သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းတိုက်ခန်း ရုရှားမစ်ဇိုင်းဒုံး ထိမှန်မှုကြောင့် ၃၀ ထက်မနည်းသေ 


Aftermath of Dnipro apartment block destruction following missile strike
Aftermath of Dnipro apartment block destruction following missile strike

ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်း Dnipro မြို့က ရုရှားမစ်ဇိုင်းဒုံး ထိမှန်ပျက်စီးသွားတဲ့ လူနေတိုက်ခန်းတွဲ အဆောက်အဦထဲက အသက်မသေ ကျန်သူတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ယူကရိန်းသမ္မတက ပြောလိုက်ပါတယ်။

ယူကရိန်းတိုက်ခန်း ရုရှားမစ်ဇိုင်းဒုံး ထိမှန်မှုကြောင့် ၃၀ ထက်မနည်းသေ

{{Zawgyi/Unicode}}
ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်း Dnipro မြို့က ရုရှားမစ်ဇိုင်းဒုံး ထိမှန်ပျက်စီးသွားတဲ့ လူနေတိုက်ခန်းတွဲ အဆောက်အဦထဲက အသက်မသေ ကျန်သူတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ယူကရိန်းသမ္မတက ပြောလိုက်ပါတယ်။ မစ်ဇိုင်းဒုံး ထိမှန်ရာက အဆောက်အဦထဲမှာ အသက် ၁၅ နှစ်အရွယ် ကလေးတယောက် အပါအဝင် ၃၀ ထက်မနည်း သေဆုံးပြီး၊ ၃၀ လောက် ပျောက်ဆုံးနေကြောင်း ယူကရိန်း သမ္မတ Volodymyr Zelenskiy က တနင်္ဂနွေနေ့က ပြောပါတယ်။ အဲဒီလို တိုက်ခိုက်မှုကို ရှုတ်ချဖို့ ပျက်ကွက်တဲ့ ရုရှားလူမျိုးတိုင်းဟာ သူရဲဘောကြောင်သူတွေ သာဖြစ်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

Dnipro မြို့တော်ဝန် Borys Filatov ကတော့ အပျက်အစီးတွေကြားမှာ အသက်ရှင်ကျန်ခဲ့သူတွေကို ကယ်ဆယ်နိုင်ဖို့ အခြေအနေက သိပ်မရှိတော့ဘူးလို့ တနင်္ဂနွေနေ့က Reuteurs သတင်းဌာနကို ပြောပါတယ်။ ရုရှားတပ်တွေ စနေနေ့က မစ်ဇိုင်းဒုံး အများအပြား ပစ်ခတ်ခဲ့တဲ့အထဲမှာ အခုလူနေထိုက်ခန်းကိုလည်း ထိမှန်ခဲ့တာပါ။

မကြာသေးခင် လတွေက ရုရှားဖက်ကနေ မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်ခဲ့လို့ ယူကရိန်းနိုင်ငံအတွင်းမှာ အရေးကြီးတဲ့ အခြေခံ အဆောက်အဦတွေ ပျက်စီးခဲ့ရတာကြောင့် လျှပ်စစ်မီးတွေ ပြတ်တောက်နေသလို၊ အရပ်သားသေဆုံးမှုတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}



XS
SM
MD
LG