သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

"ဒုတိယကမာၻစစ္ေနာက္ပိုင္း ကမာၻစားနပ္ရိကၡာအက်ပ္အတည္းအဆိုးဝါးဆုံးႀကဳံႏိုင္" WFP


႐ုရွားတိုက္ခုိက္ခံရတဲ့ ယူကရိန္းႏိုင္ငံ ကာကိဗ္ၿမိဳ႕မွာ ေစတနာ့ဝန္ထမ္းေတြက ေထာက္ပံ့ေပးမယ့္အစားအေသာက္ရိကၡာထုတ္ေတြ သယ္ေပးေနစဥ္။ (မတ္ ၂၈၊ ၂၀၂၂)  

[[Zawgyi/Unicode]]

ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္တိုက္ခိုက္မႈေၾကာင့္ ဒုတိယကမာၻစစ္ကတည္းကဆိုရင္ ကမာၻ႔စားနပ္ရိကၡာဆိုင္ရာ အဆိုးရြားဆံုး အက်ပ္အတည္းနဲ႔ ၾကံဳရႏုိင္တယ္လုိ႔ ကုလသမဂၢ စားနပ္ရိကၡာအစီအစဥ္ (WFP) အႀကီးအကဲက ေျပာပါတယ္။

တလၾကာစစ္ပြဲေၾကာင့္ ယူကရိန္းႏုိင္ငံဟာ ကမာၻကို စားနပ္ရိကၡာေထာက္ပံ့တဲ့ ႏုိင္္ငံအျဖစ္ကေန စားစရာ အလွဴခံရတဲ့ ႏုိင္ငံ အဆင့္ ေရာက္သြားတယ္လို႔ WFP အႀကီးအကဲ David Beasley က ကုလသမဂၢလံုျခံဳေရးေကာင္စီကို အဂၤါေန႔မွာ ေျပာခဲ့ပါတယ္။

ကမာၻတဝန္းက လူေပါင္း ၁၂၅ သန္းကို ေကၽြးေမြးဖို႔ WFP က ဝယ္ယူေနတဲ့ ေကာက္ပဲသီးႏွံ ၅၀% ဟာ ယူူကရိန္းႏုိင္ငံက လာတာ ျဖစ္တယ္လို႔ David Beasley က လံုျခံဳေရးေကာင္စီိကိုေျပာပါတယ္။ အခုစစ္ပြဲေၾကာင့္ ယီမင္လို စစ္ဒဏ္သင့္ႏုိင္ငံေတြကို ေထာက္ပံ့ေနတဲ့ စားနပ္ရိကၡာခြဲတန္းကို ေလွ်ာ့ခ်ရေတာ့မယ္လို႔လည္း သတိေပးပါတယ္။ စားေသာက္ကုန္၊ ေလာင္စာဆီနဲ႔ သယ္ယူပို႔ေဆာင္ေရး စရိတ္ေတြ တက္လာတာေၾကာင့္ ယီမင္အတြက္ စားနပ္ရိကၡာအကူအညီကို ထက္ဝက္ ေလွ်ာ့ခ်ခဲ့ရၿပီး ျဖစ္ပါတယ္။

ယူကရိန္းနဲ႔ ႐ုရွား ႏွစ္ႏုိင္္ငံေပါင္း ဂ်ဴံထုတ္လုပ္မႈဟာ တကမာၻလံုး ထုတ္လုပ္မႈရဲ႕ ၃၀%၊ ေျပာင္းက ၂၀%၊ ေနၾကာဆီက ၇၅% ကေန ၉၀% ၾကားရွိတယ္လုိ႔ Beasley ကေျပာပါတယ္။ အီဂ်စ္နဲ႔ လက္ဘႏြန္ ႏွစ္ႏုိင္္ငံထဲကကိုပဲ သူတို႔အတြက္လုိအပ္တဲ့ ေကာက္ပဲသီးႏွံပမာဏရဲ႕ ၈၀% ေက်ာ္ကို ယူကရိန္းႏုိင္ငံကေန တင္သြင္းေနတာျဖစ္ပါတယ္။

စစ္ပြဲေၾကာင့္ ယူကရိန္းလယ္သမားေတြဟာ စိုက္ပ်ဳိးရာသီအတြင္း သူတို႔စိုက္ခင္းေတြထဲမွာ ေကာက္ပဲသီီးႏွံေတြကို ျပဳစု ေစာင့္ေရွာက္ေနရမယ့္အစား ေရွ႕တန္းစစ္ေျမျပင္ေတြကို သြားေနၾကရတယ္လုိ႔ Beasley ကေျပာပါတယ္။ ဒါ့အျပင္ ဘဲလာ႐ုစ္နဲ႔ ႐ုရွားႏုိင္ငံေတြကေန ဓာတ္ေျမၾသဇာထုတ္ကုန္ေတြ အလံုအေလာက္မရတဲ့အတြက္ ယူကရိန္း ေကာက္ပဲသီးႏွံရိတ္သိမ္းမႈ ၅၀% ေလ်ာ့က်သြားႏုိင္တယ္လုိ႔လည္း WFP အႀကီးအကဲ David Beasley က လံုျခံဳေရးေကာင္စီမွာ သတိေပးေျပာဆိုခဲ့ပါတယ္။

===========

[[Unicode]]

"ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာစားနပ်ရိက္ခာအကျပ်အတည်းအဆိုးဝါးဆုံးကြုံနိုင်" WFP

ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်မှုကြောင့် ဒုတိယကမ္ဘာစစ်ကတည်းကဆိုရင် ကမ္ဘာ့စားနပ်ရိက္ခာဆိုင်ရာ အဆိုးရွားဆုံး အကျပ်အတည်းနဲ့ ကြုံရနိုင်တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) အကြီးအကဲက ပြောပါတယ်။

တလကြာစစ်ပွဲကြောင့် ယူကရိန်းနိုင်ငံဟာ ကမ္ဘာကို စားနပ်ရိက္ခာထောက်ပံ့တဲ့ နိုင်ငံအဖြစ်ကနေ စားစရာ အလှူခံရတဲ့ နိုင်ငံ အဆင့် ရောက်သွားတယ်လို့ WFP အကြီးအကဲ David Beasley က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။

ကမ္ဘာတဝန်းက လူပေါင်း ၁၂၅ သန်းကို ကျွေးမွေးဖို့ WFP က ဝယ်ယူနေတဲ့ ကောက်ပဲသီးနှံ ၅၀% ဟာ ယူူကရိန်းနိုင်ငံက လာတာ ဖြစ်တယ်လို့ David Beasley က လုံခြုံရေးကောင်စီကိုပြောပါတယ်။ အခုစစ်ပွဲကြောင့် ယီမင်လို စစ်ဒဏ်သင့်နိုင်ငံတွေကို ထောက်ပံ့နေတဲ့ စားနပ်ရိက္ခာခွဲတန်းကို လျှော့ချရတော့မယ်လို့လည်း သတိပေးပါတယ်။ စားသောက်ကုန်၊ လောင်စာဆီနဲ့ သယ်ယူပို့ဆောင်ရေး စရိတ်တွေ တက်လာတာကြောင့် ယီမင်အတွက် စားနပ်ရိက္ခာအကူအညီကို ထက်ဝက် လျှော့ချခဲ့ရပြီး ဖြစ်ပါတယ်။

ယူကရိန်းနဲ့ ရုရှား နှစ်နိုင်ငံပေါင်း ဂျူံထုတ်လုပ်မှုဟာ တကမ္ဘာလုံး ထုတ်လုပ်မှုရဲ့ ၃၀%၊ ပြောင်းက ၂၀%၊ နေကြာဆီက ၇၅% ကနေ ၉၀% ကြားရှိတယ်လို့ Beasley ကပြောပါတယ်။ အီဂျစ်နဲ့ လက်ဘနွန် နှစ်နိုင်ငံထဲကကိုပဲ သူတို့အတွက်လိုအပ်တဲ့ ကောက်ပဲသီးနှံပမာဏရဲ့ ၈၀% ကျော်ကို ယူကရိန်းနိုင်ငံကနေ တင်သွင်းနေတာဖြစ်ပါတယ်။

စစ်ပွဲကြောင့် ယူကရိန်းလယ်သမားတွေဟာ စိုက်ပျိုးရာသီအတွင်း သူတို့စိုက်ခင်းတွေထဲမှာ ကောက်ပဲသီးနှံတွေကို ပြုစု စောင့်ရှောက်နေရမယ့်အစား ရှေ့တန်းစစ်မြေပြင်တွေကို သွားနေကြရတယ်လို့ Beasley ကပြောပါတယ်။ ဒါ့အပြင် ဘဲလာရုစ်နဲ့ ရုရှားနိုင်ငံတွေကနေ ဓာတ်မြေသြဇာထုတ်ကုန်တွေ အလုံအလောက်မရတဲ့အတွက် ယူကရိန်း ကောက်ပဲသီးနှံရိတ်သိမ်းမှု ၅၀% လျော့ကျသွားနိုင်တယ်လို့လည်း WFP အကြီးအကဲ David Beasley က လုံခြုံရေးကောင်စီမှာ သတိပေးပြောဆိုခဲ့ပါတယ်။

===========

XS
SM
MD
LG