သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းကို ႐ုရွား ဆက္တိုက္ေနၿပီး ယူကရိန္းဘက္ကလည္း အျပင္းအထန္ ခုခံဆဲ 


 က်ဴးေက်ာ္ဝင္ေရာက္လာတဲ့႐ုရွားရန္က ၿမိဳ႕ကို ခုခံကာကြယ္ဖို႔ မိုလိုေတာ့ဗ္ေကာ့ေတးဗံုးပစ္ေလ့က်င့္ေနတဲ့အရပ္သားတဦး။ (မတ္ ၁၊ ၂၀၂၂) 


[[Zawgyi/Unicode]]

ယူကရိန္းကို ႐ုရွားကက်ဴးေက်ာ္တိုက္ခိုက္ေနတာ သီတင္းတပတ္ၾကာလာၿပီျဖစ္ၿပီး ယူကရိန္းၿမိဳ႕ႀကီးတခ်ိဳ႕ အဝိုင္းခံထားရသလို ဒုကၡသည္ သန္းနဲ႔ခ်ီ ထြက္ေျပးေနရပါတယ္။

႐ုရွားတပ္ေတြအေနနဲ႔ ယူကရိန္းရဲ႕အဓိကၿမိဳ႕ႀကီးေတြကို လက္နက္ႀကီးေတြနဲ႔တိုက္ခိုက္ေနၿပီး ယူကရိန္းနယ္စပ္ေက်ာ္ ထြက္ေျပးေနရတဲ့ ဒုကၡသည္ေပါင္း ၁ သန္းေက်ာ္လာခ်ိန္မွာ ယူကရိန္းသမၼတ Volodymyr Zelenskyy က ရန္သူရဲ႕အစီအစဥ္ေတြကို ဖ်က္ဆီးႏိုင္ခဲ့တယ္လို႔ ဒီေန႔ေျပာလိုက္ပါတယ္။

႐ုရွားအေနနဲ႔ Kharkiv ၊ Chernihiv နဲ႔ Mariupol ၿမိဳ႕ႀကီးေတြကို အျပင္းအထန္ဆက္တိုက္ေနေပမယ့္ အားလုံးကို ယူကရိန္းလက္ထဲမွာ ဆက္ထိန္းထားႏိုင္တယ္လို႔ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးကလည္း ဒီေန႔ေျပာပါတယ္။

ဒါေပမဲ့ ႐ုရွား အရင္သိမ္းထားခဲတဲ့ Crimea ေဒသအေပၚနားက ႏိုင္ငံေတာင္ပိုင္း ၿမိဳ႕ႀကီး Kherson ရဲ႕ အေျခအေနကေတာ့ မေသခ်ာေတာ့ဘဲ ဒီၿမိဳ႕ထဲ အဓိကေနရာေတြမွာ ႐ုရွားတပ္ေတြေရာက္ေနၿပီး လက္ရွိမွာ ဘယ္သူက ၿမိဳ႕ကိုထိန္းထားတယ္ဆိုတာ အျငင္းပြားေနဆဲျဖစ္ပါတယ္။

ယူကရိန္းကာကြယ္ေရးဝန္ႀကီး Oleksii Reznikov ကလည္း အခုလို တပတ္ၾကာအထိ ယူကရိန္းအေနနဲ႔ ႐ုရွားတပ္ႀကီးကို ခုခံထားႏိုင္မယ္လို႔ အရင္တုန္းက ဘယ္သူမွမထင္ခဲ့ဘဲ စိန္ေခၚမႈႀကီးေတြ ဆက္ႀကဳံေနရေပမယ့္ ယူကရိန္းဘက္က ယုံၾကည္မူရွိရွိနဲ႔ ဆက္ခုခံထားႏိုင္တယ္လို႔ ဆိုပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken အေနနဲ႔လည္း ယူကရိန္းဒုကၡသည္ အမ်ားဆုံးလက္ခံထားတဲ့ ပိုလန္အပါအဝင္ ဥေရာပကို ဒီေန႔ခရီးထြက္ၿပီး ယူကရိန္းအေရး ေနတိုးစစ္မဟာမိတ္အဖြဲ႔နဲ႔ ေတြ႔ဆုံဖို႔ရွိေနခ်ိန္မွာ ယူကရိန္းကို စစ္လက္နက္ ဆက္ပို႔ေနတာအျပင္ ဂ်ာမနီကိုလည္း အေမရိကန္တပ္သားေပါင္း ၄,၀၀၀ နီးပါး မေန႔က ထပ္ပို႔လိုက္ပါတယ္။

႐ုရွားဘက္ကေတာ့ သတင္းမီဒီယာဌာနတခ်ိဳ႕ကို ပိတ္လိုက္ၿပီး VOA အေမရိကန္အသံကိုလည္း ပိတ္မယ္လို႔ ၿခိမ္းေျခာက္လိုက္တဲ့အေပၚ အမွန္တရားကို ဖုံးကြယ္ဖို႔လုပ္တာလို႔ အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က ေဝဖန္ပါတယ္။

တခ်ိန္တည္းမွာ ႐ုရွားနဲ႔ယူကရိန္းအၾကား ဒီေန႔ ဒုတိယတေခါက္ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ေမွ်ာ္လင့္ခ်က္ဆက္ ရွိေနေပမယ့္ ခ်က္ခ်င္း အေျဖရႏိုင္မယ့္ အေနအထားေတာ့ မျမင္ေသးဘူးလို႔ သုံးသပ္မႈေတြလည္းရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ယူကရိန်းကို ရုရှား ဆက်တိုက်နေပြီး ယူကရိန်းဘက်ကလည်း အပြင်းအထန် ခုခံဆဲ

ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်နေတာ သီတင်းတပတ်ကြာလာပြီဖြစ်ပြီး ယူကရိန်းမြို့ကြီးတချို့ အဝိုင်းခံထားရသလို ဒုက္ခသည် သန်းနဲ့ချီ ထွက်ပြေးနေရပါတယ်။

ရုရှားတပ်တွေအနေနဲ့ ယူကရိန်းရဲ့အဓိကမြို့ကြီးတွေကို လက်နက်ကြီးတွေနဲ့တိုက်ခိုက်နေပြီး ယူကရိန်းနယ်စပ်ကျော် ထွက်ပြေးနေရတဲ့ ဒုက္ခသည်ပေါင်း ၁ သန်းကျော်လာချိန်မှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ရန်သူရဲ့အစီအစဉ်တွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဒီနေ့ပြောလိုက်ပါတယ်။

ရုရှားအနေနဲ့ Kharkiv ၊ Chernihiv နဲ့ Mariupol မြို့ကြီးတွေကို အပြင်းအထန်ဆက်တိုက်နေပေမယ့် အားလုံးကို ယူကရိန်းလက်ထဲမှာ ဆက်ထိန်းထားနိုင်တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးကလည်း ဒီနေ့ပြောပါတယ်။

ဒါပေမဲ့ ရုရှား အရင်သိမ်းထားခဲတဲ့ Crimea ဒေသအပေါ်နားက နိုင်ငံတောင်ပိုင်း မြို့ကြီး Kherson ရဲ့ အခြေအနေကတော့ မသေချာတော့ဘဲ ဒီမြို့ထဲ အဓိကနေရာတွေမှာ ရုရှားတပ်တွေရောက်နေပြီး လက်ရှိမှာ ဘယ်သူက မြို့ကိုထိန်းထားတယ်ဆိုတာ အငြင်းပွားနေဆဲဖြစ်ပါတယ်။

ယူကရိန်းကာကွယ်ရေးဝန်ကြီး Oleksii Reznikov ကလည်း အခုလို တပတ်ကြာအထိ ယူကရိန်းအနေနဲ့ ရုရှားတပ်ကြီးကို ခုခံထားနိုင်မယ်လို့ အရင်တုန်းက ဘယ်သူမှမထင်ခဲ့ဘဲ စိန်ခေါ်မှုကြီးတွေ ဆက်ကြုံနေရပေမယ့် ယူကရိန်းဘက်က ယုံကြည်မူရှိရှိနဲ့ ဆက်ခုခံထားနိုင်တယ်လို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken အနေနဲ့လည်း ယူကရိန်းဒုက္ခသည် အများဆုံးလက်ခံထားတဲ့ ပိုလန်အပါအဝင် ဥရောပကို ဒီနေ့ခရီးထွက်ပြီး ယူကရိန်းအရေး နေတိုးစစ်မဟာမိတ်အဖွဲ့နဲ့ တွေ့ဆုံဖို့ရှိနေချိန်မှာ ယူကရိန်းကို စစ်လက်နက် ဆက်ပို့နေတာအပြင် ဂျာမနီကိုလည်း အမေရိကန်တပ်သားပေါင်း ၄,၀၀၀ နီးပါး မနေ့က ထပ်ပို့လိုက်ပါတယ်။

ရုရှားဘက်ကတော့ သတင်းမီဒီယာဌာနတချို့ကို ပိတ်လိုက်ပြီး VOA အမေရိကန်အသံကိုလည်း ပိတ်မယ်လို့ ခြိမ်းခြောက်လိုက်တဲ့အပေါ် အမှန်တရားကို ဖုံးကွယ်ဖို့လုပ်တာလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က ဝေဖန်ပါတယ်။

တချိန်တည်းမှာ ရုရှားနဲ့ယူကရိန်းအကြား ဒီနေ့ ဒုတိယတခေါက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ မျှော်လင့်ချက်ဆက် ရှိနေပေမယ့် ချက်ချင်း အဖြေရနိုင်မယ့် အနေအထားတော့ မမြင်သေးဘူးလို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။

=================

XS
SM
MD
LG