သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးဆွေးနွေး


INDIA-MYANMAR-BORDER
INDIA-MYANMAR-BORDER

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးဆွေးနွေး

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် Giridhar Aramane ဟာ မြန်မာစစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးအပါအဝင် တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး၊ နှစ်နိုင်ငံနယ်စပ် တရားမဝင် ဖြတ်ကျော်မှုကိစ္စ၊ မူးယစ်ဆေးဝါးနဲ့ မှောင်ခိုကုန်ကူးမှုကိစ္စတွေ အပါအဝင် နှစ်နိုင်ငံနယ်စပ် ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂ ရက်နေ့မှာ ကြေငြာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

အတွင်းဝန် Aramane ဟာ မြန်မာနိုင်ငံကို ဇွန်လ ၃၀ ရက်နေ့ကနေ ဇူလိုင်လ ၁ ရက်နေ့အထိ တရားဝင်သွားရောက် တာဖြစ်ပြီး၊ တဘက်နိုင်ငံ အန္တရယ်ဖြစ်စေမယ့် လုပ်ရပ်တွေအတွက် သက်ဆိုင်ရာ နိုင်ငံနယ်နိမိတ်တွေကို အသုံးချခွင့် မပြုဖို့ နှစ်ဘက်စလုံးက ထပ်မံ အတည်ပြုကြတယ်လို့လည်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

ဒီခရီးစဉ်ကြောင့် အိန္ဒိလုံခြုံရေးနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို တင်ပြခွင့်ရခဲ့တယ်လို့ အိန္ဒိယသတင်းတွေမှာဖေါ်ပြ ထားပါတယ်။ အိန္ဒိယနဲ့မြန်မာအကြား နှစ်နိုင်ငံနယ်နိမိတ် မိုင် ၁,၀၀၀ ကျော် ထိစပ်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဖြစ်မှာ ဖြစ်ပျက်သမျှ အခြေအနေတွေဟာ အိန္ဒိယနယ်စပ်ဒေသကို တိုက်ရိုက် သက်ရောက်မှု ရှိတယ်လို့လည်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ခြင်းထိစပ်နေတဲ့ အိန္ဒိယအရှေ့မြောက်ဒေသအတွင်း လူမျိုးရေး အဓိကရုဏ်းတွေဖြစ်နေသလို၊ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ရဲ့နှိမ်နင်းမှုကြောင့် အိန္ဒိယအရှေ့မြောက် ဒေသတွင်း ဝင်ရောက်ခိုလှုံနေတဲ့ မြန်မာဘက်ကဒုက္ခသည်တွေလည်းထောင်နဲ့ချီရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG