သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNFC တပ်ပေါင်းစုကနေ မွန်ပြည်သစ်ပါတီ နုတ်ထွက်မည်


မွန်ပြည်သစ်ပါတီရဲ့ တပ်ဖွဲ့ဝင်များ
မွန်ပြည်သစ်ပါတီရဲ့ တပ်ဖွဲ့ဝင်များ

မြန်မာအစိုးရနဲ့NCAလက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီဟာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ UNFC တပ်ပေါင်းစုကနေ နုတ်ထွက်ပြီး ဆက်စပ်အဖွဲ့အစည်းအဖြစ်သာပါဝင်သွားမယ်လို့ ပါတီထိပ် ပိုင်း ခေါင်းဆောင်တွေကပြောတယ်။ မွန်ပြည်သစ်ပါတီဟာ NCAလက်မှတ်ရေးထိုး ထားတာကြောင့် UNFC ထဲမှာ ရှိနေရင် စည်းကမ်း အတိုင်း လိုက်နာဆောင်ရွက် ဖို့ခက်ခဲလာတဲ့အနေအထားကြောင့်နုတ်ထွက်တယ်လို့ဆိုပါတယ်။ထိုင်းအခြေစိုက်ဗွီအိုအေ သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပို့ထား ပါတယ်။

မွန်ပြည်သစ်ပါတီဟာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တပ်ပေါင်းစု ကနေ နုတ် ထွက်တော့မယ် လို့ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်က မွန်ဘာသာနဲ့ အခုလိုပြောကြားခဲ့ပါတယ်။

ဥက္ကဌ နိုင်ထောမွန် ပြောသွားတာကတော့" တို့ရဲ့ဗဟိုကော်မီတီအစည်းအဝေးမှာ ဆုံးဖြတ်ချက်ချထားတယ်။ ဆက်စပ်အဖွဲ့အစည်းအဖြစ်သာပါဝင်သွားမယ်။ တပ်ပေါင်းစုကနေနှုတ်ထွက်မယ်။ UNFCညီလာခံကျရင် ကျွန် တော်တို့နုတ်ထွက်ပြီး ဆက်စပ်အဖွဲ့အစည်းအနေနဲ့ဘဲနေသွားမယ်။ အားလုံးပြေလည်ဖို့ပေါ့။ NCAကိုလဲ ကျွန် တော်တို့လျှောက်လှမ်းရမယ်။အခုကျွန်တော်တို့လက်မှတ်ရေးထိုးပြီးတဲ့အနေအထားကြောင့် ပုံစံတမျိုးနဲ့ နေသင့်တယ်လို့ကျွန်တော်တို့ယူဆတယ်" ဆိုပြီးပြောဆိုခဲ့တာပါ။

မွန်ပြည်သစ်ပါတီအနေနဲ့ UNFC တပ်ပေါင်းစုကနေ ဘာကြောင့်နုတ်ထွက် ရတယ်ဆိုတာနဲ့ပက်သက်လို့ မွန်ပြည် သစ်ပါတီဥက္ကဌနဲ့တွေ့ဆုံမေးမြန်းခဲ့တဲ့ မွန်သတင်းအေဂျင်စီအယ်ဒီတာ နိုင်ဗညားအောင်ကအခုလိုပြောပါတယ်။

"သူပြောတာက NCAထိုးပြီးတဲ့အဖွဲ့တွေအနေနဲ့ NCAမှာပါတဲ့ အတိုင်းကိုသူတို့က လိုက်နာဆောင်ရွက်သွားရမယ်။ UNFCအနေနဲ့ NCAမထိုးရတဲ့အတွက်ကြောင့် သူက ဘာမှလဲတာဝန်ခံဖို့မလိုပါဘူး။ သူတို့အနေနဲ့ UNFCမှာ ပါနေ တဲ့အတွက်ကြောင့် တော်တော်လေးကိုနှစ်ခွဖြစ်နေယ်။ လုပ်ရကိုင်ရတာလဲ သူ့အနေနဲ့ခက်တာပေါ့။ "

လက်ရှိ UNFC အဖွဲ့အတွင်းမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPPနဲ့ ANC ရခိုင်အမျိုးသားကောင်စီတို့ဟာ NCAလက်မှတ် မရေးထိုးနိုင်သေးတဲ့အခြေအနေကြောင့် NCA စာချုပ်ပါ သဘောတူညီချက်အတိုင်း တာဝန်ခံရမှာ ဖြစ်တဲ့အတွက် မွန်ပြည်သစ် အနေနဲ့ တပ်ပေါင်းစုနဲ့ ချိတ်ဆက်ဆောင်ရွက်ရာမှာ ချင့်ချိန်စရာတွေရှိလာ လို့ UNFC ကနေနုတ်ထွက်ရတယ်လို့ ဥက္ကဌနိုင်ထောမွန်ကပြောပါတယ်။

မွန်ပြည်သစ်ပါတီဟာ UNFCအဖွဲ့အတွင်းနုတ်ထွက်ကြောင်း တင်ပြထားပြီးဖြစ်သလို လာမဲ့ UNFCအဖွဲ့ညီလာခံမှာ အတည်ပြုဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီဟာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ်လက်မှတ်ရေးထိုး ထားပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပိုင်းမှာ တစ်ဆို့နေဆဲလို့ နိုင်ထောမွန်က မွန်ဘာသာနဲ့ ဆက်ပြောပါတယ်။

"ကျနော်တို့အနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားလို့ NCA လက်မှတ်ရေးထိုးခဲ့ပါပြီ၊ လက်မှတ်ထိုးပြီးတော့ အာဏာတော်တော်ရှိတဲ့တပ်မတော်နဲ့ စကားပြောရပါတယ်၊ အစိုးရကိုလည်း သူတို့ သိပ်ပြီးအမှတ်ပေးချင်ပုံမပေါ်ဘူး၊ ဆိုလို့ရှိရင် ကျနော်တို့တပ်ဖွဲ့တွေ အခြေချခဲ့တဲ့ ဇီးနှစ်ပင်ဂိတ်လိုမျိုး ကျနော်တို့ဆီ စစ်တပ်ပြန် အပ်ပေးရမယ့်ကိစ္စက မပြီးပြတ်သေးဘူး၊ နောက်ပြီးတော့ JMC-S လို တိုင်းဒေသကြီးနဲ့ ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေး ကော်မတီတွေမှာ မွန်ပြည်နယ် တစ်နေရာပဲပေးတယ်၊ ကျနော်တို့က ၃ နေရာရမှ အဆင်ပြေနိုင်မယ်၊ ဒါကို ကျနော်တို့တာဝန်ယူနိုင်တယ်ပြောဆိုထားပြီး ဆက်လက်ဆွေးနွေးနေတုန်းပဲ၊ ဒါပေမယ့် ခုထိမပြေလည်သေးပါဘူး။ အများအားဖြင့် တပ်နဲ့ဆိုင်တဲ့အပိုင်းတွေမှာပဲ မပြေလည်တာ၊ သူ့ဘက်ကိုယ့် ဘက် အမြင်မတူတာတွေကို ပြောဆိုဆွေးနွေးနေရတုန်းပါပဲ။"

ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်ဖေဖေါ်ဝါရီလမှာ NCA လက်မှတ်မထိုး နိုင်သေးတဲ့ မွန်ပြည်သစ်ပါတီ ကနေ ကျင်းပခဲ့တဲ့ မွန် အမျိုးသားနေ့ အခမ်းအနားမှာ စစ်ရေးပြတပ်ဖွဲ့နဲ့ မကျင်းပဖို့တပ်မတော်က တားဆီးခဲ့ပေမဲ့ မွန်ပြည်သစ်ဘက် ကလက်မခံဘဲ ကျင်းပ ခဲ့တာကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားတောင်ဂိတ်၊ သံဖြူဇရပ်မြို့နယ် ဇီးနှစ်ပင်ဂိတ် စတဲ့ မွန်အကောက် ခွန်ဂိတ်စခမ်း(၃)ခုကို ဖေဖေါ်ဝါရီ(၁၄)ရက်မှာ တပ်မတော်ဘက်ကသိမ်းဆီးခဲ့ပြီး နှစ်ဖက်ဆက် ဆံရေး တင်းမာလာတဲ့ အခြေအနေ ဖြစ်လာခဲ့ပါတယ်။

လက်ရှိ့UNFCအဖွဲ့မှာ မွန်ပြည်သစ်ပါတီကနေ ဥက္ကဌအဖြစ်တာဝန်ယူနေတာပါ။ မွန်ပြည်သစ်ပါတီအနေနဲ့UNFCအဖွဲ့ကနေနှုတ်ထွက်တဲ့အပေါ် မွန်သတင်းအေဂျင်စီအယ်ဒီတာ နိုင်ဗညားအောင် က အခုလိုအမြင်ရှိနေပါတယ်။

"NCAမဖြစ်ပေါ်ခင်မှာကျတော့ UNFCအနေနဲ့ကျတော့ သူကတော်တော်လေးကိုအရေးပါတဲ့နေရာရောက်လာတာပေါ့။ ဒါပေမဲ့ NCAလဲဖြစ်သွားပြီးရော အခင်းအကျင်းက ပြောင်းသွားတယ်။ အဲဒီလိုပါဘဲ။"

မွန်ပြည်သစ်ပါတီကနေUNFCအဖွဲ့ကနုတ်ထွက်တဲ့အပေါ် ဘယ်လို သဘောထား ရှိကြောင်း UNFCအဖွဲ့ တာဝန်ရှိသူ တွေ ကိုဆက်သွယ်ခဲ့ပေမဲ့ဆက်သွယ်လို့မရခဲ့ပါဘူး။

မွန်ပြည်သစ်ပါတီဟာ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပြီးစီးခဲ့ပြီးဖြစ်သလို ၂၁ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေး ကို တက်ရောက်ခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီဟာ NCAလက်မှတ်ထိုးအဖွဲ့တွေနဲ့စုဖွဲ့ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ထဲဝင်ရောက်ရေးကိစ္စကို UNFCအဖွဲ့ကနေနုတ်ထွက်ပြီးမှ ဆက်လက် အကောင်အထည်ဖေါ်သွားမှာဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတဦးကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG