သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦး အဂတိမှုနဲ့ ပါတီကထုတ်ပယ်ခံရ


တရုတ်ကွန်မြူနစ်ပါတီမှ ထုတ်ပယ်ခံလိုက်ရတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးဖြစ်တဲ့ ဝေဖန်ဟီ (ဝဲ) နဲ့ လီရှန်ဖူး (အေပီ)
တရုတ်ကွန်မြူနစ်ပါတီမှ ထုတ်ပယ်ခံလိုက်ရတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးဖြစ်တဲ့ ဝေဖန်ဟီ (ဝဲ) နဲ့ လီရှန်ဖူး (အေပီ)

တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးဖြစ်တဲ့ လီရှန်ဖူးနဲ့ ဝေဖန်ဟီတို့ကို လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှုတွေနဲ့ တရုတ်ကွန်မြူနစ်ပါတီကနေ ထုတ်ပယ်လိုက်ပါတယ်။

လီရှန်ဖူးဟာ ပါတီဗဟိုကော်မတီနဲ့ ဗဟိုစစ်ကော်မရှင်ရဲ့ ယုံကြည်မှုကို သစ္စာဖေါက်ပြီး သူ့မူလတာဝန် ပျက်ကွက်ခဲ့သလို ပါတီအတွက်ရော အမျိုးသားကာကွယ်ရေးဆိုင်ရာမှာပါ ကြီးမားတဲ့ ထိခိုက်မှုဖြစ်စေတယ်လို့ တရုတ်အစိုးရ ဆင်ဟွာသတင်းမှာ ဖေါ်ပြထားပါတယ်။ ပါတီ ဗဟို စစ်ကော်မရှင်ရဲ့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကြီးကြပ်ရေးအဖွဲ့ဦးဆောင်တဲ့ စုံစမ်းမှုတွေအရ - လီဟာ သူနဲ့ တခြားသူတွေရဲ့ ကိုယ်ကျိုးစီးပွါးအတွက် လုပ်ဆောင်ခဲ့ပြီး သူထမ်းဆောင်ရမယ့် နိုင်ငံရေးတာဝန်တွေ မကျေပွန်ဘူးလို့ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် လီဟာ ငွေပမာဏ အတော်များများကို လာဘ်ယူခဲ့တဲ့အပြင် တခြားသူတွေကိုပါ လာဘ်ထိုးခဲ့တယ်လို့ သံသယရှိကြောင်းလည်းဖေါ်ပြပါတယ်။

မနှစ်က သြဂုတ်လမှာ လီကို စတင်စုံစမ်းစစ်ဆေးခဲ့ပြီး အခုမှ သူ့အပေါ် ဘာကြောင့် စုံစမ်းစစ်ဆေးရတယ်ဆိုတာကို ပထမဆုံးအကြိမ်အဖြစ် ဆင်ဟွာသတင်းမှာ အတိအကျ တရားဝင် အတည်ပြုခဲ့တာဖြစ်ပါတယ်။ မနှစ်က လီကို လူမြင်ကွင်းမှာမတွေ့ရဘဲပျောက်သွားပြီး ၂ လလောက် အကြာ အောက်တိုဘာမှာတော့ ရာထူးက အဖယ်ရှားခံရပါတယ်။ ဒီဇင်ဘာမှာတော့ ရေတပ်ဗိုလ်ချုပ်ကြီး Dong Jun ကို သူ့နေရာမှာ အစားထိုးခန့်ခဲ့တာပါ။

သူ့အရင် ကာကွယ်ရေးဝန်ကြီးဟောင်း ဝေဖန်ဟီဟာလည်း မနှစ်က မတ်လ ကက်ဘိနက်ဝန်ကြီးများအပြောင်းအလဲမှာ သူ့နေရာ လူစားထိုးခံခဲ့ရပြီးတဲ့နောက် လူမြင်ကွင်းကနေ အတော်ကြာ ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ရှီကျင့်ပင်အာဏာရလာပြီး လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကစပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအထဲမှာ စစ်တပ်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဟာလည်း အဓိကဦးစားပေး လုပ်ဆောင်မှုတွေထဲမှာ ပါဝင်နေတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG