သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ ဟာ ကုလ ကယ်ဆယ်ရေးဝန်ထမ်းတွေ သေဆုံးမှုအများဆုံးနှစ်ဖြစ်


UN ကူညီကယ်ဆယ်ရေးဝန်ထမ်းတဦးက ဂါဇာက ဒဏ်ရာရ ပါလက်စတိုင်းတဦးကို ကယ်ဆယ်ရေးလုပ်နေစဥ်။ (နိုဝင်ဘာ ၂၅၊ ၂၀၂၃)
UN ကူညီကယ်ဆယ်ရေးဝန်ထမ်းတဦးက ဂါဇာက ဒဏ်ရာရ ပါလက်စတိုင်းတဦးကို ကယ်ဆယ်ရေးလုပ်နေစဥ်။ (နိုဝင်ဘာ ၂၅၊ ၂၀၂၃)

၂၀၂၄ ခုနှစ်ဟာ မှတ်တမ်းစတင်ပြုစုတဲ့ ၁၉၉၇ ခုနှစ်ကစလို့ ကူညီ ကယ်ဆယ်ရေးဝန်ထမ်းတွေ သေဆုံးမှု အများဆုံးနှစ်ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးရုံးက ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပြီး အများစုဟာ ဂါဇာပဋိပက္ခမှာ သေဆုံးကြတာလို့ ဆိုပါတယ်။​

အခု ၂၀၂၄ ခုနှစ်အတွင်း ကူညီ ကယ်ဆယ်ရေးဝန်ထမ်း ၂၈၁ သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး ဝန်ထမ်းများဆိုင်ရာ မှတ်တမ်း ပြုရေးဌာနက ပြောပါတယ်။ မနှစ် ၂၀၂၃ ခုနှစ်တုန်းကတော့ ၂၈၀ သေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။​ အခုနှစ်အတွင်း သိမ်းပိုက်ခံထားရတဲ့ ပါလက်စတိုင်းဒေသနဲ့ ဂါဇာတို့မှာတင် ၁၇၈ ဦး သေဆုံးခဲ့တာကြောင့် ကုလသမဂ္ဂအတွက် သေဆုံးမှု အများဆုံးနှစ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဆူဒန်နိုင်ငံမှာလည်း ၂၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူ အများစုဟာ ကုလသမဂ္ဂက ခန့်ထားတဲ့ ဌာနေဝန်ထမ်းတွေဖြစ်ပြီး နိုင်ငံတကာဝန်ထမ်း ၁၃ ဦးသာ ပါဝင်တယ်လို့ ဆိုပါတယ်။

ကူညီကယ်ဆယ်ရေးဝန်ထမ်းတွေကို နိုင်ငံတကာဥပဒေက အကာကွယ်ပေးထားပေမယ့် နောင်မှာ တိုင်းပြည်တွေထဲ ဝင်ရောက်လုပ်ဆောင်ခွင့် ပိတ်ပင်ခံရမှာစိုးတဲ့အတွက် ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေးအရေးယူဖို့ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။​

အခုလို အကြမ်းဖက်ခံရမှုတွေက ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘဲ ကုလသမဂ္ဂရဲ့ ကူညီ ကယ်ဆေးရေးလုပ်ငန်းတွေကိုထိခိုက်စေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာမှုနဲ့ အရေးပေါ် ကူညီကယ်ရေးဌာန အကြီးအကဲ Tom Fletcher က ပြောပါတယ်။

၂၀၂၄ ဟာ ကုလ ကယ်ဆယ်ရေးဝန်ထမ်းတွေ သေဆုံးမှုအများဆုံးနှစ်ဖြစ်
 
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG