သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူဂန်ဒါနိုင်ငံသား ၃၀ မြန်မာ ရာဇဝတ်ဂိုဏ်းထိန်းချုပ်နယ်မြေထဲ ပိတ်မိနေ


ယူဂန်ဒါနိုင်ငံသား ၃၀ မြန်မာ ရာဇဝတ်ဂိုဏ်းထိန်းချုပ်နယ်မြေထဲ ပိတ်မိနေ

မြန်မာနိုင်ငံမှာ ယူဂန်ဒါနိုင်ငံသား အယောက် ၃၀ လောက်ဟာ အွန်လိုင်းလိမ်လည်သူတွေအဖြစ်အတင်းအဓမ္မ အလုပ်စေခိုင်းခံနေရတယ် ယူဂန်ဒါ အစိုးရက ပြောပါတယ်။ သူတို့တွေဟာ လူကုန်ကူးသူတွေက အလုပ်ရမယ်လို့ လိမ်လည်ခေါ်ဆောင်တာခံရပြီး အွန်လိုင်း လိမ်လည်တဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ ဖမ်းဆီးထားရတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ အဲ့ဒီအထဲက လွတ်မြောက်လာသူ တချို့ နဲ့ Halima Athumani နဲ့ Mukasa Francis တို့ တွေ့ဆုံမေးမြန်းထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။

IT နည်းပညာ ကျွမ်းကျင်သူ တဦးဖြစ်တဲ့ Francis Mugisha ဟာ အာရှမှာ ငရဲကျခံပြီး ယူဂန်ဒါကို ပြန်ရောက်လာတာပါ။ လာအိုနိုင်ငံမှာ ဒေတာ မန်နေဂျာ နဲ့ IT ကျွမ်းကျင်သူ အဖြစ် အလုပ်စတင်ခဲ့တာပါ။ သူရောက်ပြီး မကြာခင်မှာပဲ သူ့ သူဌေးတွေက တရုတ်ယွမ်ငွေ ၁ သောင်း ၆ ထောင် အမေရိကန် ဒေါ်လာ ၂၂၀၀ ကျော် အကြွေးတင်နေတယ်လို့ ပြောခဲ့ပါတယ်။ အဲ့ဒီနောက် သူ့အလုပ်အခြေအနေတွေလည်း ရုတ်တရက်ပြောင်းသွားခဲ့ပါတယ်။

"တယောက်က ကျနော်ကိုလာပြီး မင်းဟာ ငါ့ ကျွန်ပဲ။ ငါ့အတွက် အလုပ်လုပ်ပေးမယ်လို့ ပြောတာမျိုး ဘယ်တုန်းကမှ မမျှော်လင့်ထားပါဘူး။ သူ့ နိုင်ငံကူးလက်မှတ်နဲ့ ဖုန်းတွေကို သိမ်းထားပြီး မြန်မာနိုင်ငံမှာ ရှိတဲ့ ကုမ္ပဏီတခုကို ရောင်းစားခံခဲ့ရတယ်လို့ Mugisha က ပြောပါတယ်။ အဲ့ဒီကိုရောက်ဖို့ မဲခေါင်မြစ်ကတဆင့် လှေနဲ့ ပို့ပေးခဲ့ပြီး ဒေတာတွေကို စီမံရမယ့်အစား အွန်လိုင်း လိမ်လည်မှုတွေလုပ်ဖို့ အတင်းစေခိုင်းခံရတယ်လို့ သူက ပြောပါတယ်။"

ဗီဒီယိုတခုမှာဆိုရင် စစ်ဝတ်စုံဝတ်ထားတဲ့ သူတွေက Mugisha လို လူငယ်တွေကို အွန်လိုင်း လိမ်လည်မှုလုပ်တဲ့ ဝင်းထဲကို ကားနဲ့ လိုက်ပို့နေတာပါ။ ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေ အောက်မှာ အချိန်အကြာကြီး အတင်းအလုပ်ခိုင်းစေခံခဲ့ရတယ်လို့ Mugisha က ပြောပါတယ်။

"တနေ့ကို လူတယောက် လောက်မှ မရဘူးဆိုရင် အဲ့ဒီနေ့ ကို အလုပ်မဖြစ်ဖူးလို့ သူတို့က သတ်မှတ်ပါတယ်။ အဲ့ဒီအတွက် အပြစ်ပေးခံရပါတယ်။ ဓာတ် နဲ့ တို့ ခံရပါတယ်။ ရိုက်ခံရပါတယ်။ ပိတ်လှောင်ခံထားရပါတယ်။ တခါတခါ ထိုင်ခုံမှာ ကြိုး နဲ့ တုတ်ထားပါတယ်။ ကျနော်မလုပ်နိုင်ဘူး။ ပြန်ချင်တယ်လို့ ပြောရင် ထိုင်ခုံမှာ ကြိုးနဲ့ တုတ်ထားတာပါ။"

သူတတ်နိုင်သလောက် လူတွေ အများကြီးကို ဆက်သွယ်ပြီးနောက် ထွက်လာလို့ ရခဲ့တယ်လို့ Mugisha က ပြောပါတယ်။ နိုင်ငံတာသံရုံးတွေ၊ နိုင်ငံတကာတရား တရားမျှတမှု မစ်ရှင် NGO အဖွဲ့ နဲ့ မြန်မာပြည်မှာ ရှိတဲ့ ယူဂန်ဒါ သံရုံးတွေကိုပါ ဆက်သွယ်ခဲ့တာပါ။ စစ်ကောင်စီကို ဆန့်ကျင်တဲ့ သူပုန်လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံက အွန်လိုင်း လိမ်လည်တဲ့ နေရာတွေမှာ အလားလူ အခြေအနေမျိုးနဲ့ ယူဂန်ဒါနိုင်ငံသား အယောက် ၃၀ လောက်ဟာ အဖမ်းခံနေရတယ် လို့ ယူဂါဒန် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီ လိမ်ညာတဲ့ ရာဇဝတ် ဂိုဏ်းတွေဟာ တရုတ်နိုင်ငံသားတွေ လုပ်ဆောင်နေတာဖြစ်ပြီး ကင်ညာနိုင်ငံကနေ သားကောင်အဖြစ် ခံရသူတွေ မှောင်ခိုပို့ဆောင်လေ့ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အာရှကိုရောက်ရင်တော့ ဒီလူတွေဟာ ရာဇဝတ်ဂိုဏ်းတွေလက်ထဲ ကျရောက်တာပါ။ Derrick Basalirwa Kigenyi ဟာ ယူဂန်ဒါနိုင်ငံက လူကုန်ကူးမှု တားဆီးရေး ဒု ညှိနှိုင်ရေးမှူး ဖြစ်ပြီး ယူဂန်ဒါ တာဝန်ရှိသူတွေဟာ ဒီကိစ္စကို မြန်မာစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ဆွေးနွေးတဲ့အခါမှာတော့ ပြန်လွတ်လာတဲ့ ယူဂန်ဒါ နိုင်ငံသားတွေကို လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေ နဲ့ အရေးမယူပါဘူးလို့ ကတိပေးခဲ့တယ်လို့ Kigenyi က ပြောပါတယ်။

"နောက်ပြီး အဲ့ဒီနေရာတွေက သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေဆိုတာကို သူတို့ကလည်း အသိအမှတ်ပြုပါတယ်။ ဒါကြောင့် ပြည်သူ့စစ်တွေ နဲ့ ပတ်သက်တဲ့ ဥပဒေ မဲ့မှုတွေဟာ သိပ်ကို ရှုပ်ထွေးပါတယ်။"

မြန်မာစစ်ကောင်စီ ပြောခွင့်ရကို ဒီကိစ္စ နဲ့ ပတ်သက်ပြီး ကို မေးမြန်းတဲ့ အခါမှတော့ ဘာမှ တုံ့ပြန်တာမရှိသေးပါဘူး။ တရုတ်ပြည် ပြင်ပက လူတွေကို လိမ်ဖို့အတွက် အင်္ဂလိပ် စကား နဲ့ တခြား ဘာသာစကား ပြောနိုင်တဲ့ လူတွေကို ရာဇဝတ်ဂိုဏ်းတွေက ပစ်မှတ်ထားတဲ့ အကြောင်း လူကုန်ကူးမှုတိုက်ဖျက်ရေး စေတနာ့ဝန်ထမ်းအဖွဲ့ တည်ထောင်သူ Mina Chiang က ပြောပါတယ်။

"အရှေ့အာဖရိက က လူတွေက အင်္ဂလိပ်လို ကောင်းကောင်းပြောတတ်ပါတယ်။ ဒါကြောင့် လိမ်ဖို့ အတွက် ဆိုရင် ပိုလွယ်သွားပါတယ်။ တရုတ် လူမျိုးတင်မက တခြားလူမျိုးတွေကို ပစ်မှတ်ထားနိုင်တာပါ။ တခါတလေမှာတော့ ရာဇဝတ်သားတွေက ခံလိုက်ရတဲ့သူတွေကို သုံးပြီး ဗီဒီယို ကော နဲ့ ပြောဖို့ နောက်ထပ် လိမ်ဖို့ သားကောင်တွေကို ရှာတတ်ပါတယ်။ အင်္ဂလိပ်လို ပြောတတ်တဲ့သူ လိုတယ်မလား။ အင်္ဂလိပ်စကား မပြောတတ်တဲ့ တရုတ် တယောက် ကို လုပ်ခိုင်မယ်ဆိုရင် မလွယ်ဘူး ဖြစ်သွားမယ်လေ။"

မြန်မာနိုင်ငံမှာ ဒီလို လိမ်လည်တဲ့ ရာဇဝတ်မှုတွေဟာ အကျင့်ပျက်ခြစားမှုတွေကြောင့် အကာအကွယ်ရနေပြီး စစ်ကောင်စီ နဲ့ သူပုန် ထိန်းချုပ်တဲ့ နေရာတွေမှာ တရုတ် ရာဇဝတ်ဂိုဏ်းတွေက ခိုလှုံနေကြတာလို့ Chiang က ပြောပါတယ်။

Forum

XS
SM
MD
LG