သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကိုင်ပဋိပက္ခထဲက ကလေးသူငယ်များအရေး ကုလထောက်ပြ


လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာတွင်တွေ့ရတဲ့ကလေးငယ်များ။
လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာတွင်တွေ့ရတဲ့ကလေးငယ်များ။

ကမ္ဘာတဝန်း ၂၀၁၆ ခုနှစ်အတွင်း ပဋိပက္ခအခြေအနေပေါင်း ၂၀ မှာ ထောင်ပေါင်းများစွာသော ကလေးတွေ အသတ်ခံကြရ၊ ဒဏ်ရာရကြ၊ လက်နက်ကိုင်လုပ်ဖို့ စုဆောင်းခံရ၊ ပြန်ပေးဆွဲခံရ ဒါမှမဟုတ် လိင်ပိုင်းစော်ကားခံကြရတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခအတွင်းမှ ကလေးသူငယ်များဆိုတဲ့ နှစ်စဉ်ထုတ်နေကျ အစီရင်ခံစာထဲမှာ ကျူးလွန်သူတွေကို နာမည်နဲ့ တကွဖော်ပြပြီး အမည်မည်းစာရင်း သွင်းထားတာပါ။

နိုင်ငံ ၉ နိုင်ငံက အစိုးရတပ်တွေ အပြင်းအထန်ကျူးလွန်တဲ့ ဖြစ်ရပ်ပေါင်း ၄ ထောင်ကျော်၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း ၅၅ ခုက ကျူးလွန်တဲ့ ဖြစ်ရပ်ပေါင်း ၁၁၅၀၀ တို့ကို သောကြာနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ အတည်ပြု ဖော်ပြထားပါတယ်။ အစိုးရ တပ်မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေထဲမှာ IS အကြမ်းဖက်ဝါဒီအဖွဲ့၊ တာလီဘန်၊ ဘိုကို ဟာရမ်းမ်နဲ့ အယ်လ်-ရှာဘတ်ဘ်အဖွဲ့ တွေပါဝင်ပါတယ်။ အဲဒီဖြစ်ရပ်တွေအတွင်း ကလေးငယ်ပေါင်း ၈ ထောင်ကျော် သေဆုံး ဒါမှမဟုတ် ဒဏ်ရာရခဲ့ကြပါတယ်။

ဒါဟာ ရေခဲတောင်ကြီးတခုရဲ့ ထိပ်ပိုင်းလေးပဲရှိသေးတယ်လို့ ကျနော်တို့ သတ်မှတ်ရပါမယ်ဆိုပြီး ကလေးငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Virginia Gamba က သောကြာနေ့ကလုပ်တဲ့ အစီရင်ခံစာထုတ် ပြန်ပွဲမှာ သတင်းထောက်တွေကိုပြောပြီး ပြဿနာရဲ့ကြီးမားမှုကို အထူးထောက်ပြသွားပါတယ်။

ဆိုမာလီယာနဲ့ ဆီးရီးယားနိုင်ငံတွေမှာ ကလေးငယ်တွေကိုစုဆောင်းပြီး ကလေးစစ်သားအဖြစ် အသုံးပြုတာဟာ ၂၀၁၅ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂ ဆ တိုးလာတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG