သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြက်ငှက်တုပ်ကွေးကူးစက်ပြန့်ပွားမှု အာရှပစိတ်ဖိတ်ဒေသပူးပေါင်းဆောင်ရွက်ဖို့ FAO တိုက်တွန်း


အာရှပစိတ်ဖိတ်ဒေသတွင်း အိမ်မွေးတိရစ္ဆာန်တွေကိုပါ ကူးစက်လာနေတဲ့ H5N1 ကြက်ငှက်တုပ်ကွေးရောဂါ။
အာရှပစိတ်ဖိတ်ဒေသတွင်း အိမ်မွေးတိရစ္ဆာန်တွေကိုပါ ကူးစက်လာနေတဲ့ H5N1 ကြက်ငှက်တုပ်ကွေးရောဂါ။

အာရှပစိဖိတ်ဒေသတွင်း လူနဲ့တိရိစ္ဆာန်တွေမှာ ကြက်ငှက်တုပ်ကွေးရောဂါတွေ စိုးရိမ်စရာ ကူးစက်ပြန့်ပွါးနေတဲ့အတွက် အရေးပေါ်ပူးပေါင်းဆောင်ရွက်ကြဖို့ ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဥ် FAO ကကြာသပတေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

H5N1 ရောဂါပိုးတွေ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်လာနေပြီး တောင်အမေရိကနဲ့ အန္တာတိကတိုက်ထိတောင်ရောက်လာသလို အရင်က မကူးစက်ဖူးတဲ့ တောရိုင်းတိရိစ္တာန်တွေမှာရော အိမ်မွေးတိရိစ္ဆာန်တွေမှာပါ ကူးစက်လာတယ်လို့ FAO ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အလွယ်တကူကူးစက်တတ်တဲ့ novel A/H5N1 ရောဂါကူးစက်မှုတွေ ကပ်ရောဂါအဆင့်ထိ ဖြစ်လာနိုင်တဲ့အနေအထားကိုတွေ့မြင်နေရတဲ့အတွက် ဒေသတွင်း ပူးပေါင်းပြီးကာကွယ်ထိန်းချုပ်ကြဖို့ အရေးပေါ်လိုအပ်လာပြီလို့ FAO ကပြောပါတယ်။

၂၀၂၃ ခုနှစ်နောက်ပိုင်း ကမ္ဘောဒီးယားနိုင်ငံမှာ ကြက်ငှက်တုပ်ကွေးကူးစက်ခံရသူအသစ် ၁၃ ဦးကို တွေ့ရပြီး တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတို့မှာလည်း တွေ့နေရတယ်လို့ ကုလက ပြောပါတယ်။ မဲခေါင်မြစ်ဝှမ်းဒေသထဲက အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့မှာ ဂေဟဗေဒစနစ်အမျိုးမျိုးရှိနေတဲ့အတွက် စိုးရိမ်စရာ အခြေအနေနဲ့ရင်ဆိုင်နေရတာပါ။ အိန္ဒိယ၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာလည်း ကြက်ငှက်တုပ်ကွေးကူးစက်နေတယ်လို့လည်း ကြေညာချက်မှာဖော်ပြပါတယ်။ ထိုင်းနဲ့ မြန်မာနိုင်ငံတို့မှာတော့ H5N1 ရောဂါကူးစက်ခံရတဲ့သတင်းတွေ မကြားရသေးဘူးလို့လည်း FAO ကပြာပါတယ်။

ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ကမ္ဘာတဝန်း လုပ်ငန်းသုံး တိရိစ္ဆာန်အပါအဝင် ငှက်နဲ့ ကျောရိုးရှိတောရိုင်းတိရိစ္ဆာန် ဘီလီယံနဲ့ချီ လတ်တလောနှစ်အတွင်း သေဆုံးခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG