သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ မိုးသည်းထန်မှုကြောင့် လူ ၂၂ ဦး သေဆုံး


အီန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ မိုးကြီးလို့ ရေကြီးရေလျှံဖြစ်နေတဲ့ လမ်းမပေါ်တွေ့ရတဲ့ ပြည်သူများ (ဇူလိုင် ၈၊ ၂၀၂၃)
အီန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ မိုးကြီးလို့ ရေကြီးရေလျှံဖြစ်နေတဲ့ လမ်းမပေါ်တွေ့ရတဲ့ ပြည်သူများ (ဇူလိုင် ၈၊ ၂၀၂၃)

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အတွက် မြေပြိုမှုတွေနဲ့ ရေကြီးမှုတွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက ဟီမာချယ်ပရာဒက်ရှ် ဒေသ၊ မြောက်ပန်ဂျပ်နဲ့ ဟာယာနာတို့ အနီးရှိ ဒေသတွေမှာ ဒီနေ့ထပ်ပြီး မိုးသည်းထန်စွာရွာသွန်းမယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဒီဒေသတွေလိုပဲ ဒေလီမှာလည်း မိုးသည်းထန်စွာရွာသွန်းနိုင်ဖွယ်ရှိတယ်လို့ ပြောပါတယ်။

ဒေလီရဲ့ အခြေခံအဆောက်အအုံတွေဟာ မိုးသည်းထန်စွာရွာသွန်းတဲ့ ဒဏ်ကို ခံနိုင်ရည်ရှိစေဖို့ ဒီဇိုင်းထုတ်၊ ဆောက်လုပ်ထားတမဟုတ်ဘူးလို့လဲ ဒေလီအုပ်ချုပ်ရေးမှူး Arvind Kejriwal က ဒီနေ့ပဲ ပြောပါတယ်။

The Times of India ကတော့ ဒေလီမှာ တနင်္ဂနွေနေ့က မိုးရွာသွန်းမှုကြောင့် သစ်ပင်တွေ ပြိုကျတာ၊ အိမ်ပြိုကျတာတွေကြောင့် လူလေးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အိန္ဒိယမိုးလေဝသဌာနရဲ့ ခန့်မှန်းချက်အရ လာမယ့် ၃-၄ ရက်အတွင်း ဟိမဝန္တာအနောက်ဘင်္ဂလား၊ ဆစ်ကင်း၊ အာသံ၊ မီဂါလာယာ၊ အရူနာချယ်ပရာဒက်ရှ်၊ နာဂလန်း၊ မဏိပူရနဲ့ ဘီဟာတို့တွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး နောက်ထပ် ၃-၄ ရက်အထက် မိုးသည်းထန်စွာဆက်လက်ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG