[[Zawgyi/Unicode]]
တူရကီသမၼတ Recep Tayyip Erdogan က အပစ္အခတ္ရပ္စဲၾကဖို႔ ႐ုရွားနဲ႔ယူကရိန္းကို ေတာင္းဆိုလိုက္ပါတယ္။
႐ုရွားနဲ႔ယူကရိန္းတို႔ဟာ ႏွစ္ပတ္အတြင္းမွာ အဂၤါေန႔က တူရကီႏိုင္ငံ အစၥတန္ဘူၿမိဳ႕မွာ ပထမဆုံး မ်က္ႏွာခ်င္းဆိုင္ ေတြ႔ဆုံေဆြးေႏြးၾကတဲ့ပြဲမွာ တူရကီသမၼတက ခုလို ေျပာလိုက္တာပါ။ ေဆြးေႏြးပြဲမွာ တိုးတက္မႈရွိခဲ့ရင္ ႏွစ္ႏိုင္ငံ ေခါင္းေဆာင္ေတြ ေတြ႕ဆုံႏိုင္မွာျဖစ္တယ္လို႔ သူကဆိုပါတယ္။ တရားမွ်တတဲ့ ၿငိမ္းခ်မ္းေရးမွာ ရႈံးသူ မရွိပါဘူးလို႔ သမၼတအာဒိုဂန္က မိန႔္ခြန္းမွာ ေျပာသြားပါတယ္။
ယူကရိန္းႏိုင္ငံက ႐ုရွားနဲ႔ေနတိုး ဘယ္ဘက္မွမပါဘဲ ၾကားေနေၾကာင္းေၾကညာဖို႔ အဆင္သင့္ရွိတယ္လို႔ ယူကရိန္းသမၼတက ေဆြးေႏြးပြဲမတိုင္မီမွာ ေျပာခဲ့ပါတယ္။ ယူကရိန္းအေရွ႕ပိုင္းက သီးျခားႏိုင္ငံအျဖစ္ေၾကညာထားတဲ့ Donbas ေဒသအေရး နဲ႔ပတ္သက္ၿပီး ေစ့စပ္ဖို႔အတြက္လည္း ယူကရိန္းက ဖြင့္ထားတယ္လို႔ ေျပာခဲ့ပါတယ္။
ေဆြးေႏြးပြဲကို တူရကီအစိုးရအေဆာက္အဦးမွာ ၂ ရက္ၾကာ က်င္းပမွာ ျဖစ္ပါတယ္။
အဲဒီ ေဆြးေႏြးပြဲကို ခ်ယ္ဆီးေဘာလုံးအသင္းပိုင္ရွင္ Roman Abramovich လည္း တက္ေရာက္ေနပါတယ္။ သူဟာ ပူတင္နဲ႔လည္း ရင္းႏွီးသူပါ။ သူ႔ရဲ႕အခန္းက႑ကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရပါဘူး။
ယူကရိန္းတပ္ေတြရဲ႕ခုခံမႈက ေမွ်ာ္လင့္ထားတာထက္ ပို အားေကာင္းတာေၾကာင့္ ႐ုရွားတပ္ေတြဟာ ႏြံနစ္ေနသလို ျဖစ္လာတဲ့အတြက္ ယူကရိန္းအေရွ႕ပိုင္းက ခြဲထြက္ေရးသူပုန္ေတြရွိတဲ့ ႐ုရွားစကားေျပာ Donbas ေဒသ ကိုပဲ ပိုမို အာ႐ုံစိုက္ေတာ့မယ့္ပုံ ေပၚလာတယ္လို႔ အေနာက္ႏိုင္ငံတာဝန္ရွိသူေတြက သုံးသပ္ၾကပါတယ္။
================
[[Unicode]]
ရုရှား ယူကရိန်း ပထမဆုံးအကြိမ်မျက်နှာချင်းဆိုင်တွေ့ဆုံ
တူရကီသမ္မတ Recep Tayyip Erdogan က အပစ်အခတ်ရပ်စဲကြဖို့ ရုရှားနဲ့ယူကရိန်းကို တောင်းဆိုလိုက်ပါတယ်။
ရုရှားနဲ့ယူကရိန်းတို့ဟာ နှစ်ပတ်အတွင်းမှာ အင်္ဂါနေ့က တူရကီနိုင်ငံ အစ္စတန်ဘူမြို့မှာ ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးကြတဲ့ပွဲမှာ တူရကီသမ္မတက ခုလို ပြောလိုက်တာပါ။ ဆွေးနွေးပွဲမှာ တိုးတက်မှုရှိခဲ့ရင် နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံနိုင်မှာဖြစ်တယ်လို့ သူကဆိုပါတယ်။ တရားမျှတတဲ့ ငြိမ်းချမ်းရေးမှာ ရှုံးသူ မရှိပါဘူးလို့ သမ္မတအာဒိုဂန်က မိန့်ခွန်းမှာ ပြောသွားပါတယ်။
ယူကရိန်းနိုင်ငံက ရုရှားနဲ့နေတိုး ဘယ်ဘက်မှမပါဘဲ ကြားနေကြောင်းကြေညာဖို့ အဆင်သင့်ရှိတယ်လို့ ယူကရိန်းသမ္မတက ဆွေးနွေးပွဲမတိုင်မီမှာ ပြောခဲ့ပါတယ်။ ယူကရိန်းအရှေ့ပိုင်းက သီးခြားနိုင်ငံအဖြစ်ကြေညာထားတဲ့ Donbas ဒေသအရေး နဲ့ပတ်သက်ပြီး စေ့စပ်ဖို့အတွက်လည်း ယူကရိန်းက ဖွင့်ထားတယ်လို့ ပြောခဲ့ပါတယ်။
ဆွေးနွေးပွဲကို တူရကီအစိုးရအဆောက်အဦးမှာ ၂ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။
အဲဒီ ဆွေးနွေးပွဲကို ချယ်ဆီးဘောလုံးအသင်းပိုင်ရှင် Roman Abramovich လည်း တက်ရောက်နေပါတယ်။ သူဟာ ပူတင်နဲ့လည်း ရင်းနှီးသူပါ။ သူ့ရဲ့အခန်းကဏ္ဍကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ယူကရိန်းတပ်တွေရဲ့ခုခံမှုက မျှော်လင့်ထားတာထက် ပို အားကောင်းတာကြောင့် ရုရှားတပ်တွေဟာ နွံနစ်နေသလို ဖြစ်လာတဲ့အတွက် ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးသူပုန်တွေရှိတဲ့ ရုရှားစကားပြော Donbas ဒေသ ကိုပဲ ပိုမို အာရုံစိုက်တော့မယ့်ပုံ ပေါ်လာတယ်လို့ အနောက်နိုင်ငံတာဝန်ရှိသူတွေက သုံးသပ်ကြပါတယ်။
================