သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားနဲ႔ေဆြးေႏြးပြဲမွာ ယူကရိန္းဖက္က တိုင္းျပည္အခ်ဳပ္အခ်ာအေရးဦးစားေပးမည္


ယူကရိန္းသမၼတ Volodymyr Zelenskyy 

[[Zawgyi/Unicode]]

သူ႔တိုင္းျပည္ရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔ နယ္ေျမတည္တံ့ေရးကို ဦးစားေပးမယ္လို႔ ယူကရိန္းသမၼတ Volodymyr Zelenskyy က ေျပာလိုက္ပါတယ္။ တူရကီႏိုင္ငံမွာ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲလုပ္ခါနီး ယူကရိန္းသမၼတက တနဂၤေႏြေန႔တုန္းက ခုလို ေျပာလိုက္တာ ျဖစ္ပါတယ္။

ယူကရိန္းနဲ႔ ႐ုရွားတို႔ရဲ႕ လာမယ့္ ေဆြးေႏြးပြဲကို တူရကီႏိုငံမွာ မ်က္ႏွာခ်င္းဆိုင္ က်င္းပမွာ ျဖစ္ပါတယ္။

တနဂၤေႏြေန႔ အေစာပိုင္းတုန္းကလည္း သမၼတဇယ္လင္စကီက ႐ုရွားသတင္းစာဆရာ နဲ႔ အင္တာဗ်ဴးလုပ္ခဲ့ရာမွာ ၿငိမ္းခ်မ္းေရး အေပးအယူအျဖစ္ ယူကရိန္းက ၾကားေနမယ့္ အေနအထားကို ညႇိဳႏႈိင္းေဆြးေႏြးဖို႔ ဖြင့္ထားေၾကာင္း ေျပာခဲ့ပါေသးတယ္။ ဒါေပမယ့္ အဲဒီလို ၾကားေနတာကို တတိယတႏိုင္ငံ ဒါမွမဟုတ္ အဖြဲ႔က အာမခံခ်က္ေပးရမွာ ျဖစ္ၿပီး လူထုဆႏၵခံယူပြဲ ဆုံးျဖတ္ခ်က္အေပၚမွာလည္း တည္ရမယ္လို႔ သူက ဆိုပါတယ္။

ေဆြးေႏြးပြဲအိမ္ရွင္အျဖစ္ ေဆာင္႐ြက္ေပးမယ့္ တူရကီသမၼတ Recep Tayyip Erdogan က ႐ုရွားသမၼတပူတင္နဲ႔ တနဂၤေႏြေန႔မွာပဲ ဖုန္းဆက္စကားေျပာခဲ့ပါေသးတယ္။ အပစ္အခတ္ရပ္စဲေရးနဲ႔ လူသားခ်င္းစာနာေထာက္ထားေရး အကူအညီေပးေရး အေၾကာင္းေတြကို အဓိကထား ေဆြးေႏြးခဲ့တယ္လို႔ တူရကီသမၼတ႐ုံးက ေျပာပါတယ္။

ဒါေပမယ့္ ယူကရိန္းမွာေရာက္ေနတဲ့ ႐ုရွားတပ္ေတြရဲ႕ အေနအထားကေတာ အေရးပါပါ ေျပာင္းလဲတာကို မေတြ႔ရေသးဘူးလို႔ ၿဗိတိန္ ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

ရုရှားနဲ့ဆွေးနွေးပွဲမှာ ယူကရိန်းဖက်က တိုင်းပြည်အချုပ်အချာအရေးဦးစားပေးမည်

သူ့တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ရေးကို ဦးစားပေးမယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောလိုက်ပါတယ်။ တူရကီနိုင်ငံမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ခါနီး ယူကရိန်းသမ္မတက တနင်္ဂနွေနေ့တုန်းက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ယူကရိန်းနဲ့ ရုရှားတို့ရဲ့ လာမယ့် ဆွေးနွေးပွဲကို တူရကီနိုငံမှာ မျက်နှာချင်းဆိုင် ကျင်းပမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းတုန်းကလည်း သမ္မတဇယ်လင်စကီက ရုရှားသတင်းစာဆရာ နဲ့ အင်တာဗျူးလုပ်ခဲ့ရာမှာ ငြိမ်းချမ်းရေး အပေးအယူအဖြစ် ယူကရိန်းက ကြားနေမယ့် အနေအထားကို ညှိုနှိုင်းဆွေးနွေးဖို့ ဖွင့်ထားကြောင်း ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီလို ကြားနေတာကို တတိယတနိုင်ငံ ဒါမှမဟုတ် အဖွဲ့က အာမခံချက်ပေးရမှာ ဖြစ်ပြီး လူထုဆန္ဒခံယူပွဲ ဆုံးဖြတ်ချက်အပေါ်မှာလည်း တည်ရမယ်လို့ သူက ဆိုပါတယ်။

ဆွေးနွေးပွဲအိမ်ရှင်အဖြစ် ဆောင်ရွက်ပေးမယ့် တူရကီသမ္မတ Recep Tayyip Erdogan က ရုရှားသမ္မတပူတင်နဲ့ တနင်္ဂနွေနေ့မှာပဲ ဖုန်းဆက်စကားပြောခဲ့ပါသေးတယ်။ အပစ်အခတ်ရပ်စဲရေးနဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီပေးရေး အကြောင်းတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ တူရကီသမ္မတရုံးက ပြောပါတယ်။

ဒါပေမယ့် ယူကရိန်းမှာရောက်နေတဲ့ ရုရှားတပ်တွေရဲ့ အနေအထားကတော အရေးပါပါ ပြောင်းလဲတာကို မတွေ့ရသေးဘူးလို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
================

XS
SM
MD
LG