သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လက်နက်ငွေကြေးထောက်ပံ့မှု မရအောင် အရေးယူဖို့ ကုလမှာ NUG တိုက်တွန်း


NUG Minister Aung Myo Min at UN Geneva Conference 03-08-24
NUG Minister Aung Myo Min at UN Geneva Conference 03-08-24

အာဏာသိမ်း စစ်ကောင်စီအတွက် လက်နက်ငွေကြေးထောက်ပံ့မှုကို နိုင်ငံတကာက ပစ်မှတ်ထား အရေးယူဖို့ မတ်လ ၈ ရက် ဂျနီဗာ ကုလသမဂ္ဂ ရုံးမှာ ပြုလုပ်တဲ့ သံတမန်ရှင်းလင်းပွဲမှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG က တောင်းဆိုလိုက်ပါတယ်။

တက်ရောက်လာတဲ့ နိုင်ငံတကာသံတမန်တွေ သံအရာရှိတွေကို NUG လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံအခြေနေတွေနဲ့ အတူ စစ်ကောင်စီရဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေကို တင်ပြခဲ့ပြီး စစ်ကောင်စီအတွက် လက်နက်ခဲယမ်းနဲ့ ငွေကြေး အပြင် လူအသေအပျောက်များတဲ့ လေကြောင်းတိုက်ခိုက်မှုတွေမလုပ်နိုင်အောင် လေယာဉ်ဆီတင်သွင်းမှုကိုပါ နိုင်ငံတကာက ပိတ်ပင် အရေးယူဖို့ တိုက်တွန်း ခဲ့တာပါ။

စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့ရေး လူ့အခွင့်အရေးမဟာမင်းကြီး တိုက်တွန်း
please wait

No media source currently available

0:00 0:06:06 0:00


လက်ရှိမြန်မာ့ အခြေနေနဲ့ ပတ်သက်ပြီး နိုင်ငံတွင်းအတိုက်အခံအင်အားစုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ နယ်မြေစိုးမိုးမှု၊ အရပ်သားအုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးမှုတွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီကိုတွန်းလှန်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ NUG ကို ဘဏ္ဍာရေး၊ နည်းပညာ အကူညီတွေ၊ လူသားစာနာမှု အကူညီတွေ တိုက်ရိုက်ပေးအပ်ဖို့၊ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် (၂၆၆၉) ပါ တောင်းဆိုချက်တွေကို လိုက်နာလာအောင် ဆက်ကြိုးပမ်းပေးဖို့ နဲ့ မြန်မာ့အရေး ကုလသမဂ္ဂက ခုထက်ပိုလုပ်ဆောင်ပေးဖို့ပါ တောင်းဆိုခဲ့တာပါ။

လူ့အခွင့်အရေး ကောင်စီအနေနဲ့လည်း မြန်မာနိုင်ရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး တာဝန်ခံ တာဝန်ယူမှု ရှိလာအောင် နည်းလမ်းသစ်ရှာဖို့ တိုက်တွန်းခဲ့တယ်လို့ NUG ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ ဒီသံတမန်ရှင်းလင်းပွဲကို Luxembourg နိုင်ငံသံရုံး နဲ့ International IDEA တို့ ပူးတွဲ ကမကထလုပ် ကျင်းပခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG