[[Zawgyi/Unicode]]
႐ုရွားစစ္တပ္ဟာ ယူကရိန္းအေရွ႕ပိုင္းမွာ ပိုမိုႀကီးမားတဲ့ထိုးစစ္ကို ဆင္ႏႊဲလိမ့္မယ္ လို႔ ယူကရိန္းသမၼတ Volodymyr Zelenskyy က သတိေပးလိုက္ပါတယ္။ ယူကရိန္စစ္တပ္ကလည္း တန္ျပန္တိုက္ခိုက္ဖို႔ အဆင့္သင့္ရွိလိမ့္မယ္လို႔ သူက ဆိုပါတယ္။
လာမယ့္ရက္ေတြဟာ အေရးႀကီးလိမ့္မယ္လို႔ တနဂၤေႏြေန႔ညက ဗြီဒီယိုနဲ႔ ေျပာၾကားရာမွာ သမၼတက ခုလို ေျပာၾကားခဲ့တာပါ။
ယူကရိန္းကလိုအပ္ေနတဲ့ စစ္လက္နက္ပစၥည္းစာရင္းကို အေမရိကန္သမၼတဘိုင္ဒန္ကိုေပးခဲ့ၿပီး ယူကရိန္းရဲ႕ရွင္သန္မႈဟာ အေမရိကန္က လက္နက္ေတြတင္ပို႔တဲ့ အေပၚမွာ မူတည္ေနပါတယ္လို႔ CBS ႐ုပ္ျမင္သံၾကားနဲ႔လုပ္တဲ့အင္တာဗ်ဴးမွာ သမၼတ Zelenskyy က တနဂၤေႏြေန႔က ေျပာၾကားပါတယ္။
အေမရိကန္သမၼတဘိုင္ဒန္ဟာ အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi နဲ႔ အေမရိကန္အခ်ိန္ တနလၤာေန႔မွာ ဗြီဒီယိုနဲ႔ ေတြ႔ဆုံဖို႔ ရွိပါတယ္။ အိႏၵိယက ႐ုရွား ယူကရိန္း စစ္ပြဲမွာ ၾကားေနေနပါတယ္။ စစ္ပြဲေၾကာင့္ ကမာၻ႔စားနပ္ရိကၡာ ေထာက္ပံ့ေရး လမ္းေၾကာင္းကိုထိခိုက္ခဲ့ၿပီး စားေသာက္ကုန္ ပစၥည္းေစ်းေတြကို ထိခိုက္ခဲ့တာေၾကာင့္ ဒီ အက်ိဳးဆက္ေတြ ေလ်ာ့နည္းေအာင္ ေဆာင္႐ြက္ႏိုင္မယ့္ကိစၥေတြကို ေဆြးေႏြးမယ္လို႔ အိမ္ျဖဴေတာ္ ေျပာေရးဆိုခြင့္ရွိသူ Jen Psaki ရဲ႕ ထုတ္ျပန္ခ်က္ မွာ ေျပာထားပါတယ္။
ေမာ္စကိုမွာေတာ့ Austrian ဝန္ႀကီးခ်ဳပ္ Karl Nehammer ဟာ ႐ုရွားသမၼတပူတင္ နဲ႔ ေတြ႕ဆုံပါတယ္။ သူဟာ ယူကရိန္းကို ႐ုရွားက ဝင္ေရာက္ၿပီးေနာက္ သမၼတ ပူတင္ကို ေတြ႔ဆုံတဲ့ ပထမဆုံး ဥေရာပ ေခါင္းေဆာင္ ျဖစ္ပါတယ္။
#UkraineCrisis #RussiaUkraine #VOABurmese
#ယူကရိန္းအေရွ႕ျခမ္း #အေမရိကန္လက္နက္ #႐ုရွားက်ူးေက်ာ္စစ္ #Zelenskyy #ဗီြအိုေအ
============
[[Unicode]]
နိုင်ငံအရှေ့ခြမ်းကို ရုရှားထိုးစစ်ပြင်နေတယ်လို့ ယူကရိန်းသမ္မတသတိပေး
ရုရှားစစ်တပ်ဟာ ယူကရိန်းအရှေ့ပိုင်းမှာ ပိုမိုကြီးမားတဲ့ထိုးစစ်ကို ဆင်နွှဲလိမ့်မယ် လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က သတိပေးလိုက်ပါတယ်။ ယူကရိန်စစ်တပ်ကလည်း တန်ပြန်တိုက်ခိုက်ဖို့ အဆင့်သင့်ရှိလိမ့်မယ်လို့ သူက ဆိုပါတယ်။
လာမယ့်ရက်တွေဟာ အရေးကြီးလိမ့်မယ်လို့ တနင်္ဂနွေနေ့ညက ဗွီဒီယိုနဲ့ ပြောကြားရာမှာ သမ္မတက ခုလို ပြောကြားခဲ့တာပါ။
ယူကရိန်းကလိုအပ်နေတဲ့ စစ်လက်နက်ပစ္စည်းစာရင်းကို အမေရိကန်သမ္မတဘိုင်ဒန်ကိုပေးခဲ့ပြီး ယူကရိန်းရဲ့ရှင်သန်မှုဟာ အမေရိကန်က လက်နက်တွေတင်ပို့တဲ့ အပေါ်မှာ မူတည်နေပါတယ်လို့ CBS ရုပ်မြင်သံကြားနဲ့လုပ်တဲ့အင်တာဗျူးမှာ သမ္မတ Zelenskyy က တနင်္ဂနွေနေ့က ပြောကြားပါတယ်။
အမေရိကန်သမ္မတဘိုင်ဒန်ဟာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ အမေရိကန်အချိန် တနင်္လာနေ့မှာ ဗွီဒီယိုနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ အိန္ဒိယက ရုရှား ယူကရိန်း စစ်ပွဲမှာ ကြားနေနေပါတယ်။ စစ်ပွဲကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့ရေး လမ်းကြောင်းကိုထိခိုက်ခဲ့ပြီး စားသောက်ကုန် ပစ္စည်းဈေးတွေကို ထိခိုက်ခဲ့တာကြောင့် ဒီ အကျိုးဆက်တွေ လျော့နည်းအောင် ဆောင်ရွက်နိုင်မယ့်ကိစ္စတွေကို ဆွေးနွေးမယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Jen Psaki ရဲ့ ထုတ်ပြန်ချက် မှာ ပြောထားပါတယ်။
မော်စကိုမှာတော့ Austrian ဝန်ကြီးချုပ် Karl Nehammer ဟာ ရုရှားသမ္မတပူတင် နဲ့ တွေ့ဆုံပါတယ်။ သူဟာ ယူကရိန်းကို ရုရှားက ဝင်ရောက်ပြီးနောက် သမ္မတ ပူတင်ကို တွေ့ဆုံတဲ့ ပထမဆုံး ဥရောပ ခေါင်းဆောင် ဖြစ်ပါတယ်။
#UkraineCrisis #RussiaUkraine #VOABurmese
#ယူကရိန်းအရှေ့ခြမ်း #အမေရိကန်လက်နက် #ရုရှားကျူးကျော်စစ် #Zelenskyy #ဗွီအိုအေ
============