သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ယူကရိန်း-ရုရှား ငြိမ်းချမ်းရးကိစ္စ ဖုန်းဆက်


ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသမှာ ဖြစ်ပွါးတဲ့တိုက်ပွဲတွေ အဆုံးသတ်နိုင်ဖို့ ၂၀၁၅ ခုနှစ်မှာ ရရှိခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အကောင်ထည်ဖေါ်နိုင်ရေး ရုရှားသမ္မတ Vladimir Putin နဲ့ ယူကရိန်း သမ္မတ Petro Poroshenko တို့ ဆွေးနွေးခဲ့ကြတယ်လို့ ရုရှားသတင်းမီဒီယာတွေမှာဖေါ်ပြပါတယ်။

Donbass ဒေသမှာ တင်းမာမှုတွေ တိုးလာနေသလို ဒေသတွင်းယူကရိန်းတပ်တွေရဲ့ ပြင်းထန်တဲ့ ထိုးစစ်တွေကြောင့် အရပ်သား သေဆုံးမှု တိုးလာတာကို သမ္မတ Putin က စိုးရိမ်စိတ်ပူကြောင်း ပြောကြားခဲ့တယ်လို့ ရုရှားအစိုးရက သတင်းထုတ်ပြန်ပါတယ်။

၂၀၁၅ ဖေဖေါ်ဝါရီလက Minsk မှာ အပစ်ရပ်သဘောတူညီချက်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂ ဖက်တပ်တွေ ကြား အပစ်ရပ်သဘောာတူညီချက်ကို နေ့စဉ်လိုလို ချိုးဖေါက်မှုတွေ ရှိနေတာမို့ ဒေသတွင်း တိုက်ပွဲတွေက ဆက်ပြီးဖြစ်ပွါးနေခဲ့တာပါ။

ခေါင်းဆောင် ၂ ဦးဟာ ကြာသပတေးနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးခဲ့တာဖြစ်ပြီး ဒါဟာ သီတင်း ၂ ပတ်အတွင်း ဒုတိယအကြိမ် မြောက် ဖုန်းဆက်သွယ်ပြောကြားတာ ဖြစ်ကြောင်း ရုရှာ Interfax သတင်းက ဖေါ်ပြပါတယ်။ ဒါ့အပြင် ယူကရိန်း သမ္မတ Poroshenko က ရုရှား သမ္မတ Putin ကို ဇွန်လ ၉ ရက်နေ့က ဆက်သွယ်ပြီး အကျဉ်းသား လဲလှယ်ရေးအပါအဝင် လူသားချင်းစာနာမှု ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။

ရုရှားနိုင်ငံ Siberia ဒေသမှာ အနှစ် ၂၀ ထောင်ဒဏ်ကျခံနေရတဲ့ ယူကရိန်း ရုပ်ရှင်ထုတ်လုပ်သူ Oleg Sentsov ကို ရုရှားက ပြန်လွှတ်ပေးဖို့ ဥရောပ ကောင်စီက တောင်းဆိုပြီး နောက်တနေ့မှာပဲ ရုရှားနဲ့ ယူကရိန်း ခေါင်းဆောင် ၂ ဦး ဖုန်းနဲ့ ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်း-ရုရှား ငြိမ်းချမ်းရးကိစ္စ ဖုန်းဆက်
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG