သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်ရောက် တူရကီမိသားစု သံရုံးမှာ ထိန်းသိမ်း


မြန်မာနိုင်ငံအခြေစိုက် တူရကီနိုင်ငံသား ပညာရေးဝန်ထမ်း M. Furkan Sokmen နဲ့ မိသားစု ဘန်ကောက်ကိုသွားဖို့လေယာဉ်ပေါ် တက်ဖို့ပြင်စဉ် မနေ့ ကြာသပတေးနေ့တုန်းက ရန်ကုန်လေဆိပ်မှာ ထိန်းသိမ်းခံခဲ့ရပါတယ်။

အရင်နှစ်တုန်းက မအောင်မြင်ခဲ့တဲ့ တူရကီနိုင်ငံအာဏာသိမ်းမှုနဲ့ ဆက်စပ်နေတယ်လို့စွပ်စွဲခံထားရတဲ့ ဘာသာရေးဆရာ Fethullah Gulen နဲ့ ဆက်စပ်နေတဲ့ သူတွေကို ဖမ်းဆီးနေတဲ့ တူရကီအစိုးရရဲ့ လုပ်ဆောင်ချက်အရ Sokmen ကို ဖမ်းဆီးပုံရပါတယ်။

သူ့မိသားစုရဲ့ ပတ်စပို့တွေကို သိမ်းဖို့ ရဲတွေကို မြန်မာနိုင်ငံဆိုင်ရာ တူရကီသံရုံးက ဖိအားပေးခဲ့တာလို့ Sokmen က ပြောတာကို ရန်ကုန်လေဆိပ်မှာ ရိုက်ထားတဲ့ အခု လူမှုကွန်ယက်တွေပေါ်မှာ တင်ထားတဲ့ ဗွီဒီယိုဖိုင်မှာ တွေ့နိုင်ပါတယ်။

သူ့မိသားစုကို ဒူဘိုင်းက တစ်ဆင့် တူရကီကို သွားတဲ့ လေယာဉ်နဲ့ တင်ပို့ဖို့ တူရကီသံရုံးက အတင်းကြိုးပမ်းပေမယ့် သူတို့က ငြင်းဆန်တဲ့အတွက် အခုချိန်ထိ သံရုံးမှာ ထိန်းသိမ်းခံနေရတာလို့True Stories ဆိုတဲ့ Twitter account က ဖော်ပြထားပါတယ်။

အာရှဆိုင်ရာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့HRW က Phil Robertson က ဒီအရေးအတွက် စိုးရိမ်ကြောင်း ပြောပါတယ်။ အစိုးရဖက်က ပြောခွင့်ရ ဦးဇော်ဌေးကတော့ ဒီကိစ္စက မြန်မာအစိုးရနဲ့ မသက်ဆိုင်ကြောင်းနဲ့ Sokmen နဲ့ မိသားစုတို့ရဲ့ ပတ်စပို့တွေက အသုံးမဝင်တော့တဲ့အတွက် သူတို့ကို မြန်မာနိုင်ငံကနေ ထွက်ခွာခိုင်းရမှာလို့ AFP သတင်းဌာနကို ပြောပါတယ်။

မြန်မာပြည်ရောက် တူရကီမိသားစု သံရုံးမှာ ထိန်းသိမ်း
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG