သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Omicron ပိုးသစ် ကူးစက်မှု နိုင်ငံပေါင်း ၆၀ နီးပါးမှာ တွေ့ရှိ (WHO)


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus. (နိုဝင်ဘာ ၂၉၊ ၂၀၂၁)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus. (နိုဝင်ဘာ ၂၉၊ ၂၀၂၁)

(Zawgyi / Unicode)

Omicron ကိုဗစ်ပိုးသစ်နဲ့ ပတ်သက်လို့ လေ့လာစရာတွေ အများအပြား ရှိနေဆဲ ဖြစ်ပေမယ့် ကမ္ဘာကြီးအနေနဲ့ အန္တရာယ်ကို ကာကွယ်နိုင်စွမ်းရှိပြီး ကူးစက်မှု မဖြစ်အောင် အမြန်ဆုံး ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောလိုက်ပါတယ်။

Omicron ပိုးသစ်ဟာ အခုအခါ နိုင်ငံပေါင်း ၅၇ နိုင်ငံမှာ တွေ့ရှိထားပြီး နောက်ထပ် ဆက်တိုးလာဖို့ ရှိကြောင်းလည်း WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရုံးချုပ်က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

ကမ္ဘာတလွှား ပျံ့နှံ့မှုတွေနဲ့ မျိုးဗီဇ အပြောင်းအလဲများတာ အပါအဝင် Omicron ပိုးသစ်ဟာ ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု ပုံစံအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိနိုင်ကြောင်းလည်း ပြောပါတယ်။ ရောဂါပိုးသစ်နဲ့ ပတ်သက်လို့ မသိသေးတာတွေ အများအပြား ရှိနေပေမယ့် အကာအကွယ်မဲ့ အခြေအနေမျိုး မဟုတ်ကြောင်းနဲ့ နိုင်ငံတိုင်းမှာ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေကို တိုးမြှင့်ဆောင်ရွက်ကြဖို့လည်း WHO အကြီးအကဲက တိုက်တွန်းခဲ့တာပါ။

ဂျီနီဗာမြို့ သတင်းစာရှင်းလင်းပွဲမှာပဲ Pfizer-BioNTech ကာကွယ်ဆေးဟာ Omicron ပိုးသစ်ကို ကာကွယ်နိုင်စွမ်း အားနည်းတယ်ဆိုပြီး တောင်အာဖရိကက လေ့လာတွေ့ရှိချက်တခု ထွက်ပေါ်လာတာနဲ့ ပတ်သက်လို့လည်း WHO သိပ္ပံပညာရှင်အဖွဲ့ အကြီးအကဲ Soumya Swaminathan က သတိပေးခဲ့ပါတယ်။

ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ဟာ နက်နဲရှုတ်ထွေးတာကြောင့် မြန်မြန်ဆန်ဆန် ကောက်ချက်မဆွဲကြဖို့နဲ့ သုတေသန လေ့လာမှုတွေ စုပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း သတိပေးခဲ့တာပါ။

Pfizer ဆေးကုမ္ပဏီကတော့ ကနဦး ဓာတ်ခွဲစမ်းသပ် လေ့လာမှုတွေအရ အားဖြည့်ဆေးအဖြစ် ကာကွယ်ဆေး တတိယအကြိမ် ထိုးပြီးတဲ့သူတွေဟာ Omicron ပိုးသစ်ကို ကာကွယ်ရာမှာ ထိရောက်မှုရှိတာ တွေ့ရှိရကြောင်း ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

Omicron ပိုးသစ်ကို ကာကွယ်နိုင်မယ့် ဆေးသစ်တမျိုး ထုတ်လုပ်ဖို့ စီစဉ်နေကြောင်းလည်း Pfizer နဲ့ ကာကွယ်ဆေး ပူးတွဲထုတ်လုပ်တဲ့ BioNTech ကုမ္ပဏီတို့က ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)









XS
SM
MD
LG