သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းလွှတ်တော်က ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးသစ်ခန့်အပ်

ယူကရိန်းရဲ့ အသစ်ခန့်အပ်လိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီး Andriy Sybiga (စက်တင်ဘာ ၅၊ ၂၀၂၄)
ယူကရိန်းရဲ့ အသစ်ခန့်အပ်လိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီး Andriy Sybiga (စက်တင်ဘာ ၅၊ ၂၀၂၄)

ယူကရိန်းအစိုးရပိုင်းမှာ သမ္မတ Volodymyr Zelenskyy က အပြောင်းအလဲတွေ လုပ်နေချိန်မှာပဲ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဖြစ်တဲ့ အန်ဒရီ စဘီလာ (Andriy Sybiga) ကို ကြာသပတေးနေ့မှာ ယူကရိန်းလွှတ်တော်က နိုင်ငံခြားရေး ဝန်ကြီးသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

အသက် ၄၉ နှစ်အရွယ် စဘီလာကို Dmytro Kuleba နေရာမှာ အစားထိုးခန့်အပ်လိုက်တာပါ။

သူဟာ လပေါင်း ၃၀ ရှိလာပြီဖြစ်တဲ့ ရုရှားကျူးကျော်စစ်ကို တွန်းလှန်နေတဲ့ယူကရိန်းအတွက် အနောက်မဟာမိတ်တွေဆီက စစ်ရေး အကူအညီတွေ ပိုရဖို့ တက်တက်ကြွကြွ ဆောင်ရွက်နေသူဖြစ်ပါတယ်။ အင်္ဂလိပ်နဲ့ ပိုလန်ဘာသာစကားပြောပါ ကျွမ်းကျင်တဲ့ စဘီလာဟာ တူရကီဆိုင်ရာ ယူကရိန်းသံအမတ်ကြီး တာဝန်တွေကိုပါ ထမ်းဆောင်နေသူဖြစ်ပါတယ်။ သူဟာ ဝန်ကြီး Kuleba ထက်ပိုပြီး သမ္မတ Zelenskyy ရဲ့ ဝန်ထမ်းအရာရှိချုပ် Andriy Yermak နဲ့ ရင်းနှီးကျွမ်းဝင်သူအဖြစ် သိကြပါတယ်။

ယူကရိန်းရဲ့ ခိုင်မာတဲ့ မဟာမိတ်ဖြစ်တဲ့ အိမ်နီးချင်း ပိုလန်နိုင်ငံခြာရေးဝန်ကြီးဌာနက စဘီလာကို ဂုဏ်ပြုချီးကျူးလိုက်ပြီး နောင်မှာ ယူကရိန်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပြင်နေကြောင်း လူမှုမီဒီယာ X မှာ ပြောပါတယ်။

Kubela ရဲ့ နိုင်ငံရေးကျွမ်းကျင်မှုကို သိကြပေမယ့် သမ္မတ Zelenskyy က နိုင်ငံခြားရေးမူဝါဒ ဆိုင်ရာမှာ ပိုတင်းကြပ်အောင် ဆောင်ရွက်မှုတွေ လုပ်ဖို့ သူ့ကို အခုလို ဖယ်ရှားလိုက်တာ ဖြစ်ကြောင်းလည်း သုံးသပ်နေကြတာပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကတော့ Kuleba နဲ့ လက်တွဲဆောက်ရွက်ရတာအတွက် ဝမ်းမြောက်ကျေးဇူးတင်ကြောင်း ပြောကြားတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Matthew Miller က ပြောပါတယ်။

ကြာသပတေးနေ့မှာ ယူကရိန်းလွှတ်တော်က ဒုတိယ ဝန်ကြီးချုပ်သစ် ၂ ဦးနဲ့ ဝန်ကြီးအသစ် ၆ ဦးတို့ရဲ့ အမည်စာရင်းတွေကို အတည်ပြုပေးခဲ့သလို တခြားရာထူးအများအပြားအတွက်လည်း လူသစ်တွေ ခန့်အပ်အတည်ပြု ပေးခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းလွှတ်တော်က ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးသစ်ခန့်အပ်
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG