သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်များပြန်ရေး ကုလ လုံခြုံရေးကောင်စီ အလေးပေးဆွေးနွေး


Women in black clothing with their mouths sealed with a tape walk down the street with white roses in Minsk as they protest against the verdict against the Belarusian journalist and doctor who were sentenced to jail.
Women in black clothing with their mouths sealed with a tape walk down the street with white roses in Minsk as they protest against the verdict against the Belarusian journalist and doctor who were sentenced to jail.

ရခိုင်မြောက်ပိုင်းကြောင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံဖက် ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံထဲ ဂုဏ်သိက္ခာရှိရှိပြန်လာပြီး ဘေးကင်းစွာနေထိုင်နိုင်ရေးအတွက် မြန်မြန်သွက်သွက်ဆောင်ရွက်ဖို့နဲ့ ပြီးခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျကျ နန စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ မြန်မာနိုင်ငံရောက်နေတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သံတမန်အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ကုလ လုံခြုံရေးကောင်စီအဖွဲ့ကိုယ်စား ပီရူး၊ ပိုလန်၊ ကူဝိတ်နဲ့ ဗြိတိန်သံအမတ်တွေက နှစ်ရက်ကြာမြန်မာခရီးစဉ်နဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲကို ဒီနေ့ညနေပိုင်း နေပြည်တော်မှာ ခပ်တိုတို တုတ်တုတ် ပြုလုပ်ပြောဆိုသွားတာပါ။ ဒုက္ခသည်တွေ နေရပ်ပြန်နို်င်ရေးကိစ္စကို အလေးပေး ပြောခဲ့ကြသလို၊ အခု ခရီးစဉ်ဟာ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာအစိုးရကို အကူအညီပေးဖို့ လာရောက်တာဖြစ်တယ်ဆိုတာကိုလည်း အသေအချာ ထပ်မံ ပြောဆိုပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ နိုင်ငံတကာစံနှုန်းစံထားအတိုင်းဖြစ်ဖို့သလို၊ NVC ကဒ် ထုတ်ပေးနေတဲ့ လက်ရှိ လုပ်ငန်းစဉ်မှာတော့ ဒုက္ခသည်တွေအတွက် လက်မခံနိုင်စရာ အခြေအနေအချို့ရှိနေတယ်လို့ ကူဝိတ်သံအမတ်ကြီးကပြောပါတယ်။ အဓိက အချက်ကတော့ ကန့်သတ်မှုတွေရှိနေတာကို ထောက်ပြပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေ ပြန်လက်ခံရေးလုပ်ငန်းစဉ်မှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေ ပါဝင်နိုင်ရေးအတွက် မြန်မာအစိုးရနဲ့ အပြန်အလှန် သဘောတူလက်မှတ်ထိုးကြမယ့် အခြေအနေကိုလည်း သူတို့ စောင့်ကြည့်သွားမယ်လို့ဆိုပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ သံတမန်ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့တုန်းက နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပု၈္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့နဲ့ သီးခြားစီတွေ့ဆုံသလို၊ အရပ်ဖက်လူမှုအဖွဲ့အစည်းအချို့နဲ့လည်း တွေ့ခဲ့ပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာတော့ ရခိုင်ပြည်နယ်သွားပြီး စစ်တွေမှာ ရခိုင်အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG