သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း စံခရဘူရီမြို့နယ်တွင်း အထောက်အထားမဲ့မြန်မာ ၅၀ ဖမ်းဆီးမိ


ထိုင်းနိုင်ငံကမ်ချနဘူရီ ခရိုင်ထဲ ခိုးဝင်လာတဲ့ မြန်မာတွေကို ထိုင်းရဲတပ်ဖွဲ့က ထိန်းသိမ်းထားစဉ် (ဒီဇင်ဘာ ၃၊ ၂၀၂၄)
ထိုင်းနိုင်ငံကမ်ချနဘူရီ ခရိုင်ထဲ ခိုးဝင်လာတဲ့ မြန်မာတွေကို ထိုင်းရဲတပ်ဖွဲ့က ထိန်းသိမ်းထားစဉ် (ဒီဇင်ဘာ ၃၊ ၂၀၂၄)

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသကနေ လာပြီး ထိုင်းနိုင်ငံကမ်ချနဘူရီ ခရိုင် စံခရဘူရီမြို့နယ်ထဲဝင်ရောက်လာတဲ့တရားမဝင် မြန်မာ ၅၀ကို ဒီဇင်ဘာ ၃ရက်နေ့ တညထဲမှာပဲဖမ်းမိတယ်လို့ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ကမ်ချနဘူရီ ခရိုင်စံခရဘူရီမြို့နယ်ထဲကို တရားမဝင်မြန်မာတွေအစုအဝေးနဲ့ဝင်ရောက်လာမယ်လို့ကြိုတင်သတင်းရတဲ့အတွက် ထိုင်းအာဏာပိုင်တွေက နောင်လူစစ်ဆေးရေးဂိတ်မှာစောင့်နေကြတာပါ။ ဒီဇင်ဘာလ ၃ ရက်နေ့ ညပိုင်းမှာ ဝင်လာတဲ့မြန်မာ ၃၀ ပါတဲ့အိမ်စီးကားတစီး နဲ့ နောက်ထပ် မြန်မာ၂၀ ပါတဲ့ကားကို ဖမ်းမိခဲ့တာဖြစ်ကြောင်းအလုပ်သမားရေးလှုပ်ရှားသူဦးမိုးကြိုးကအခုလိုပြောပါတယ်။

"ကားတားဆီးတာကိုရပ်မပေးပဲအတင်းမောင်းပြေးတဲ့အတွက် နောက်ကပိုက်စိတ်တိုက်လိုက်တော့ တရားမဝင်မြန်မာ ၃၀ အစုတစုကိုဖမ်းမိတယ် အမျိုးသားက အယောက် ၂၅ယောက်အမျိုးသမီး ၅ယောက်ပါတယ် ။ နောက် ဒီဇင်ဘာလ ၃ရက်နေ့ ညဘက်မှာပဲ အခြားယဉ်တစီးမှာပဲ အိမ်စီးကား ၁စီးကိုထပ်ဖမ်းမိတယ် အဲဒီမှာတော့အမျိုးသားက ၁၂ယောက် အမျိုးသမီးကတော့ ၈ယောက်ပါတယ် ၃ရက်နေ့ တရက်တည်းနဲ့ အယောက် ၃၀ တစု ၂၀ တစုကိုဖမ်းမိတော့ တရားမဝင်မြန်မာတွေကို ထိုင်းလ၀ကဥပဒေနဲ့အရေးယူဖို့စံခရဘူရီရဲစခန်းက စီစဉ်လုပ်ဆောင်နေပါတယ်"

အခုဆိုရင် ၃ရက်အတွင်း ထိုင်းမြောက်ပိုင်း တောင်ပိုင်း စတဲ့ ဒေသဘက်မှာဖမ်းမိတဲ့ မြန်မာ ၂၀၀ လောက်ရှိပြီလို့ဆိုပါတယ်။

"ဒီဇင်ဘာ ၁ရက်နေ့ ၂ရက်နေ့ ၃ရက်နေ့တွေမှာဖမ်းမိသူစုပေါင်းရင် အယောက် ၂၀၀လောက်ရှိတယ် ပြီးခဲ့တဲ့ ၁၁လအတွင်းဆို တရားမဝင်မြန်မာ ၇ထောင်လောက်ဖမ်းမိတယ်"

မြန်မာနိုင်ငံမှာအလုပ်အကိုင်ရှားပါးမှု ဝင်ငွေထွက်ငွေ မမျှမှု စစ်မှုထမ်းရမှာကြောက်ရွံ့မှု၊ အိုးအိမ်တွေ မီးရှို့ခံရတာတွေ စတဲ့ အခက်အခဲတွေကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံထဲကိုမြန်မာတွေအစုအဝေးနဲ့ဝင်ရောက်လာနေတာဖြစ်ပါတယ်ရှင်။

ထိုင်း စံခရဘူရီမြို့နယ်တွင်း အထောက်အထားမဲ့မြန်မာ ၅၀ ဖမ်းဆီးမိ
please wait

No media source currently available

0:00 0:01:49 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG