သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာလို အာဏာရွင္ႏိုင္ငံေတြနဲ႔ေပါင္းၿပီး ၾသဇာႀကီးေအာင္လုပ္ေနတယ္လို႔ ႐ုရွားနဲ႔တ႐ုတ္ကို ယူေကေဝဖန္ 


ၾသစတေးလ်နိုင္ငံေရာက္ရွိနဲ့ ျဗိတိသွ်နိုင္ငံျခားေရး၀န္ၾကီး Liz Truss (ဓာတ္ပံု - AP)

႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံေတြဟာ ျမန္မာ၊ ေျမာက္ကိုရီးယားနဲ႔ ဘဲလား႐ုရွ္လို ကမာၻတဝန္းက အာဏာရွင္ႏိုင္ငံေတြနဲ႔ေပါင္းၿပီး ဒီမိုကေရစီစနစ္ မတည္မၿငိမ္ျဖစ္ေအာင္၊ သူတို႔ရဲ႕ၾသဇာအာဏာႀကီးထြားေအာင္ လုပ္ေနတယ္လို႔ ယူေကႏိုင္ငံျခားေရးဝန္ႀကီးက ဒီကေန႔ ေဝဖန္လိုက္ပါတယ္။

“ကမာၻတဝန္း အာဏာရွင္အစိုးရေတြအခ်င္းခ်င္း မဟာမိတ္ဖြဲ႕လာတာကို က်မတို႔ ေတြ႕ေနရပါတယ္။ ျမန္မာ၊ ေျမာက္ကိုရီးယားနဲ႔ ဘဲလား႐ုရွ္လို အာဏာရွင္ႏိုင္ငံေတြက ႐ုရွားနဲ႔တ႐ုတ္လိုႏိုင္ငံေတြနဲ႔ မဟာမိတ္ဖြဲ႕လာတာဟာ အံ့ၾသစရာေတာ့မဟုတ္ပါဘူး။ ဒီလို ႏိုင္ငံေတြကို ႐ုရွားနဲ႔တ႐ုတ္ကေတာ့ လက္တြဲဘက္လို႔ ျမင္တာမဟုတ္ဘဲ သူတို႔လိုသလိုသုံးႏိုင္တဲ့ ႐ုပ္ေသးေတြလို႔ပဲ သေဘာ ထားတာပါ။ သူတို႔အတြက္ ဝါဒျဖန႔္တာေတြ ပိုမိုလုပ္ေဆာင္ႏိုင္ဖို႔နဲ႔ လြတ္လပ္တဲ့ ဒီမိုကေရစီႏိုင္ငံေတြမွာ မတည္မၿငိမ္ျဖစ္ေအာင္ ႐ုရွားက လုပ္ေဆာင္လိုတာျဖစ္တယ္” လို႔ ယူေက ႏိုင္ငံျခားေရးဝန္ႀကီး Liz Truss က ဒီကေန႔ ၾသစေၾတးလ်ႏိုင္ငံ ဆစ္ဒနီၿမိဳ႕မွာ ေရာက္ေနခ်ိန္ သတင္းစာရွင္းလင္းပြဲတခုအတြင္း ေျပာသြားတာပါ။

ယူကရိန္းအေပၚ ႐ုရွားက ရန္လိုတိုက္ခိုက္ေနတာေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း ဝန္ႀကီး Truss က ရႈတ္ခ်ၿပီး ႐ုရွားဟာ ခုခ်ိန္ထိ သမိုင္းသင္ခန္းစာ မယူႏိုင္ေသးဘူးလို႔ ေဝဖန္သြားပါတယ္။

အလားတူ တ႐ုတ္ႏိုင္ငံဟာလည္း ဘဲလား႐ုရွ္၊ အီရန္နဲ႔ ေျမာက္ကိုရီးယားလို အာဏာရွင္ႏိုင္ငံေတြကို အားေပး အားေျမႇာက္ လုပ္ေနတာလို႔ ေျပာပါတယ္။ တ႐ုတ္ဟာ အီရန္ကေန ေရနံ အမ်ားဆုံးဝယ္ယူတဲ့ ႏိုင္ငံျဖစ္သလို ေျမာက္ကိုရီးယားရဲ႕ အႀကီးဆုံး ကုန္သြယ္ေရး မိတ္ဘက္ႏိုင္ငံ ျဖစ္တယ္လို႔ သူက ေထာက္ျပတာပါ။ ဒီလို အာဏာရွင္ႏိုင္ငံေတြနဲ႔ေပါင္းၿပီး သူတိုရဲ႕ၾသဇာ အာဏာကို ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံေတြက တည္ေဆာက္ေနတာျဖစ္ၿပီး စစ္ေအးေခတ္ကာလေနာက္ပိုင္း အႀကီးမားဆုံး အင္အား ခ်ဲ႕ထြင္လာမႈေတြ ျဖစ္တယ္လို႔ ယူေကဝန္ႀကီး Truss က မွတ္ခ်က္ေပး ေျပာဆိုသြားပါတယ္။

.................................................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာလို အာဏာရှင်နိုင်ငံတွေနဲ့ပေါင်းပြီး သြဇာကြီးအောင်လုပ်နေတယ်လို့ ရုရှားနဲ့တရုတ်ကို ယူကေဝေဖန်

(Unicode)

ရုရှားနဲ့ တရုတ်နိုင်ငံတွေဟာ မြန်မာ၊ မြောက်ကိုရီးယားနဲ့ ဘဲလားရုရှ်လို ကမ္ဘာတဝန်းက အာဏာရှင်နိုင်ငံတွေနဲ့ပေါင်းပြီး ဒီမိုကရေစီစနစ် မတည်မငြိမ်ဖြစ်အောင်၊ သူတို့ရဲ့သြဇာအာဏာကြီးထွားအောင် လုပ်နေတယ်လို့ ယူကေနိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ ဝေဖန်လိုက်ပါတယ်။

“ကမ္ဘာတဝန်း အာဏာရှင်အစိုးရတွေအချင်းချင်း မဟာမိတ်ဖွဲ့လာတာကို ကျမတို့ တွေ့နေရပါတယ်။ မြန်မာ၊ မြောက်ကိုရီးယားနဲ့ ဘဲလားရုရှ်လို အာဏာရှင်နိုင်ငံတွေက ရုရှားနဲ့တရုတ်လိုနိုင်ငံတွေနဲ့ မဟာမိတ်ဖွဲ့လာတာဟာ အံ့သြစရာတော့မဟုတ်ပါဘူး။ ဒီလို နိုင်ငံတွေကို ရုရှားနဲ့တရုတ်ကတော့ လက်တွဲဘက်လို့ မြင်တာမဟုတ်ဘဲ သူတို့လိုသလိုသုံးနိုင်တဲ့ ရုပ်သေးတွေလို့ပဲ သဘော ထားတာပါ။ သူတို့အတွက် ဝါဒဖြန့်တာတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့နဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ မတည်မငြိမ်ဖြစ်အောင် ရုရှားက လုပ်ဆောင်လိုတာဖြစ်တယ်” လို့ ယူကေ နိုင်ငံခြားရေးဝန်ကြီး Liz Truss က ဒီကနေ့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ရောက်နေချိန် သတင်းစာရှင်းလင်းပွဲတခုအတွင်း ပြောသွားတာပါ။

ယူကရိန်းအပေါ် ရုရှားက ရန်လိုတိုက်ခိုက်နေတာတွေနဲ့ ပတ်သက်ပြီးတော့လည်း ဝန်ကြီး Truss က ရှုတ်ချပြီး ရုရှားဟာ ခုချိန်ထိ သမိုင်းသင်ခန်းစာ မယူနိုင်သေးဘူးလို့ ဝေဖန်သွားပါတယ်။

အလားတူ တရုတ်နိုင်ငံဟာလည်း ဘဲလားရုရှ်၊ အီရန်နဲ့ မြောက်ကိုရီးယားလို အာဏာရှင်နိုင်ငံတွေကို အားပေး အားမြှောက် လုပ်နေတာလို့ ပြောပါတယ်။ တရုတ်ဟာ အီရန်ကနေ ရေနံ အများဆုံးဝယ်ယူတဲ့ နိုင်ငံဖြစ်သလို မြောက်ကိုရီးယားရဲ့ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဘက်နိုင်ငံ ဖြစ်တယ်လို့ သူက ထောက်ပြတာပါ။ ဒီလို အာဏာရှင်နိုင်ငံတွေနဲ့ပေါင်းပြီး သူတိုရဲ့သြဇာ အာဏာကို ရုရှားနဲ့ တရုတ်နိုင်ငံတွေက တည်ဆောက်နေတာဖြစ်ပြီး စစ်အေးခေတ်ကာလနောက်ပိုင်း အကြီးမားဆုံး အင်အား ချဲ့ထွင်လာမှုတွေ ဖြစ်တယ်လို့ ယူကေဝန်ကြီး Truss က မှတ်ချက်ပေး ပြောဆိုသွားပါတယ်။

XS
SM
MD
LG