သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ ကုလ COP 16 ညီလာခံ ကိုလံဘီယာမှာ ကျင်းပ

ကိုလံဘီယာနိုင်ငံ ကာလီမြို့မှာကျင်းပတဲ့ ကုလသမဂ္ဂရဲ့ Biodiversity ညီလာခံမြင်ကွင်း။ (အောက်တိုဘာ ၂၁၊ ၂၀၂၄)
ကိုလံဘီယာနိုင်ငံ ကာလီမြို့မှာကျင်းပတဲ့ ကုလသမဂ္ဂရဲ့ Biodiversity ညီလာခံမြင်ကွင်း။ (အောက်တိုဘာ ၂၁၊ ၂၀၂၄)

ကမ္ဘာတလွှား ဇီဝမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်မှု ကျဆင်းလာနေတာကိုဆန်းစစ်ဖို့ ကိုလံဘီယာ နိုင်ငံ ကာလီမြို့မှာကမ္ဘာတဝန်းက သဘာဝဝန်းကျင်ထိန်းသိမ်းရေး တာဝန်ရှိသူတွေ တနင်္လာနေ့မှာ လည်းစုဝေးပြီး ညီလာခံတရပ်ကိုဆက်လက် ကျင်းပနေပါတယ်။ တနင်္ဂနွေနေ့ကစတင်တဲ့ ဒီညီလာခံကနေ အပင်တွေ၊ သတ္တဝါတွေနဲ့ သူတို့ရဲ့ တည်ရှိရာနေရာ ဒေသတွေကို ကာကွယ်ဖို့ ကတိပြုကြတာပါ။

သီတင်းနှစ်ပတ်ကြာကျင်းပမယ့် ကုလသမဂ္ဂရဲ့ Biodiversity ညီလာခံဖြစ်တဲ့ အခု ၂၀၂၄ COP 16 ညီလာခံဟာ ဇီဝမျိုးကွဲတွေ ထိန်းသိမ်းစောင့်ရှောက်ဖို့ နိုင်ငံပေါင်း ၁၉၆ နိုင်ငံက သဘဝဝန်းကျင် ထိန်းသိမ်းရေးသမားတွေကြား သဘောတူညီမှု ရခဲ့တဲ့ ၂၀၂၂ Montreal ညီလာခံရဲ့ နောက်ဆက်တွဲ ညီလာခံဖြစ်ပါတယ်။ အဲဒီညီလာခံမှာလုပ်ဆောင်ရမယ့်လုပ်ငန်း ၂၃ ခုကို ပြဌာန်းခဲ့ပြီး ဒီအထဲမှာ သက္ကရာဇ် ၂၀၃၀ မှာ ပျက်သုဥ်းနေတဲ့ဇီဝစံနစ်တွေထဲကရာခိုင်နှုန်း ၃၀ နဲ့ကမ္ဘာကြီးရဲ့ ရာခိုင်နှုန်း ၃၀ ပါဝင်တဲ့ဒေသတွေအတွင်း သဘာဝမှာ ဆုံးရှုံးနေတာတွေရပ်သွားဖို့နဲ့ပြန်လည်ဖြည့်တင်းဖို့ ပါဝင်ပါတယ်။

တနင်္ဂနွေနေ့ အဖွင့်မိန့်ခွန်းပြောရာမှာ COP 16 ညီလာခံ သဘာပတိဖြစ်တဲ့ ကိုလံဘီယာ သဘာဝ ဝန်းကျင် ဝန်ကြီးက ဒီညီလာခံမှာ ကမ္ဘာ့နေရာမျိုးစုံက လူမျိုးစုံရဲ့ အတွေ့အကြုံ ဖြန့်ဝေမှုကနေလာမယ့် လူမှုအဖွဲ့စည်းအတွက် တည်ငြိမ်ရှင်သန်မယ့်ဝန်းကျင်ဖန်တီးပေးဖို့ အခွင့်အလန်းရလာစေမယ်လို့ ပြောပါတယ်။

သဘာဝထိန်းသိမ်းရေး The Nature Conservancy ဌာန အကြီးအကဲကလည်း တောရိုင်းသဘာဝ မျိုးစိတ် အများအပြားအတွက် ရှင်သန်စရာ နေရာကျဉ်းလာတာကြောင့် ကမ္ဘာတလွှား မျိုးသုဥ်းပျောက်ကွယ်မှုနှုန်း မြင့်မားလာတဲ့အထောက်အထားတွေ တွေ့နေရကြောင်းတင်ပြခဲ့တာပါ။

၂၀၂၄ ကုလ COP 16 ညီလာခံ ကိုလံဘီယာမှာ ကျင်းပ
please wait

No media source currently available

0:00 0:01:35 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG