သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားပိုင်နက်ထဲ ယူကရိန်း ဒုံးကျည်တွေပစ်ခတ်


Storm Shadow ဒုံးကျည်တစင်းကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့က လေကြောင်းပြပွဲမှာ တွေ့ရစဥ်။ (ဇွန် ၁၉၊ ၂၀၂၃)
Storm Shadow ဒုံးကျည်တစင်းကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့က လေကြောင်းပြပွဲမှာ တွေ့ရစဥ်။ (ဇွန် ၁၉၊ ၂၀၂၃)

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တိုက်ခိုက်မှုအတော်များများလုပ်ခဲ့တယ်လို့ ရုရှားတို့ကပြောကြားခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာပဲ ယူကရိန်းကလည်း ဗြိတိန်နိုင်ငံရဲ့ ခွင့်ပြုချက်နဲ့ ရုရှားပိုင်နက်ထဲကို Storm Shadow ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ နှစ်နိုင်ငံစလုံးက ပြောကြပါတယ်။

ရုရှားကာကွယ်ရေးဌာနကလည်း ယူကရိန်းရဲ့ဘက်ပေါင်းစုံကတိုက်ခိုက်မှုတွေကို တွန်းလှန်ခဲ့တဲ့နေရာမှာ သေဆုံးဒဏ်ရာရခဲ့တဲ့ ယူကရိန်းတပ်ဖွဲ့ဝင် ၁,၃၀၀ ကျော်ရှိပြီး တင့်ကား ၃ စီး၊ သံချပ်ကာယာဥ် ၄ စီးနဲ့ ကား ၃၁ စီးနဲ့ အခြားပစ္စည်းကိရိယာတွေ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ယူကရိန်းရဲ့ MiG-29 ဂျက်တိုက်လေယာဥ်နဲ့ ဒရုန်း ၂၁ စင်းကို ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်ချခဲ့ပြီး အမေရိကန်လုပ် HARM ဓာတ်ရောင်ခြည် ကာကွယ်ရေးဒုံး ၂ စင်း၊ ပြင်သစ်လုပ် Hammer ပဲ့ထိန်းဗုံးတွေနဲ့ ပဲ့ထိန်းတပ် ရော့ကက်ဒုံးအမျိုးမျိုးကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့လည်း ရုရှားကာကွယ်ရေးဌာနက ပြောပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းလေတပ်ကလည်း ပြီးခဲ့တဲ့၂၄ နာရီအတွင်း တိုက်ပွဲပေါင်း ၁၃၉ ကြိမ်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ ရုရှားစစ်ဘက်ဆိုင်ရာ စခန်းနှစ်ခုနဲ့ လောင်စာဆီသိုလှောင်ရုံနှစ်ခုကို တိုက်ခိုက်ခဲ့တယ်လို့လည်း ယူကရိန်းတို့ကပြောပါတယ်။ Lyptsi ဒေသထဲ ရုရှားတို့ရဲ့ တိုက်ခိုက်မှုနှစ်ခုကို ယူကရိန်းတပ်ဖွဲ့တွေ ဟန့်တားနိုင်ခဲ့ပြီး လက်ရှိမှာတော့ ယူကရိန်းက သူ့ရဲ့ ကာကွယ်ရေးအင်အား ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်နေပါတယ်။

ရုရှားရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ရှိရာ Kharkiv ဒေသထဲကနေ နေရပ်ပြောင်းရွှေ့ရသူ ၁၁,၀၀၀ ကျော်သွားပြီလို့ ဒေသအာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG