(Zawgyi/ Unicode)
တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီကို ေသနတ္နဲ႔ ပစ္သတ္ခဲ့မႈနဲ႔ ေသဒဏ္ေပးခံထားရတဲ့ ၾကည္လင္း နဲ႔ ေအာင္ဝင္းေဇာ္ တို႔ရဲ႕ အယူခံကို တရားလႊတ္ေတာ္ ခ်ဳပ္႐ုံးက ဒီကေန႔ ပယ္ခ်လိုက္သလို အမႈမွာ အဓိက ပါဝင္ ပတ္သက္ခဲ့သူေတြ အျဖစ္ ႏွစ္တိုေထာင္ဒဏ္ခ်မွတ္ခံထားရတဲ့ ေဇယ်ာၿဖိဳးနဲ႔ ေအာင္ဝင္းထြန္းတို႔ အတြက္ ျပစ္ဒဏ္တိုးျမွင့္ေပးဖို႔ တရားလိုဘက္က တင္ သြင္းတဲ့ အယူခံကိုပါ ပယ္ခ်ခဲ့ပါတယ္။
တရားလိုဘက္က ေရွ႕ေနေတြက ေတာ့ အထူးအယူခံဝင္ဖို႔ ဆက္လုပ္သြားမယ္လို႔ ေျပာပါတယ္။ ဒီသတင္းကို ဗီြအိုေအသတင္းေထာက္ေမခက ေပးပို႔ထားပါတယ္။
မဂၤလာဒံုေလဆိပ္မွာ တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီကို ေသနတ္နဲ႔ ပစ္သတ္ခဲ့မႈနဲ႔ ၾကည္လင္း နဲ႔ ေအာင္ဝင္းေဇာ္ တို႔ကို ေသဒဏ္ေပးတာအတြက္ အတည္ျပဳလက္ခံလိုက္တယ္ ဆိုရင္ ဒီအမႈမွာ အဓိက ပါဝင္ ပတ္သက္ေနသူေတြ အတြက္ ေထာင္ဒဏ္ ျပစ္ဒဏ္နည္းနည္းပဲ က်ခံေစတာဟာ မျဖစ္သင့္တဲ့အတကြ္ အထူးအယူခံ ဝင္သြားဖို႔ ရွိတယ္လို႔ တရားလိုေရွ႕ေန ဦးေရာဘတ္စန္းေအာင္က ေျပာပါတယ္။
“ ၾကည္လင္းနဲ႔ ေအာင္၀င္းေဇာ္ကို ခ်မွတ္တဲ့ ေသဒဏ္ေတြကို သာ အတည္ျပဳခဲ့ရင္ က်န္တဲ့ ျပင္ဆင္မႈ ႏိုင္ငံေတာ္ကလည္း ဒီကိစၥနဲ႔ ပတ္သက္ရင္ ရာဇ၀တ္ျပင္ဆင္မႈ ပုဒ္မ ၁၁၀၂ (ခ /၂၀၁၉ ) ေဇယ်ာၿဖိဳးအေပၚ ၃၀၂(ခ) အရ ပဲ သြားသင့္တယ္ဆိုတဲ့ အေနအထား ကို ျပင္ဆင္မႈတက္ခဲ့တာ ။ အခုလည္း ပယ္ခံရတယ္။ အားလံုးေပါ့ဗ်ာ ေဇယ်ာၿဖိဳးကေတာ့ သူ႔ကို လႊတ္ေပးဖို႔ေပါ့ ေအာင္၀င္းေဇာ္ကလည္း လႊတ္ေပးဖု႔ိ အဲ့ဒါေတြပါ ေပါင္းၿပီးေတာ့ အားလံုး ပယ္ခ်လိုက္တာ ၅ မႈလံုး ပ လပ္လိုက္ပါတယ္။ ဒါကို ကၽြန္ေတာ္တို႔ကေတာ့ အထူးအယူခံ၀င္ဖို႔ ကၽြန္ေတာ္တို႔ မွာ ဆံုးျဖတ္ခ်က္ ရွိၿပီးသားပါ။ သက္ဆိုင္ရာ ကာယံကံရွင္မ်ားနဲ႔ ညွိႏႈိင္း တိုင္ပင္ၿပီးေတာ့ ကၽြန္ေတာ္တို႔ ၂ လ အတြင္း အျမန္တက္မွာပါ။”
ေထာင္ဒဏ္ ၅ ႏွစ္ခ်မွတ္ခံထားရတဲ့ ေဇယ်ာၿဖိဳးကို ေသဒဏ္ထိုက္ေစတဲ့ ပုဒ္မနဲ႔ အေရးယူေပးဖို႔၊ ေထာင္ဒဏ္ ၃ႏွစ္ခ်မွတ္ခံထားရတဲ့ ေနာက္ထပ္တရားခံ ေအာင္ဝင္းထြန္းကို ျပစ္ဒဏ္တိုးျမႇင့္ေပးဖို႔ တရားလိုဘက္က အယူခံေလွ်ာက္ထားခဲ့တာကို ေနျပည္ေတာ္ တရားလႊတ္ေတာ္ခ်ဳပ္ရံုးက ဒီကေန႔ ပယ္ခ်လိုက္တာေၾကာင့္ ဥပေဒလမ္းေၾကာင္းအရ အထူးအယူခံဆက္တင္သြား မွာ ျဖစ္ေၾကာင္း ေျပာတာပါ။
၂၀၁၇ ခုႏွစ္ ဇန္ဝါရီလတုန္းက ေသနတ္သမား ၾကည္လင္းက ျပည္ပခရီး ကေနျပန္လာတဲ့ ဦးကိုနီကိုရန္ကုန္ေလဆိပ္မွာ အနီးကပ္ လုပ္ႀကံခံတာ ျဖစ္ပါတယ္။ ဒီအမႈကို ႏွစ္ႏွစ္ေက်ာ္ၾကာ စစ္ေဆးၿပီးတဲ့ေနာက္ လုပ္ႀကံသူ ၾကည္လင္းနဲ႔ ခိုင္းေစသူလို႔ဆိုတဲ့ ေအာင္ဝင္းေဇာ္ တို႔ကို မေသမခ်င္းႀကိဳးကြင္းစြပ္သတ္ဖို႔၂၀၁၉ ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔မွာ အမိန႔္ခ် ခဲ့ တာပါ။ ေအာင္ဝင္းေဇာ္ကို ထြက္ေျပးႏိုင္ေအာင္ကူညီခဲ့သူ ေအာင္ဝင္းထြန္းကို ေထာင္ဒဏ္သုံးႏွစ္နဲ႔ လူသတ္မႈ အတြက္ေငြေၾကးေထာက္ပံသူလို႔ စြဲခ်က္တင္ခံရတဲ့ ေဇယ်ာၿဖိဳး ကိုေတာ့ ေထာင္ဒဏ္ငါးႏွစ္ ခ်မွတ္ခဲ့တာပါ။ ဦးကိုနီအမႈမွာ အဓိက တရားခံလို႔ ယူဆေနၾကတဲ့ ေအာင္ဝင္းခိုင္ကေတာ့ ဒီကေန႔အထိ လြတ္ေျမာက္ေနဆဲျဖစ္ပါတယ္။
တရားလိုေရွ႕ေနတဦးျဖစ္တဲ့ ဦးေနလကလည္း ဥပေဒ အရဆက္လုပ္သင့္တာေတြကို လုပ္ရမယ္လို႔ ေျပာပါတယ္။
“ေဇယ်ာၿဖိဳးနဲ႔ပတ္သတ္တဲ့ အပိုင္းကေတာ့ ဥပေဒအရ ဆက္လုပ္သင့္တာ ဆက္လုပ္ရမယ္။ လတ္တေလာေတာ့ အေျခအေနမေျပာႏိုင္ဘူး။ တကယ္တမ္းေျပာရရင္ေတာ့ ၂ႀကိဳးေတာင္က်ရမွာ။ ဦးကိုနီကိုလုပ္ႀကံၿပီးေတာ့ကို ကိုေနဝင္းကို ဆက္လုပ္ႀကံတယ္။ အမွန္တကယ္အားျဖင့္ေျပာရရင္ေတာ့ ေသဒဏ္အျပင္ကို တဆက္တည္း ၃၀၂(၁)(ဂ) အရ ေနာက္ထပ္ ျပစ္မႈတခုနဲ႔ ၾကည္လင္းကိုတရားစြဲရလို႔ရေပမယ့္ ခုေတာ့တႀကိဳးထဲအျပစ္ေပးေတာ့ ဒါလည္း ဥပေဒအရ တရားရံုးေတြ ဆံုးျဖတ္တာ မွန္ကန္တယ္လို႔ ယူဆပါတယ္”
ဒီကေန႔ တရားရံုးစီရင္ခ်က္အေပၚ တရားခံဘက္က ေရွ႕ေနေတြရဲ့ သေဘာထားကို သိရေအာင္ ဆက္သြယ္ေမး ျမန္းခဲ့ ေပမယ့္ ဖုန္းလက္ခံ ေျဖဆိုတာမရွိခဲ့ပါဘူး။
ေရွ႕ေနႀကီးဦးကိုနီ လုပ္ႀကံသတ္ျဖတ္ခံရမႈမွာ ေနာက္ကြယ္က ေစခိုင္းသူအျဖစ္ ဖမ္းဝရမ္း အထုတ္ခံထား ရၿပီး တရားခံေျပးသတ္မွတ္ခံထားရတဲ့ ေအာင္ဝင္းခိုင္နဲ႔ပတ္သက္ၿပီး လည္း ထုိက္တန္တဲ့အျပစ္ဒဏ္ခ်မွတ္ ႏိုင္ဖို႔ သက္ဆိုင္ရာက ထိထိေရာက္ေရာက္ ဆက္လက္ အေရးယူ ေဆာင္ရြက္ဖို႔ သင့္တယ္လို႔ တရားလို ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က ေျပာပါတယ္။
အခုခ်ိန္အထိ ဖမ္းမမ္ိေသးတဲ့ ေအာင္ဝင္းခိုင္ကို ၾကည္လင္းတို႔လိုပဲ အျမင့္ဆံုး ေသဒဏ္ေပးႏိုင္တဲ့ လုပ္ႀကံသတ္ျဖတ္မႈ ပုဒ္မ (၃၀၂)(၁)(ခ)/ ၃၄ နဲ႔စြဲခ်က္ တင္ထားသလို ဖမ္းဝရမ္းလည္း ထုတ္ထားပါတယ္။ အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ ခ်ဳပ္ ဥပေဒအႀကံ ေပး တရားလႊတ္ ေတာ္ေရွ႕ေန ဦးကိုနီ ဟာ လုပ္ႀကံခံရတာဟာ လာမယ့္ ဇန္နဝါရီ ၂၉ ရက္မွာ ၃ ႏွစ္ျပည္႔ပါေတာ့မယ္။
................
ဦးကိုနီလုပ်ကြံမှု သေဒဏ်ကျတရားခံတွေရဲ့ အယူခံ တရားရုံးပယ်ချ
(Unicode)
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်နဲ့ ပစ်သတ်ခဲ့မှုနဲ့ သေဒဏ်ပေးခံထားရတဲ့ ကြည်လင်း နဲ့ အောင်ဝင်းဇော် တို့ရဲ့ အယူခံကို တရားလွှတ်တော် ချုပ်ရုံးက ဒီကနေ့ ပယ်ချလိုက်သလို အမှုမှာ အဓိက ပါဝင် ပတ်သက်ခဲ့သူတွေ အဖြစ် နှစ်တိုထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ အတွက် ပြစ်ဒဏ်တိုးမြှင့်ပေးဖို့ တရားလိုဘက်က တင် သွင်းတဲ့ အယူခံကိုပါ ပယ်ချခဲ့ပါတယ်။ တရားလိုဘက်က ရှေ့နေတွေက တော့ အထူးအယူခံဝင်ဖို့ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မေခက ပေးပို့ထားပါတယ်။
မင်္ဂလာဒုံလေဆိပ်မှာ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်နဲ့ ပစ်သတ်ခဲ့မှုနဲ့ ကြည်လင်း နဲ့ အောင်ဝင်းဇော် တို့ကို သေဒဏ်ပေးတာအတွက် အတည်ပြုလက်ခံလိုက်တယ် ဆိုရင် ဒီအမှုမှာ အဓိက ပါဝင် ပတ်သက်နေသူတွေ အတွက် ထောင်ဒဏ် ပြစ်ဒဏ်နည်းနည်းပဲ ကျခံစေတာဟာ မဖြစ်သင့်တဲ့အတကွ် အထူးအယူခံ ဝင်သွားဖို့ ရှိတယ်လို့ တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
“ ကြည်လင်းနဲ့ အောင်ဝင်းဇော်ကို ချမှတ်တဲ့ သေဒဏ်တွေကို သာ အတည်ပြုခဲ့ရင် ကျန်တဲ့ ပြင်ဆင်မှု နိုင်ငံတော်ကလည်း ဒီကိစ္စနဲ့ ပတ်သက်ရင် ရာဇဝတ်ပြင်ဆင်မှု ပုဒ်မ ၁၁၀၂ (ခ /၂၀၁၉ ) ဇေယျာဖြိုးအပေါ် ၃၀၂(ခ) အရ ပဲ သွားသင့်တယ်ဆိုတဲ့ အနေအထား ကို ပြင်ဆင်မှုတက်ခဲ့တာ ။ အခုလည်း ပယ်ခံရတယ်။ အားလုံးပေါ့ဗျာ ဇေယျာဖြိုးကတော့ သူ့ကို လွှတ်ပေးဖို့ပေါ့ အောင်ဝင်းဇော်ကလည်း လွှတ်ပေးဖု့ိ အဲ့ဒါတွေပါ ပေါင်းပြီးတော့ အားလုံး ပယ်ချလိုက်တာ ၅ မှုလုံး ပ လပ်လိုက်ပါတယ်။ ဒါကို ကျွန်တော်တို့ကတော့ အထူးအယူခံဝင်ဖို့ ကျွန်တော်တို့ မှာ ဆုံးဖြတ်ချက် ရှိပြီးသားပါ။ သက်ဆိုင်ရာ ကာယံကံရှင်များနဲ့ ညှိနှိုင်း တိုင်ပင်ပြီးတော့ ကျွန်တော်တို့ ၂ လ အတွင်း အမြန်တက်မှာပါ။”
ထောင်ဒဏ် ၅ နှစ်ချမှတ်ခံထားရတဲ့ ဇေယျာဖြိုးကို သေဒဏ်ထိုက်စေတဲ့ ပုဒ်မနဲ့ အရေးယူပေးဖို့၊ ထောင်ဒဏ် ၃နှစ်ချမှတ်ခံထားရတဲ့ နောက်ထပ်တရားခံ အောင်ဝင်းထွန်းကို ပြစ်ဒဏ်တိုးမြှင့်ပေးဖို့ တရားလိုဘက်က အယူခံလျှောက်ထားခဲ့တာကို နေပြည်တော် တရားလွှတ်တော်ချုပ်ရုံးက ဒီကနေ့ ပယ်ချလိုက်တာကြောင့် ဥပဒေလမ်းကြောင်းအရ အထူးအယူခံဆက်တင်သွား မှာ ဖြစ်ကြောင်း ပြောတာပါ။
၂၀၁၇ ခုနှစ် ဇန်ဝါရီလတုန်းက သေနတ်သမား ကြည်လင်းက ပြည်ပခရီး ကနေပြန်လာတဲ့ ဦးကိုနီကိုရန်ကုန်လေဆိပ်မှာ အနီးကပ် လုပ်ကြံခံတာ ဖြစ်ပါတယ်။ ဒီအမှုကို နှစ်နှစ်ကျော်ကြာ စစ်ဆေးပြီးတဲ့နောက် လုပ်ကြံသူ ကြည်လင်းနဲ့ ခိုင်းစေသူလို့ဆိုတဲ့ အောင်ဝင်းဇော် တို့ကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့၂၀၁၉ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ အမိန့်ချ ခဲ့ တာပါ။ အောင်ဝင်းဇော်ကို ထွက်ပြေးနိုင်အောင်ကူညီခဲ့သူ အောင်ဝင်းထွန်းကို ထောင်ဒဏ်သုံးနှစ်နဲ့ လူသတ်မှု အတွက်ငွေကြေးထောက်ပံသူလို့ စွဲချက်တင်ခံရတဲ့ ဇေယျာဖြိုး ကိုတော့ ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့တာပါ။ ဦးကိုနီအမှုမှာ အဓိက တရားခံလို့ ယူဆနေကြတဲ့ အောင်ဝင်းခိုင်ကတော့ ဒီကနေ့အထိ လွတ်မြောက်နေဆဲဖြစ်ပါတယ်။
တရားလိုရှေ့နေတဦးဖြစ်တဲ့ ဦးနေလကလည်း ဥပဒေ အရဆက်လုပ်သင့်တာတွေကို လုပ်ရမယ်လို့ ပြောပါတယ်။
“ဇေယျာဖြိုးနဲ့ပတ်သတ်တဲ့ အပိုင်းကတော့ ဥပဒေအရ ဆက်လုပ်သင့်တာ ဆက်လုပ်ရမယ်။ လတ်တလောတော့ အခြေအနေမပြောနိုင်ဘူး။ တကယ်တမ်းပြောရရင်တော့ ၂ကြိုးတောင်ကျရမှာ။ ဦးကိုနီကိုလုပ်ကြံပြီးတော့ကို ကိုနေဝင်းကို ဆက်လုပ်ကြံတယ်။ အမှန်တကယ်အားဖြင့်ပြောရရင်တော့ သေဒဏ်အပြင်ကို တဆက်တည်း ၃၀၂(၁)(ဂ) အရ နောက်ထပ် ပြစ်မှုတခုနဲ့ ကြည်လင်းကိုတရားစွဲရလို့ရပေမယ့် ခုတော့တကြိုးထဲအပြစ်ပေးတော့ ဒါလည်း ဥပဒေအရ တရားရုံးတွေ ဆုံးဖြတ်တာ မှန်ကန်တယ်လို့ ယူဆပါတယ်”
ဒီကနေ့ တရားရုံးစီရင်ချက်အပေါ် တရားခံဘက်က ရှေ့နေတွေရဲ့ သဘောထားကို သိရအောင် ဆက်သွယ်မေး မြန်းခဲ့ ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာမရှိခဲ့ပါဘူး။
ရှေ့နေကြီးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုမှာ နောက်ကွယ်က စေခိုင်းသူအဖြစ် ဖမ်းဝရမ်း အထုတ်ခံထား ရပြီး တရားခံပြေးသတ်မှတ်ခံထားရတဲ့ အောင်ဝင်းခိုင်နဲ့ပတ်သက်ပြီး လည်း ထိုက်တန်တဲ့အပြစ်ဒဏ်ချမှတ် နိုင်ဖို့ သက်ဆိုင်ရာက ထိထိရောက်ရောက် ဆက်လက် အရေးယူ ဆောင်ရွက်ဖို့ သင့်တယ်လို့ တရားလို ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
အခုချိန်အထိ ဖမ်းမမိသေးတဲ့ အောင်ဝင်းခိုင်ကို ကြည်လင်းတို့လိုပဲ အမြင့်ဆုံး သေဒဏ်ပေးနိုင်တဲ့ လုပ်ကြံသတ်ဖြတ်မှု ပုဒ်မ (၃၀၂)(၁)(ခ)/ ၃၄ နဲ့စွဲချက် တင်ထားသလို ဖမ်းဝရမ်းလည်း ထုတ်ထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥပဒေအကြံ ပေး တရားလွှတ် တော်ရှေ့နေ ဦးကိုနီ ဟာ လုပ်ကြံခံရတာဟာ လာမယ့် ဇန်နဝါရီ ၂၉ ရက်မှာ ၃ နှစ်ပြည့်ပါတော့မယ်။