[[Zawgyi/Unicode]]
စစ္ဆင္ေရးေတြမွာ အရပ္သားေတြနဲ႔ သူတို႔ရဲ႕အိမ္ေတြ၊ သူတို႔ရဲ႕အေျခခံအေဆာက္ အအုံေတြကိုမထိခိုက္ေအာင္ စစ္ျဖစ္ေနတဲ့အဖြဲ႔ေတြက စိုက္လိုက္မတ္တပ္ ဂ႐ုစိုက္ ရပါမယ္လို႔ ကုလသမဂၢက ေျပာလိုက္ပါတယ္။
လူသားခ်င္း စာနာေထာက္ထားေရးနဲ႔ အေရးေပၚ ကယ္ဆယ္ေရးဌာန လက္ေထာက္ အတြင္းေရးမႉးခ်ဳပ္နဲ႔ ေပါင္းစပ္ညႇိႏႈိင္းေရးမႉး Martin Griffiths က လုံၿခဳံေရး ေကာင္စီကို ခုလို ေျပာလိုက္ပါတယ္။
“အရပ္သားေတြရဲ႕ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းရာမွာ က်ေနာ္တို႔ က်ဆုံးေနပါတယ္။ မနက္ျဖန္မွာ မက်ဆုံးဖို႔ က်ေနာ္ ေမွ်ာ္လင့္ပါတယ္။” လို႔ ေျပာခဲ့တာပါ။
သူတို႔သြားလိုတဲ့အရပ္ကို သြားႏိုင္တဲ့ လုံၿခဳံစိတ္ခ်ရတဲ့ လမ္းေၾကာင္းေတြ ရွိသင့္ပါတယ္လို႔လည္း သူက လုံၿခဳံေရးေကာင္စီ အဖြဲ႔ဝင္ေတြကို ေျပာပါတယ္။ သူတို႔ ရပ္႐ြာမွာ ဆက္လက္ ေနထိုင္သည္ ျဖစ္ေစ၊ ထြက္သြားၾကသည္ျဖစ္ေစ၊ ေလးစားရပါမယ္။ အကာအကြယ္ ေပးၾကရပါမယ္လို႔လည္း သူက ေျပာပါတယ္။
ကေလးနဲ႔ အမ်ိဳးသမီးေတြအပါအဝင္ ယူကရိန္းက ထြက္ေျပးလာၾကတဲ့ ဒုကၡသည္ေပါင္း ၂ သန္း ရွိသြားၿပီလို႔ ကုလသမဂၢက ေျပာပါတယ္။
လူေတြ လုံၿခဳံစိတ္ခ်စြာ ထြက္ႏိုင္ေရးနဲ႔ လူသားခ်င္းစာနာေထာက္ထားေရး လုပ္ငန္းေတြ လုပ္ႏိုင္ဖို႔ တိုက္ေနတာေတြကို ရပ္နားဖို႔လည္း ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield က တိုက္တြန္းလိုက္ပါတယ္။
=================
[[Unicode]]
ယူကရိန်းစစ်ပွဲ အရပ်သားထိခိုက်နစ်နာမှုရှောင်ဖို့ ကုလအကြီးအကဲတိုက်တွန်း
စစ်ဆင်ရေးတွေမှာ အရပ်သားတွေနဲ့ သူတို့ရဲ့အိမ်တွေ၊ သူတို့ရဲ့အခြေခံအဆောက် အအုံတွေကိုမထိခိုက်အောင် စစ်ဖြစ်နေတဲ့အဖွဲ့တွေက စိုက်လိုက်မတ်တပ် ဂရုစိုက် ရပါမယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
လူသားချင်း စာနာထောက်ထားရေးနဲ့ အရေးပေါ် ကယ်ဆယ်ရေးဌာန လက်ထောက် အတွင်းရေးမှူးချုပ်နဲ့ ပေါင်းစပ်ညှိနှိုင်းရေးမှူး Martin Griffiths က လုံခြုံရေး ကောင်စီကို ခုလို ပြောလိုက်ပါတယ်။
“အရပ်သားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းရာမှာ ကျနော်တို့ ကျဆုံးနေပါတယ်။ မနက်ဖြန်မှာ မကျဆုံးဖို့ ကျနော် မျှော်လင့်ပါတယ်။” လို့ ပြောခဲ့တာပါ။
သူတို့သွားလိုတဲ့အရပ်ကို သွားနိုင်တဲ့ လုံခြုံစိတ်ချရတဲ့ လမ်းကြောင်းတွေ ရှိသင့်ပါတယ်လို့လည်း သူက လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကို ပြောပါတယ်။ သူတို့ ရပ်ရွာမှာ ဆက်လက် နေထိုင်သည် ဖြစ်စေ၊ ထွက်သွားကြသည်ဖြစ်စေ၊ လေးစားရပါမယ်။ အကာအကွယ် ပေးကြရပါမယ်လို့လည်း သူက ပြောပါတယ်။
ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် ယူကရိန်းက ထွက်ပြေးလာကြတဲ့ ဒုက္ခသည်ပေါင်း ၂ သန်း ရှိသွားပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။
လူတွေ လုံခြုံစိတ်ချစွာ ထွက်နိုင်ရေးနဲ့ လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းတွေ လုပ်နိုင်ဖို့ တိုက်နေတာတွေကို ရပ်နားဖို့လည်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က တိုက်တွန်းလိုက်ပါတယ်။
=================