာနတို့ရဲ့ ပူးတွဲလေ့လာချက်က ဖော်ပြခဲ့တာပါ။

XS
SM
MD
LG