သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႀကိဳတင္သပ္မွတ္ခ်က္မပါပဲ ေျမာက္ကိုရီယားနဲ႔ ေဆြးေႏြးဖို႔အသင့္ရွိ - (ကန္အထူးကိုယ္စားလွယ္)


ဆိုးလ္ျမိဳ ့သံုးပြင့္ဆိုင္ေဆြးေႏြးပြဲမွာ ေတြ ့ရတဲ့ ေျမာက္ကိုရီးယားဆိုင္ရာ အေမရိကန္ အထူးကိုယ္စားလွယ္ Sung Kim (ဓတာ္ပံု- Reuters)

(Zawgyi/Unicode)

အေမရိကန္ဖက္က ေျမာက္ကိုရီးယားနဲ႔ အခ်ိန္မေရြး၊ ေနရာမေရြး၊ ႀကိဳတင္သပ္မွတ္ခ်က္ေတြမပါဘဲ ေဆြးေႏြးလိုေၾကာင္း ေျမာက္ကိုရီးယားဆုိင္ရာ အေမရိကန္အထူးကိုယ္စားလွယ္ Sung Kim က တနလၤာေန႔ မွာ ကမ္းလွမ္းလိုက္ပါတယ္။

ေတာင္ကိုရီးယားကို သြားတဲ့ သူ႔ရဲ႕၅ ရက္ၾကာခရီးစဥ္အတြင္းမွာ အေမရိကန္အထူးကိုယ္စားလွယ္က အခုလို ေျပာလိုက္တာပါ။

“အေရးအႀကီးဆုံးကေတာ့ ကိုရီးယားကၽြန္းဆြယ္ကို ႏ်ဴကလီယားကင္းမဲ့ဇုန္ျဖစ္လာေရးအတြက္ သံတမန္နည္းလမ္း ေတြနဲ႔ ေဆြးေႏြးပြဲေတြကတဆင့္ အထေျမာက္ေအာင္ေဆာင္ရြက္ေရး ႏွစ္ႏုိင္ငံသေဘာတူထားတဲ့ ကတိကဝတ္ကို ထပ္ေလာင္းအတည္ျပဳခဲ့ပါတယ္။ ေဆြးေႏြးပြဲေတြျပန္စေရး ျပင္ဆင္မႈနဲ႔ပတ္သက္လို႔ မၾကာေသးခင္က ေျမာက္ကိုရီးယားကထုတ္ျပန္တဲ့ေၾကညာခ်က္ကိုလည္း က်ေနာ္တို႔သတိထားမိပါတယ္။ မၾကာခင္ေတြ႔ဆံုေဆြးေႏြးဖို႔ က်ေနာ္တုိ႔ရဲ႕ကမ္းလွမ္းခ်က္အတြက္ အျပဳသေဘာပါတဲ့ တုံ႔ျပန္မႈရဖို႔ကိုလည္း ေမွ်ာ္လင့္ပါတယ္။” လို႔သူ က ေျပာပါတယ္။

အေမရိကန္အစိုးရရဲ႕ ေျမာက္ကိုရီးယားအေပၚခ်ဥ္းကပ္မႈဆုိင္ရာသံုးသပ္ခ်က္နဲ႔ပတ္သက္လို႔ ေျမာက္ ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအြန္းက “အျပန္အလွန္ေဆြးေႏြးမႈေရာ၊ ထိပ္တုိက္ရင္ဆုိင္မႈအတြက္ပါ ျပင္ဆင္” ထားၾကရမယ္လို႔ ၿပီးခ့ဲတဲ့သီတင္းပတ္အတြင္း တုံ႔ျပန္ေျပာၾကားခ်က္ထြက္ေပၚလာခဲ့ၿပီး ေနာက္ မွာ အခုလို မစၥတာ ဆြန္းကင္မ္က ေျပာၾကားလိုက္တာပါ။

တားျမစ္ထားတဲ့ ႏ်ဴကလီယားနဲ႔ဒံုးလက္နက္အစီအစဥ္ေတြကို စြန္႔လႊတ္လာဖို႔ ေျမာက္ကိုရီးယားကို ေဖ်ာင္းျဖရာမွာ ဘုိင္ဒန္အစိုးရက သံတမန္နည္းလမ္းေတြအပါအဝင္ လက္ေတြ႔က်ၿပီး တိက်မွန္ကန္တဲ့ခ်ဥ္းကပ္နည္းနဲ႔ ေဆာင္ရြက္သြားမယ္လို႔ အေစာပိုင္းက ကတိေပးခဲ့တာျဖစ္ပါတယ္။

အခ်ိန္မေရြး၊ ေနရာမေရြး ႀကိဳတင္သတ္မွတ္ခ်က္ မရွိတဲ့ ေဆြးေႏြးပြဲ က်င္းပေရး က်ေနာ္တို႔ ကမ္းလွမ္းမႈကို ေျမာက္ကိုရီးယားဘက္က အျပဳသေဘာေဆာင္တဲ့တုံ႔ျပန္မႈေပးမယ္လို႔ က်ေနာ္တို႔ဆက္ၿပိးေမွ်ာ္လင့္ေနပါတယ္လို႔ ေတာင္ကိုရီးယားႏုိင္ငံကို သြားတဲ့ ၅ ရက္ၾကာခရီးအစဥ္အတြင္းမွာ အေမရိကန္အထူးကိုယ္စားလွယ္ ကင္မ္ က အခုလို ေျပာခဲ့တာျဖစ္ပါတယ္။

...................................................................................

ကြိုတင်သပ်မှတ်ချက်မပါပဲ မြောက်ကိုရီယားနဲ့ ဆွေးနွေးဖို့အသင့်ရှိ - (ကန်အထူးကိုယ်စားလှယ်)

(Unicode)

အမေရိကန်ဖက်က မြောက်ကိုရီးယားနဲ့ အချိန်မရွေး၊ နေရာမရွေး၊ ကြိုတင်သပ်မှတ်ချက်တွေမပါဘဲ ဆွေးနွေးလိုကြောင်း မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Sung Kim က တနင်္လာနေ့ မှာ ကမ်းလှမ်းလိုက်ပါတယ်။

တောင်ကိုရီးယားကို သွားတဲ့ သူ့ရဲ့၅ ရက်ကြာခရီးစဉ်အတွင်းမှာ အမေရိကန်အထူးကိုယ်စားလှယ်က အခုလို ပြောလိုက်တာပါ။

“အရေးအကြီးဆုံးကတော့ ကိုရီးယားကျွန်းဆွယ်ကို နျူကလီယားကင်းမဲ့ဇုန်ဖြစ်လာရေးအတွက် သံတမန်နည်းလမ်း တွေနဲ့ ဆွေးနွေးပွဲတွေကတဆင့် အထမြောက်အောင်ဆောင်ရွက်ရေး နှစ်နိုင်ငံသဘောတူထားတဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ပါတယ်။ ဆွေးနွေးပွဲတွေပြန်စရေး ပြင်ဆင်မှုနဲ့ပတ်သက်လို့ မကြာသေးခင်က မြောက်ကိုရီးယားကထုတ်ပြန်တဲ့ကြေညာချက်ကိုလည်း ကျနော်တို့သတိထားမိပါတယ်။ မကြာခင်တွေ့ဆုံဆွေးနွေးဖို့ ကျနော်တို့ရဲ့ကမ်းလှမ်းချက်အတွက် အပြုသဘောပါတဲ့ တုံ့ပြန်မှုရဖို့ကိုလည်း မျှော်လင့်ပါတယ်။” လို့သူ က ပြောပါတယ်။

အမေရိကန်အစိုးရရဲ့ မြောက်ကိုရီးယားအပေါ်ချဉ်းကပ်မှုဆိုင်ရာသုံးသပ်ချက်နဲ့ပတ်သက်လို့ မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက “အပြန်အလှန်ဆွေးနွေးမှုရော၊ ထိပ်တိုက်ရင်ဆိုင်မှုအတွက်ပါ ပြင်ဆင်” ထားကြရမယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တုံ့ပြန်ပြောကြားချက်ထွက်ပေါ်လာခဲ့ပြီး နောက် မှာ အခုလို မစ္စတာ ဆွန်းကင်မ်က ပြောကြားလိုက်တာပါ။

တားမြစ်ထားတဲ့ နျူကလီယားနဲ့ဒုံးလက်နက်အစီအစဉ်တွေကို စွန့်လွှတ်လာဖို့ မြောက်ကိုရီးယားကို ဖျောင်းဖြရာမှာ ဘိုင်ဒန်အစိုးရက သံတမန်နည်းလမ်းတွေအပါအဝင် လက်တွေ့ကျပြီး တိကျမှန်ကန်တဲ့ချဉ်းကပ်နည်းနဲ့ ဆောင်ရွက်သွားမယ်လို့ အစောပိုင်းက ကတိပေးခဲ့တာဖြစ်ပါတယ်။

အချိန်မရွေး၊ နေရာမရွေး ကြိုတင်သတ်မှတ်ချက် မရှိတဲ့ ဆွေးနွေးပွဲ ကျင်းပရေး ကျနော်တို့ ကမ်းလှမ်းမှုကို မြောက်ကိုရီးယားဘက်က အပြုသဘောဆောင်တဲ့တုံ့ပြန်မှုပေးမယ်လို့ ကျနော်တို့ဆက်ပြိးမျှော်လင့်နေပါတယ်လို့ တောင်ကိုရီးယားနိုင်ငံကို သွားတဲ့ ၅ ရက်ကြာခရီးအစဉ်အတွင်းမှာ အမေရိကန်အထူးကိုယ်စားလှယ် ကင်မ် က အခုလို ပြောခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG