သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာတပ္ဖဲြ႕၀င္ေတြ လိင္ပိုင္းဆိုင္ရာ အႏိုင္က်င့္မႈ စြပ္စဲြခ်က္ ကုလအထူးကိုယ္စားလွယ္ သတိေပး 


Pramila Patten (ပဋိပကၡေတြအတြင္း လိင္အၾကမ္းဖက္မႈ တားဆီးေရး ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္)

[ Zawgyi ]

ျမန္မာႏိုင္ငံမွာ ဖမ္းဆီးထားသူေတြကို အာဏာပိုင္ေတြက လိင္ပိုင္းဆိုင္ရာ အႏိုင္က်င့္မႈ စြပ္စဲြခ်က္ေတြ ထြက္ေပၚေနတဲ့အေပၚ စိုးရိမ္ေၾကာင္းနဲ႔ ဒီလုပ္ရပ္ေတြဟာ ႏိုင္ငံ တကာရာဇဝတ္မႈဆိုင္ရာ ဥပေဒေတြကို ခ်ဳိးေဖာက္ရာ ေရာက္ႏိုင္ေၾကာင္း ပဋိပကၡေတြအတြင္း လိင္အၾကမ္းဖက္မႈ တားဆီးေရး ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Pramila Patten က သတိေပးလိုက္ပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ ေဖေဖၚဝါရီလ ၁ ရက္ကစၿပီး အာဏာသိမ္းထားတဲ့ စစ္တပ္က ျမန္မာျပည္သူေတြ အထူးသျဖင့္ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြအေပၚ လိင္မႈဆိုင္ရာ အၾကမ္းဖက္မႈအပါအဝင္ လူ႔အခြင့္ေရးခ်ဳိးေဖါက္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ စံနစ္တက် က်ဴးလြန္ေနတာကို ျပင္းျပင္းထန္ထန္ရႈတ္ခ်ေၾကာင္း ေျပာဆိုခဲ့တယ္လို႔ အတြင္းေရးမႈးခ်ဳပ္ရံုး ေျပာခြင့္ရ Stephane Dujarric က ေသာၾကာေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ က်ဳးလြန္ေၾကာင္း စြပ္စဲြခ်က္ေတြဟာ ႏိုင္ငံတကာ ရာဇဝတ္မႈဥပေဒကို ခ်ိဳးေဖာက္ရာ ေရာက္ႏိုင္ေၾကာင္း အထူးကိုယ္စားလွယ္က ေျပာပါတယ္။ တိုင္းရင္းသားေတြ၊ ဘာသာျခား လူနည္းစုေတြ၊ အမ်ိဳးသမီးေတြနဲ႔ လိင္စိတ္ခံယူမႈ ကြဲျပားသူေတြအေပၚ တပ္မေတာ္သားေတြက လိင္မႈဆိုင္ရာ အၾကမ္းဖက္မႈေတြ က်ဳးလြန္ေနတယ္ဆိုတဲ့ သတင္းေတြအေပၚ အထူးစိုးရိမ္ေၾကာင္းလည္း ေျပာခဲ့ပါတယ္။” လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Dujarric က ေျပာသြားတာပါ။

အခ်ိန္မေတာ္ ေနအိမ္ေတြမွာ ဝင္ေရာက္စီးနင္းရွာေဖြတာ၊ တရားလက္လြတ္ဖမ္းဆီးတာ၊ အသြားအလာ တားျမစ္ပိတ္ပင္တာ၊ ဖမ္းဆီးထားစဥ္ ႏွိပ္စက္မႈေတြ ေသဆံုးရမႈေတြရွိေနတာ၊ ျပည္သူေတြ ေဘးလြတ္ရာခိုလႈံေနတဲ့ ေနရာေတြ၊ ထြက္ေျပးပုန္းေရွာင္ေနတဲ့ ေနရာေတြကို တိုက္ခိုက္တာ၊ ဖမ္းဆီးထိန္းသိမ္းထားတဲ့ ေနရာေတြမွာ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္တာေတြရွိတယ္ဆိုတဲ့ သတင္းေတြ၊ အထူးသျဖင့္ အဓမၼအက်င့္ခံရတာ၊ ႏွိပ္စက္တာ၊ ကိုယ္ထိလက္ေရာက္ေရာ၊ ႏႈတ္နဲ႔ပါ ၿခိမ္းေျခာက္ အၾကပ္ကိုင္တဲ့ သတင္းေတြ ၾကားသိရေၾကာင္းလည္း အထူးကိ္ုယ္စားလွယ္ Patten ရဲ႕ ေသာၾကာေန႔က ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ကုလသမဂၢ အထူးကိုယ္စားလွယ္ရဲ႕ ေျပာၾကားခ်က္အေပၚ ျမန္မာစစ္အာဏာပိုင္ေတြဖက္က လတ္တေလာ တုန္႔ျပန္တာမ်ဳိးေတာ့ မရွိေသးပါဘူး။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းေတြ ေျဖရွင္းေရး ကုလသမဂၢ အေထြေထြညီလာခံက ဒီလထဲ ဆုံးျဖတ္ခ်က္ ခ်မွတ္ရာမွာေတာ့ မမွန္ကန္တဲ့ အခ်က္အလက္ေတြအေပၚ အေျခခံထားတယ္ဆိုၿပီး ျမန္မာစစ္အာဏာပိုင္ေတြက တုန္႔ျပန္ခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

[ Unicode ]

မြန်မာတပ်ဖွဲ့ဝင်တွေ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု စွပ်စွဲချက် ကုလအထူးကိုယ်စားလှယ် သတိပေး

မြန်မာနိုင်ငံမှာ ဖမ်းဆီးထားသူတွေကို အာဏာပိုင်တွေက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု စွပ်စွဲချက်တွေ ထွက်ပေါ်နေတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ ဒီလုပ်ရပ်တွေဟာ နိုင်ငံ တကာရာဇဝတ်မှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ရာ ရောက်နိုင်ကြောင်း ပဋိပက္ခတွေအတွင်း လိင်အကြမ်းဖက်မှု တားဆီးရေး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Pramila Patten က သတိပေးလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက်ကစပြီး အာဏာသိမ်းထားတဲ့ စစ်တပ်က မြန်မာပြည်သူတွေ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် လိင်မှုဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် စံနစ်တကျ ကျူးလွန်နေတာကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ပြောဆိုခဲ့တယ်လို့ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျုးလွန်ကြောင်း စွပ်စွဲချက်တွေဟာ နိုင်ငံတကာ ရာဇဝတ်မှုဥပဒေကို ချိုးဖောက်ရာ ရောက်နိုင်ကြောင်း အထူးကိုယ်စားလှယ်က ပြောပါတယ်။ တိုင်းရင်းသားတွေ၊ ဘာသာခြား လူနည်းစုတွေ၊ အမျိုးသမီးတွေနဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူတွေအပေါ် တပ်မတော်သားတွေက လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတွေ ကျုးလွန်နေတယ်ဆိုတဲ့ သတင်းတွေအပေါ် အထူးစိုးရိမ်ကြောင်းလည်း ပြောခဲ့ပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Dujarric က ပြောသွားတာပါ။

အချိန်မတော် နေအိမ်တွေမှာ ဝင်ရောက်စီးနင်းရှာဖွေတာ၊ တရားလက်လွတ်ဖမ်းဆီးတာ၊ အသွားအလာ တားမြစ်ပိတ်ပင်တာ၊ ဖမ်းဆီးထားစဉ် နှိပ်စက်မှုတွေ သေဆုံးရမှုတွေရှိနေတာ၊ ပြည်သူတွေ ဘေးလွတ်ရာခိုလှုံနေတဲ့ နေရာတွေ၊ ထွက်ပြေးပုန်းရှောင်နေတဲ့ နေရာတွေကို တိုက်ခိုက်တာ၊ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နေရာတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေရှိတယ်ဆိုတဲ့ သတင်းတွေ၊ အထူးသဖြင့် အဓမ္မအကျင့်ခံရတာ၊ နှိပ်စက်တာ၊ ကိုယ်ထိလက်ရောက်ရော၊ နှုတ်နဲ့ပါ ခြိမ်းခြောက် အကြပ်ကိုင်တဲ့ သတင်းတွေ ကြားသိရကြောင်းလည်း အထူးကိုယ်စားလှယ် Patten ရဲ့ သောကြာနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ပြောကြားချက်အပေါ် မြန်မာစစ်အာဏာပိုင်တွေဖက်က လတ်တလော တုန့်ပြန်တာမျိုးတော့ မရှိသေးပါဘူး။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေ ဖြေရှင်းရေး ကုလသမဂ္ဂ အထွေထွေညီလာခံက ဒီလထဲ ဆုံးဖြတ်ချက် ချမှတ်ရာမှာတော့ မမှန်ကန်တဲ့ အချက်အလက်တွေအပေါ် အခြေခံထားတယ်ဆိုပြီး မြန်မာစစ်အာဏာပိုင်တွေက တုန့်ပြန်ခဲ့ဖူးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG