သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္ေရာက္ ျမန္မာေတြကို ကူညီဖို႔ ျပည္ထဲေရးဝန္ႀကီးကို BCUK ေတာင္းဆို


ျမန္မာႏုုိင္ငံမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ဆႏၵျပေနတဲ့ ၿဗိတိန္ေရာက္ျမန္မာႏုိင္ငံသားမ်ား။ (ဧၿပီ ၃၊ ၂၀၂၁)

(Zawgyi / Unicode)

ၿဗိတိန္ႏုိင္ငံမွာ ျပည္ဝင္ခြင့္ဗီဇာ ကုန္ဆုံးၿပီး ျမန္မာႏုိင္ငံကို ျပန္ရမယ့္ ျမန္မာႏုိင္ငံသားေတြကို အကာအကြယ္ေပးဖို႔အတြက္ အထူးေဆာင္ရြက္ခ်က္ေတြကို လုပ္ေဆာင္သြားဖို႔ ၿဗိတိန္အေျခစိုက္ ျမန္မာ့အေရး လႈပ္ရွားမႈအဖဲြ႔ (Burma Campaign UK) က ၿဗိတိန္ျပည္ထဲေရးဝန္ႀကီး Priti Patel ကို ေတာင္းဆုိလိုက္ပါတယ္။

ျမန္မာႏုိင္ငံမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ ႏုိင္ငံတြင္းမွာျဖစ္ေနတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြေၾကာင့္ ၿဗိတိန္မွာေရာက္ရွိေနတဲ့ ေက်ာင္းသားေတြ အပါအဝင္ ျမန္မာႏုိင္ငံသား အေတာ္မ်ားမ်ားဟာ ျမန္မာႏုိင္ငံကိုျပန္ဖို႔ စိုးရိမ္ေနၾကတာ ျဖစ္ပါတယ္။

Burma Campaign UK က စာေရးသား ေတာင္းဆုိလိုက္တာနဲ႔ ပတ္သက္ၿပီး ၿဗိတိန္ျပည္ထဲေရးဝန္ႀကီးဌာနက ၿပီးခဲ့တဲဲ့ ဧၿပီလက တုံ႔ျပန္ခဲ့တာမွာေတာ့ ၿဗိတိန္အစိုးရအေနနဲ႔ ၿဗိတိန္မွာရွိတဲ့ ျမန္မာႏုိင္ငံသားေတြအတြက္ လုပ္ေဆာင္စရာ ရွိတာေတြကို လုပ္ထားၿပီးျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါေပမယ့္ ၿဗိတိန္ျပည္ထဲေရးဝန္ႀကီးဌာနရဲ႕ ေၾကညာခ်က္ထဲမွာ ျမန္မာႏုိင္ငံသားေတြကို အကူအညီေပးဖို႔အတြက္ ေနာက္ထပ္ တိက်တဲ့ လုပ္ေဆာင္ခ်က္ေတြ မပါဝင္ဘူးလို႔ Burma Campaign UK က ေျပာပါတယ္။ ဒါ့အျပင္ ၿဗိတိန္ျပည္ထဲေရးဝန္ႀကီးရဲ႕ ရပ္တည္ခ်က္ဟာ အေမရိကန္ျပည္ေထာင္စုက ျမန္မာႏုိင္ငံသားေတြကို ယာယီ အကာအကြယ္ေပးထားတဲ့ အေျခအေနနဲ႔ မတူဘဲ ဆန္႔က်င္ေနတယ္လို႔ ေျပာလိုက္ပါတယ္။

ၿဗိတိန္မွာရွိေနတဲ့ ျမန္မာႏုိင္ငံသားေတြအေနနဲ႔ ဗီဇာသက္တမ္း တုိးတာေတြကို ထပ္တလဲလဲ လုပ္ေနရတာအစား ေရရွည္ျပည္ဝင္ခြင့္ဗီဇာ ရရွိဖို႔ လိုအပ္ေၾကာင္း၊ ၿဗိတိန္မွာရွိတဲ့ ျမန္မာႏုိင္ငံသားေတြနဲ႔ ပတ္သက္ၿပီး ျပည္ထဲေရးဝန္ႀကီးဟာ ႏွစ္ဖက္စလုံး အက်ိဳးမရွိတဲ့ ခ်ဥ္းကပ္မႈျဖစ္ၿပီး ဘာမွအဓိပၸါယ္မရွိဘူးလို႔ Burma Campaign UK အဖြ႔ဲရဲ႕ ညႊန္ၾကားေရးမွဴး Mark Farmaner က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

ဗြိတိန်ရောက် မြန်မာတွေကို ကူညီဖို့ ပြည်ထဲရေးဝန်ကြီးကို BCUK တောင်းဆို

ဗြိတိန်နိုင်ငံမှာ ပြည်ဝင်ခွင့်ဗီဇာ ကုန်ဆုံးပြီး မြန်မာနိုင်ငံကို ပြန်ရမယ့် မြန်မာနိုင်ငံသားတွေကို အကာအကွယ်ပေးဖို့အတွက် အထူးဆောင်ရွက်ချက်တွေကို လုပ်ဆောင်သွားဖို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (Burma Campaign UK) က ဗြိတိန်ပြည်ထဲရေးဝန်ကြီး Priti Patel ကို တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတွင်းမှာဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဗြိတိန်မှာရောက်ရှိနေတဲ့ ကျောင်းသားတွေ အပါအဝင် မြန်မာနိုင်ငံသား အတော်များများဟာ မြန်မာနိုင်ငံကိုပြန်ဖို့ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

Burma Campaign UK က စာရေးသား တောင်းဆိုလိုက်တာနဲ့ ပတ်သက်ပြီး ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဧပြီလက တုံ့ပြန်ခဲ့တာမှာတော့ ဗြိတိန်အစိုးရအနေနဲ့ ဗြိတိန်မှာရှိတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ဆောင်စရာ ရှိတာတွေကို လုပ်ထားပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာ မြန်မာနိုင်ငံသားတွေကို အကူအညီပေးဖို့အတွက် နောက်ထပ် တိကျတဲ့ လုပ်ဆောင်ချက်တွေ မပါဝင်ဘူးလို့ Burma Campaign UK က ပြောပါတယ်။ ဒါ့အပြင် ဗြိတိန်ပြည်ထဲရေးဝန်ကြီးရဲ့ ရပ်တည်ချက်ဟာ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံသားတွေကို ယာယီ အကာအကွယ်ပေးထားတဲ့ အခြေအနေနဲ့ မတူဘဲ ဆန့်ကျင်နေတယ်လို့ ပြောလိုက်ပါတယ်။

ဗြိတိန်မှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဗီဇာသက်တမ်း တိုးတာတွေကို ထပ်တလဲလဲ လုပ်နေရတာအစား ရေရှည်ပြည်ဝင်ခွင့်ဗီဇာ ရရှိဖို့ လိုအပ်ကြောင်း၊ ဗြိတိန်မှာရှိတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဟာ နှစ်ဖက်စလုံး အကျိုးမရှိတဲ့ ချဉ်းကပ်မှုဖြစ်ပြီး ဘာမှအဓိပ္ပါယ်မရှိဘူးလို့ Burma Campaign UK အဖွ့ဲရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG