သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြက်ခြေခတ်ဖြစ်သွားတဲ့ Twitter တွစ်တာတံဆိပ်

Twitter အမှတ်တံဆိပ်ကို အပြာရောင်ငှက်ပုံကနေ ကြက်ခြေခတ်ပုံပြောင်းလဲ
Twitter အမှတ်တံဆိပ်ကို အပြာရောင်ငှက်ပုံကနေ ကြက်ခြေခတ်ပုံပြောင်းလဲ

ကမ္ဘာ့အချမ်းသာဆုံး ကုဋေကြွယ်သူဌေး Elon Musk ဟာ သူပိုင် လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ တွစ်တာ Twitter ရဲ့ အမှတ်တံဆိပ်ကို အပြာရောင် ငှက်ကလေးပုံစံကနေ အဖြူရောင် ကြက်ခြေခတ်ပုံစံ “X” အမှတ်အသား တံဆိပ်ကို တနင်္ဂနွေနေ့ ဇူလိုင် ၂၃ ရက်နေ့ ညပိုင်းက ပြောင်းလိုက်ပါတယ်။ အဲဒီညပိုင်းမှာပဲ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့က ကုမ္ပဏီရုံးမျက်နှာစာမှာလည်း အဲဒီတံဆိပ် အမှတ်အသားသစ်ကို ဆလိုက်ထိုးပြထားခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့က twitter ကုမ္ပဏီရုံး
ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့က twitter ကုမ္ပဏီရုံး

အခုထိ တွစ်တာလူမှုကွန်ရက်စာမျက်နှာမှာ အပြာရောင်ငှက်တံဆိပ် ရှိနေသေးပေမဲ့ Elon Musk နဲ့ တွစ်တာအမှုဆောင်အရာရှိချုပ် Linda Yaccarino တို့ရဲ့ စာမျက်နှာတွေမှာတော့ X ကြက်ခြေခတ် တံဆိပ်လေးတွေကို ပြောင်းသွားပါပြီ။ Elon Musk က တွစ်တာ အမှတ်တံဆိပ်ကိုပြောင်းချင်တယ်၊ သူစာမျက်နှာကို အပြာရောင် သုံးထားတာကနေ အမဲရောင်ကို ပြောင်းမယ်၊ ဘယ်လိုထင်ကြလဲလို့ သူ့စာမျက်နှာရဲ့ သန်းနဲ့ချီတဲ့ ပရိသတ်တွေကို မေးခဲ့သေးတာပါ။


Elon Musk က တွစ်တာစာမျက်နှာကို ၂၀၂၂ အောက်တိုဘာမှာ ဝယ်ပြီးတဲ့နောက် ကုမ္ပဏီနာမည်ကို X Corp လို့ နာမည်ပြောင်းလိုက်တာက တရုတ်ပြည်က WeChat အပလီကေးရှင်းလို ငွေကြေး အပေးအယူနဲ့ ရောင်းဝယ်ရေးတွေ၊ ဆက်သွယ်ရေးတွေပါ လုပ်ဆောင်လို့ရတဲ့ Super-app နည်းမျိုးစုံသုံး အပလီကေးရှင်းဖြစ်အောင် လုပ်ချင်တဲ့ သူ့ရည်ရွယ်ချက်ကို ထင်ဟပ်ပြနေပါတယ်။

ကြက်ခြေခတ်ဖြစ်သွားတဲ့ Twitter တွစ်တာတံဆိပ်
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG