သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာရွေဘာ္လုံးၿပိဳင္ပြဲေတြကေန ျမန္မာေဘာ္လုံးကလပ္ ႏွစ္သင္းႏႈတ္ထြက္


ျမန္မာေဘာ္လံုးအသင္း ဂ်ပန္နိုင္ငံ Ko Itakura မွာ ယွဥ္ျပိုင္ေနစဥ္ (၂၈၊၅၊၂၀၂၁) (ဓာတ္ပံု - ရိုက္တာ)

ျမန္မာ ေဘာ္လုံး အသင္း ၂ သင္း ဟာ အာရွ ေဘာ္လုံး ၿပိဳင္ပြဲေတြ ကေန ဒုတိယႏွစ္ အျဖစ္ ႏႈတ္ထြက္သြားၾကပါတယ္။ ေဖေဖာ္ဝါရီ လ ၁ ရက္ေန႔ အာဏာသိမ္းအၿပီး ျမန္မာႏိုင္ငံ ဟာ နယ္ပယ္ေပါင္းစုံ မွာ က‌ေသာင္းကနင္း ျဖစ္သြားခဲ့ၿပီး၊ ကလပ္အသင္း ေတြမွာလည္း အခက္အခဲ ႀကဳံေတြ႕လာရတာ ျဖစ္ပါတယ္။

ရွမ္းယူႏိုက္တက္ အက္ဖ္စီ အသင္း က AFC Champions League ကေန ႏႈတ္ထြက္သြားတာ ျဖစ္ၿပီး၊ ဟံသာဝတီ ယူႏိုက္တက္ အသင္း က ေအအက္ဖ္စီ ဖလား ၿပိဳင္ပြဲ ကေန ႏႈတ္ထြက္သြားတာ ျဖစ္တယ္လို႔ အာရွ ေဘာ္လုံး ကြန္ဖက္ဒေရးရွင္း (AFC) က ဗုဒၶဟူးေန႔ က ေျပာပါတယ္။ ဘာေၾကာင့္ ႏႈတ္ထြက္ရတယ္ဆိုတာကို မေျပာသလို၊ ဘယ္အသင္း က အစား ဝင္ၿပိဳင္ႏိုင္ မႏိုင္ကိုလည္း မေျပာပါဘူး။

မႏွစ္တုန္းကလည္း ဒီ ၂ သင္းလုံး ဟာ ခုလိုပဲ ႏႈတ္ထြက္သြားခဲ့ၾကပါတယ္။

အာရွ ခ်န္ပီယံ လိဂ္ ဟာ အာရွ မွာ ထိပ္တန္း ၿပိဳင္ပြဲ တစ္ခု ျဖစ္ၿပီး AFC ဖလားကေတာ့ ဒုတိယ အဆင့္ မွာ ရွိပါတယ္။ ဟံသာဝတီ အသင္း က အုပ္စု အိုင္ မွာ က်ေရာက္ေနၿပီး၊ ရွမ္း ယူႏိုက္တက္ အသင္းကေတာ့ အာရွခ်န္ပီယံလိဒ္ဖလား အႀကိဳ အဆင့္ ၿပိဳင္ပြဲ ကို ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။

.......................................................................................

တိုက္႐ိုက္ လင့္ခ္


အာရှဘော်လုံးပြိုင်ပွဲတွေကနေ မြန်မာဘော်လုံးကလပ် နှစ်သင်းနှုတ်ထွက်

(Unicode)

မြန်မာ ဘော်လုံး အသင်း ၂ သင်း ဟာ အာရှ ဘော်လုံး ပြိုင်ပွဲတွေ ကနေ ဒုတိယနှစ် အဖြစ် နှုတ်ထွက်သွားကြပါတယ်။ ဖေဖော်ဝါရီ လ ၁ ၇က်နေ့ အာဏာသိမ်းအပြီး မြန်မာနိုင်ငံ ဟာ နယ်ပယ်ပေါင်းစုံ မှာ က‌သောင်းကနင်း ဖြစ်သွားခဲ့ပြီး၊ ကလပ်အသင်း တွေမှာလည်း အခက်အခဲ ကြုံတွေ့လာရတာ ဖြစ်ပါတယ်။

ရှမ်းယူနိုက်တက် အက်ဖ်စီ အသင်း က AFC Champions League ကနေ နှုတ်ထွက်သွားတာ ဖြစ်ပြီး၊ ဟံသာဝတီ ယူနိုက်တက် အသင်း က အေအက်ဖ်စီ ဖလား ပြိုင်ပွဲ ကနေ နှုတ်ထွက်သွားတာ ဖြစ်တယ်လို့ အာရှ ဘော်လုံး ကွန်ဖက်ဒရေးရှင်း (AFC) က ဗုဒ္ဓဟူးနေ့ က ပြောပါတယ်။ ဘာကြောင့် နှုတ်ထွက်ရတယ်ဆိုတာကို မပြောသလို၊ ဘယ်အသင်း က အစား ဝင်ပြိုင်နိုင် မနိုင်ကိုလည်း မပြောပါဘူး။

မနှစ်တုန်းကလည်း ဒီ ၂ သင်းလုံး ဟာ ခုလိုပဲ နှုတ်ထွက်သွားခဲ့ကြပါတယ်။

အာရှ ချန်ပီယံ လိဂ် ဟာ အာရှ မှာ ထိပ်တန်း ပြိုင်ပွဲ တစ်ခု ဖြစ်ပြီး AFC ဖလားကတော့ ဒုတိယ အဆင့် မှာ ရှိပါတယ်။ ဟံသာဝတီ အသင်း က အုပ်စု အိုင် မှာ ကျရောက်နေပြီး၊ ရှမ်း ယူနိုက်တက် အသင်းကတော့ အာရှချန်ပီယံလိဒ်ဖလား အကြို အဆင့် ပြိုင်ပွဲ ကို ယှဥ်ပြိုင်ရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG