သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါအဝင် ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နိုင်ငံတွေမှာ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချဖို့ ကုလတိုက်တွန်း

မြန်မာအပါအဝင် ဖွံ့ဖြိုးမှုအနည်းဆုံး ၄၅ နိုင်ငံပြမြေပုံ။ (Crd: UNCTAD.org)
မြန်မာအပါအဝင် ဖွံ့ဖြိုးမှုအနည်းဆုံး ၄၅ နိုင်ငံပြမြေပုံ။ (Crd: UNCTAD.org)

မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးမှု အနည်းဆုံး LDC လို့ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ၄၅ နိုင်ငံမှာ ကာဗွန်ဈေးကွက် ခေါ်ဖန်လုံအိမ်ဓါတ်ငွေ့ လျှော့ချတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး အစီအစဉ်တွေနဲ့ ပူးတွဲလုပ်ဆောင်ဖို့ ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ (UNCTAD) က မနေ့က အစီရင်ခံစာ ထုတ်ပြန် တိုက်တွန်းပါတယ်။

ရာသီဥတုဖေါက်ပြန်ပြောင်းလဲမှုတွေနဲ့ ငွေကြေးပံ့ပိုးရေး အကျပ်အတည်းတွေ ကြုံနေရချိန်မှာ ကာဗွန်ဈေးကွက်၊ ကာဗွန်ဝန်ဆောင်မှုနဲ့ ဂေဟစနစ် ဖွံ့ဖြိုးရေး အထောက်အကူပြု စီးပွားလုပ် လုပ်ငန်းတွေလုပ်ကိုင်ဖို့ အစီရင်ခံစာမှာ တိုက်တွန်းထားတာပါ။ ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့နဲ့ ဖန်လုံအိမ် အာနိသင်ဓါတ်ငွေ့ အကန့်အသတ်နဲ့ထုတ်လုပ်ပြီး ရောင်းဝယ်နိုင်ခွင့်ရှိတဲ့ Carbon Credit နဲ့ ခွင့်ပြုတာဟာ ကမ္ဘာပေါ်က ထိခိုက်နိုင်ခြေအရှိဆုံးနဲ့ အနိမ့်ကျဆုံးစီးပွားရေးလုပ်ငန်းတွေကိုဖွံ့ဖြိုးအောင်မြှင့်တင်ပေးနိုင်မယ်လို့ အစီရင်ခံစာကရေးသားထားပါတယ်။

လွန်ခဲ့တဲ့ ၅၁ နှစ်ကစပြီး ကမ္ဘာ့ပေါ်မှာဖွံ့ဖြိုးမှုအနည်းဆုံး ၂၅ နိုင်ငံကို ကုလသမဂ္ဂက သတ်မှတ်ခဲ့ပါတယ်။ အစမှာ ၂၅နိုင်ငံပဲရှိခဲ့ပေမဲ့ ၁၉၉၁ ခုနှစ်မှာ ၅၂ နိုင်ငံအထိ အများဆုံးဖြစ်ခဲ့ပါတယ်။ လက်ရှိ ၄၅ နိုင်ငံကျန်နေပြီး မြန်မာနိုင်ငံကတော့၁၉၈၇ ခုနှစ်ကတည်းက ဖွံဖြိုးမှုအနည်းဆုံး LDC နိုင်ငံအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။

This item is part of

Forum

XS
SM
MD
LG