[[Zawgyi/Unicode]]
႐ုရွားအစိုးရက ရွယ္ယာအမ်ားစုပိုင္ဆိုင္ထားတဲ့ Gazprom စြမ္းအင္ကုမၸဏီက ပိုလန္နဲ႔ ဘူလ္ေဂးရီးယားႏုုိင္ငံေတြကို ဓာတ္ေငြ႔ပို႔ေနတာ ဒီကေန႔ ရပ္ဆိုင္းလိုက္ပါတယ္။
႐ုရွားဆီစြမ္းအင္ကို အမ်ားအားျဖင့္ မွီခိုေနရတဲ့ ဥေရာပတိုက္က ႏုိ္င္ငံအမ်ားအျပားအေနနဲ႔ သဘာဝဓာတ္ေငြ႔အတြက္ ေပးေခ်ရမယ့္ေငြကို ႐ုရွား ႐ူဘယ္လ္ေငြနဲ႔ေပးေခ်ဖို႔ ႐ုရွားအစိုးရက ေတာင္းဆိုထားတာပါ။ ပိုလန္နဲ႔ ဘူဂလ္ေဂးရီးယားႏုိင္ငံေတြဟာ အဲဒီလို ေငြေပးေခ်တာမ်ဳိးမလုပ္တဲ့အတြက္ ဓာတ္ေငြ႔ပို႔တာကို ရပ္ဆိုင္းလိုက္တယ္လို႔ Gazprom ကုမၸဏီက ဒီကေန႔ေျပာပါတယ္။
Gazprom ရဲ႕ အခုလုပ္ရပ္ဟာ ကန္ထ႐ိုက္စာခ်ဳပ္ပါ သေဘာတူညီခ်က္ကို ခ်ဳိးေဖာက္ရာက်တယ္လို႔ ပိုလန္နဲ႔ ဘူလ္ေဂးရီးယား တာဝန္ရွိသူေတြကေျပာပါတယ္။
ဥေရာပသမဂၢ EU အဖြဲ႔ဝင္ ႏုိင္္ငံအေတာ္မ်ားမ်ားဟာ တျခား ေလာင္စာအရင္းအျမစ္ေတြ ရယူတာ၊ ျပန္ျပည့္ျမဲစြမ္းအင္ကို တိုးျမွင့္ အသံုးျပဳတာေတြအပါအဝင္ တျခားနည္းလမ္းေပါင္းစံုကုိသံုးၿပီး ႐ုရွားစြမ္းအင္အေပၚ မွီခိုေနရတာ ေလ်ာ့နည္းေစဖို႔ ဒါမွမဟုတ္ ရပ္ပစ္ႏုိင္ဖို႔ ႀကိဳးစားေနၾကပါတယ္။
ဒီအေတာအတြင္းမွာပဲ ယူကရိန္းႏုိင္ငံတြင္း ပစ္မွတ္ ၅၉ ခုကုိ အဂၤါညဘက္မွာ ဒံုးက်ည္နဲ႔ ပစ္ခတ္တို္က္ခို္က္ခဲ့တယ္လုိ႔ ႐ုရွား ကာကြယ္ေရးဌာနက ဒီကေန႔ေျပာပါတယ္။ ပစ္မွတ္ေတြထဲမွာ အေမရိကန္နဲ႔ ဥေရာပႏုိင္္ငံေတြက ယူကရိန္းစစ္ဘက္အတြက္ ေပးပို႔ထားတဲ့ လက္နက္နဲ႔ခဲယမ္းမီးေက်ာက္ အမ်ားအျပား သိမ္းဆည္းထားတဲ့ သိုေလွာင္႐ံုေတြ ပါတယ္လုိ႔ ဆိုပါတယ္။
==================
[[Unicode]]
ပိုလန်နဲ့ ဘူလ်ဂေးရီးယားကို ဓါတ်ငွေ့တင်ပို့မှု ရုရှား ရပ်ဆိုင်း
ရုရှားအစိုးရက ရှယ်ယာအများစုပိုင်ဆိုင်ထားတဲ့ Gazprom စွမ်းအင်ကုမ္ပဏီက ပိုလန်နဲ့ ဘူလ်ဂေးရီးယားနိုင်ငံတွေကို ဓာတ်ငွေ့ပို့နေတာ ဒီကနေ့ ရပ်ဆိုင်းလိုက်ပါတယ်။
ရုရှားဆီစွမ်းအင်ကို အများအားဖြင့် မှီခိုနေရတဲ့ ဥရောပတိုက်က နိုင်ငံအများအပြားအနေနဲ့ သဘာဝဓာတ်ငွေ့အတွက် ပေးချေရမယ့်ငွေကို ရုရှား ရူဘယ်လ်ငွေနဲ့ပေးချေဖို့ ရုရှားအစိုးရက တောင်းဆိုထားတာပါ။ ပိုလန်နဲ့ ဘူဂလ်ဂေးရီးယားနိုင်ငံတွေဟာ အဲဒီလို ငွေပေးချေတာမျိုးမလုပ်တဲ့အတွက် ဓာတ်ငွေ့ပို့တာကို ရပ်ဆိုင်းလိုက်တယ်လို့ Gazprom ကုမ္ပဏီက ဒီကနေ့ပြောပါတယ်။
Gazprom ရဲ့ အခုလုပ်ရပ်ဟာ ကန်ထရိုက်စာချုပ်ပါ သဘောတူညီချက်ကို ချိုးဖောက်ရာကျတယ်လို့ ပိုလန်နဲ့ ဘူလ်ဂေးရီးယား တာဝန်ရှိသူတွေကပြောပါတယ်။
ဥရောပသမဂ္ဂ EU အဖွဲ့ဝင် နိုင်ငံအတော်များများဟာ တခြား လောင်စာအရင်းအမြစ်တွေ ရယူတာ၊ ပြန်ပြည့်မြဲစွမ်းအင်ကို တိုးမြှင့် အသုံးပြုတာတွေအပါအဝင် တခြားနည်းလမ်းပေါင်းစုံကိုသုံးပြီး ရုရှားစွမ်းအင်အပေါ် မှီခိုနေရတာ လျော့နည်းစေဖို့ ဒါမှမဟုတ် ရပ်ပစ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။
ဒီအတောအတွင်းမှာပဲ ယူကရိန်းနိုင်ငံတွင်း ပစ်မှတ် ၅၉ ခုကို အင်္ဂါညဘက်မှာ ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဌာနက ဒီကနေ့ပြောပါတယ်။ ပစ်မှတ်တွေထဲမှာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ယူကရိန်းစစ်ဘက်အတွက် ပေးပို့ထားတဲ့ လက်နက်နဲ့ခဲယမ်းမီးကျောက် အများအပြား သိမ်းဆည်းထားတဲ့ သိုလှောင်ရုံတွေ ပါတယ်လို့ ဆိုပါတယ်။
==================