သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘေကျင်းမှာ အပူချိန်ပြင်းလွန်းတဲ့အတွက် အိမ်အပြင်ကလုပ်ငန်းတွေ ရပ်ဆိုင်းခိုင်းထား


တရုတ်ပြည် ဘေကျင်းမြို့တော်မှာ အပူဒဏ်ခံနေတဲ့ ခရီးသွားများကိုတွေ့ရစဉ် (ဇွန် ၂၉၊ ၂၀၂၃)
တရုတ်ပြည် ဘေကျင်းမြို့တော်မှာ အပူဒဏ်ခံနေတဲ့ ခရီးသွားများကိုတွေ့ရစဉ် (ဇွန် ၂၉၊ ၂၀၂၃)

တရုတ်ပြည် ဘေကျင်းမြို့တော်မှာ ရာသီဉတု အပူချိန်သိပ်ပြင်းလွန်းတဲ့အတွက် အပြင်ဘက်မှာ လုပ်ကိုင်တဲ့ လုပ်ငန်းတွေ အားလုံးရပ်ဆိုင်းထားဖို့ ကုမ္ပဏီတွေကို တရုတ်အစိုးရက အမိန့်ထုတ်ထားပါတယ်။ အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်၊ ဒါမှမဟုတ် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် အထိ ရောက်မယ်လို့ ခန့်မှန်းထားတဲ့အတွက် အသက်အရွယ်ကြီးတဲ့သူတွေ နေထိုင်မကောင်း ဖြစ်နေတဲ့သူတွေ အိမ်ထဲမှာပဲ နေကြဖို့ အမိန့်ထုတ်ထားပြီး မြို့နေ လူဉီးရေ ၂၂ သန်းအတွက် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားတာပါ။

ဘေကျင်းမြို့တော်မှာ ၃၅ ဒီဂရီစင်တီဂရိတ် ဒါမှမဟုတ် အပူချိန် ၉၅ ဒီဂရီ ဖာရင်ဟိုက် ကျော်သွားတာ ၁၀ ရက် ရှိနေပြီလို့ တနင်္လာနေ့က တရုတ်အစိုးရက ထုတ်ပြန်ပါတယ်။ ၁၉၆၁ ခုနှစ်နောက်ပိုင်းမှာ အပူချိန်အမြင့်ဆုံးကို ကြုံနေရသလို အရင်နှစ်တွေကထက် သိသိသာသာ ပိုပူလာတဲ့အကြောင်း ဘေကျင်းမြို့ခံတွေက ပြောပါတယ်။ တရုတ်နိုင်ငံမှာလိုပဲ အာရှနိုင်ငံတွေမှာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အပူချိန် ပြင်းထန်တာကို ခါတိုင်းနှစ်တွေထက် ပိုပြီး ကြုံနေရပါတယ်။

တရုတ်ပြည်ဘေကျင်းမြို့တော်မှာ ပြင်းထန်တဲ့အပူချိန်အောက် ရေကန်မှာရေစိမ်နေကြတဲ့ ဒေသခံများ (ဇူလိုင် ၆၊ ၂၀၂၃)
တရုတ်ပြည်ဘေကျင်းမြို့တော်မှာ ပြင်းထန်တဲ့အပူချိန်အောက် ရေကန်မှာရေစိမ်နေကြတဲ့ ဒေသခံများ (ဇူလိုင် ၆၊ ၂၀၂၃)

အိန္ဒိယနိုင်ငံမှာလည်း ပြီးခဲ့တဲ့ လက ရာသီဥတု အလွန်အမင်းပူပြင်းတာကြောင့် လူဦးရေထူထပ်တဲ့ မြောက်ပိုင်း Utter Pradesh နဲ့ အရှေ့ဖက် Bihar ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လူ ၉၆ ယောက်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ အိန္ဒိယ တာဝန်ရှိသူတွေ ပြောပါတယ်။ ပြင်းထန်တဲ့ အပူလှိုင်းရိုက်ခတ်မှု ကြုံရကြောင့် အာရှဒေသအတွင်း နိုင်ငံသားတွေကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် စီးပွါးရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အန္တရာယ်ရှိလာတယ်လို့ သုတေသနစစ်တမ်းတွေမှာ ဖေါ်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG