သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ရာဇ၀တ္မႈ က်ဳးလြန္မႈ စြပ္စဲြခ်က္နဲ႔ ႐ုရွားတပ္ဖဲြ႕ေတြ အေပၚ အေရးယူဖို႔ ယူကရိန္းႀကိဳးပမ္း


(Zawgyi / Unicode)

ယူကရိန္းကုိ က်ဴးေက်ာ္တဲ့ ရုရွားတပ္ေတြထဲက စစ္ရာဇ၀တ္မႈ က်ဴးလြန္တယ္လုိ႔ သံသယ ရွိသူ ၆၀၀ ကုိ စံုစမ္းေဖၚထုတ္ထားႏုိင္တယ္လုိ႔ ယူကရိန္း အစိုးရေရွ႕ေနအဖဲြ႕ အႀကီးအကဲက ေျပာဆုိလုိက္ ပါတယ္။
"ယူကရိန္းမွာ ေန႔စဥ္ စစ္ရာဇ၀တ္မႈ ၂၀၀၊ ၃၀၀ ေလာက္ တိုးလာေနပါတယ္။

အခုဆိုရင္ စစ္ရာဇ၀တ္မႈေပါင္း ၁ ေသာင္းခဲြနီးပါး ရွိေနပါၿပီ" လို႔ ယူကရိန္း အစိုးရေရွ႕ေနအဖဲြ႕ အႀကီးအကဲ Iryna Venediktova က နယ္သာလန္ႏိိုင္ငံ The Hague ၿမိဳ႕မွာ အဂၤါေန႔က လုပ္တဲ႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာသြားတာပါ။

အဲဒီ သံသယရွိသူ ၆၀၀ ထဲက ၈၀ ကုိ စတင္ တရားစဲြဆုိေနၿပီ ျဖစ္ေၾကာင္းနဲ႔ အဲဒီ အထဲမွာ ရုရွား ထိပ္တန္း စစ္ဘက္အရာရွိႀကီးေတြ ပါ၀င္သလုိ ႏုိင္ငံေရးသမားေတြနဲ႔ ၀ါဒျဖန္ခ်ိေရး သမားေတြလည္း ပါ၀င္တယ္လုိ႔ ေျပာဆုိပါတယ္။

စံုစမ္းစစ္ေဆးမႈေတြမွာ အက္စတုိးနီးယား၊ လက္တီဗာ၊ စလုိဗက္ကီးယား၊ လစ္သူေရးနီးယား နဲ႔ ပုိလန္ႏုိင္ငံေတြလည္း ပူးေပါင္းပါ၀င္တယ္လုိ႔လည္း သူမကေျပာပါတယ္။
ဒီႏုိင္ငံေပါင္းစုံ ပါ၀င္တဲ့ အဖဲြ႔ဟာ စစ္ရာဇ၀တ္မႈ က်ဳးလြန္ႏိုင္ေခ်နဲ႔ ပတ္သက္လို႔ မတ္လ ကတည္းက စုံစမ္းေနတဲ့ The Hague ၿမိဳ႔မွာရွိတဲ့ ႏုိင္ငံတကာ ရာဇ၀တ္မႈခုံရုံး ICC နဲ႔လည္း ပူးေပါင္း ေဆာင္ရြက္ေနပါတယ္။

ဘယ္တရားရုံးမွာမဆုိ လက္ခံႏုိင္ေလာက္တဲ့ သက္ေသ အေထာက္အထား ေတြကုိ ခ်က္ခ်င္း စုေဆာင္းသိမ္းဆည္းၿပီး မေပ်ာက္ပ်က္ေအာင္ ကာကြယ္ထားပါတယ္လုိ႔ အမ်ိဳးသမီး ဥပေဒပညာရွင္ Venediktova ကေျပာဆုိခဲ့ပါတယ္။

ရုရွားကေတာ့ ေဖေဖၚ၀ါရီလ ၂၄ ရက္ေန႔ ယူကရိန္းကုိ စတင္က်ဴးေက်ာ္ၿပီး ေနာက္ပုိင္း အရပ္သားေတြကုိ ပစ္မွတ္ထား တုိက္ခုိက္တယ္ဆုိတဲ့ စြပ္စဲြခ်က္ေတြကုိ မဟုတ္မမွန္ေၾကာင္း ေတာက္ေလွ်ာက္ ျငင္းဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

စစ်ရာဇဝတ်မှု ကျုးလွန်မှု စွပ်စွဲချက်နဲ့ ရုရှားတပ်ဖွဲ့တွေ အပေါ် အရေးယူဖို့ ယူကရိန်းကြိုးပမ်း

ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားတပ်တွေထဲက စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ သံသယ ရှိသူ ၆၀၀ ကို စုံစမ်းဖေါ်ထုတ်ထားနိုင်တယ်လို့ ယူကရိန်း အစိုးရရှေ့နေအဖွဲ့ အကြီးအကဲက ပြောဆိုလိုက် ပါတယ်။

"ယူကရိန်းမှာ နေ့စဉ် စစ်ရာဇဝတ်မှု ၂၀၀၊ ၃၀၀ လောက် တိုးလာနေပါတယ်။ အခုဆိုရင် စစ်ရာဇဝတ်မှုပေါင်း ၁ သောင်းခွဲနီးပါး ရှိနေပါပြီ" လို့ ယူကရိန်း အစိုးရရှေ့နေအဖွဲ့ အကြီးအကဲ Iryna Venediktova က နယ်သာလန်နိုင်ငံ The Hague မြို့မှာ အင်္ဂါနေ့က လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။

အဲဒီ သံသယရှိသူ ၆၀၀ ထဲက ၈၀ ကို စတင် တရားစွဲဆိုနေပြီ ဖြစ်ကြောင်းနဲ့ အဲဒီ အထဲမှာ ရုရှား ထိပ်တန်း စစ်ဘက်အရာရှိကြီးတွေ ပါဝင်သလို နိုင်ငံရေးသမားတွေနဲ့ ဝါဒဖြန်ချိရေး သမားတွေလည်း ပါဝင်တယ်လို့ ပြောဆိုပါတယ်။

စုံစမ်းစစ်ဆေးမှုတွေမှာ အက်စတိုးနီးယား၊ လက်တီဗာ၊ စလိုဗက်ကီးယား၊ လစ်သူရေးနီးယား နဲ့ ပိုလန်နိုင်ငံတွေလည်း ပူးပေါင်းပါဝင်တယ်လို့လည်း သူမကပြောပါတယ်။
ဒီနိုင်ငံပေါင်းစုံ ပါဝင်တဲ့ အဖွဲ့ဟာ စစ်ရာဇဝတ်မှု ကျုးလွန်နိုင်ချေနဲ့ ပတ်သက်လို့ မတ်လ ကတည်းက စုံစမ်းနေတဲ့ The Hague မြို့မှာရှိတဲ့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC နဲ့လည်း ပူးပေါင်း ဆောင်ရွက်နေပါတယ်။

ဘယ်တရားရုံးမှာမဆို လက်ခံနိုင်လောက်တဲ့ သက်သေ အထောက်အထား တွေကို ချက်ချင်း စုဆောင်းသိမ်းဆည်းပြီး မပျောက်ပျက်အောင် ကာကွယ်ထားပါတယ်လို့ အမျိုးသမီး ဥပဒေပညာရှင် Venediktova ကပြောဆိုခဲ့ပါတယ်။
ရုရှားကတော့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ ယူကရိန်းကို စတင်ကျူးကျော်ပြီး နောက်ပိုင်း အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မဟုတ်မမှန်ကြောင်း တောက်လျှောက် ငြင်းဆိုပါတယ်။

XS
SM
MD
LG